ထရမ့်အစိုးရက အစိုးရဝန်ထမ်း အများအပြားလျှော့ချမှုလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်း၊ တစ်ဖက်တွင် အစိုးရဝန်ထမ်းများကို “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု” အစီအစဉ်ဖြင့် ၎င်းတို့ကိုယ်တိုင် အလုပ်မှနုတ်ထွက်ရန် တွန်းအားပေးလျက်ရှိပြီး အခြားတစ်ဖက်တွင်မူ အစမ်းခန့်ကာလဝန်ထမ်းများ အား အလုပ်ရပ်နားလျက်ရှိကြောင်း အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၁၄ ရက် ဖော်ပြချက်အရ သိရသည်။ လက်ရှိတွင် ဝန်ထမ်းအရေအတွက် တစ်သောင်းကျော် အလုပ်ရပ်နားခံရပြီးဖြစ်ကာ ထိုပမာဏသည် ဆက်လက်တိုးပွားလာနိုင်ကြောင်း သိရသည်။

အစမ်းခန့်ကာလဝန်ထမ်းများသည် အလုပ်အကိုင်အာမခံမှုအစီအမံ အတန်အသင့်နည်းပါးကာ ၎င်းတို့ကို အလုပ်ခန့်အပ်သည့်ကာလမှာ အများဆုံး (၂)နှစ်ထက် မကျော်လွန်ကြောင်း အမေရိကန် မီဒီယာများကဖော်ပြသည်။ လက်ရှိတွင် ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်းတစ်သောင်းကျော် အလုပ် ရပ်နားခံရပြီးဖြစ်ကာ ၎င်းအနက် အငြိမ်းစားစစ်မှုထမ်းရေးရာဝန်ကြီးဌာနမှ လူ ၁,၀၀၀ ကျော်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ လူ ၂,၂၀၀ ခန့်၊ စွမ်းအင်ဝန်ကြီးဌာနမှ လူ ၂,၀၀၀ ခန့်၊ သစ်တောရေးရာဦးစီးဌာန (USFS)မှ လူ ၃,၄၀၀၊ အမျိုးသားကျန်းမာရေးဦးစီးဌာန(NIH)မှ လူ ၁,၅၀၀၊ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန(CDC)မှ လူ ၁,၃၀၀၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EPA)မှ လူ ၃၈၀ ကျော်တို့ ပါဝင်ကြောင်းသိရသည်။ ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ စားသုံးသူများ ဘဏ္ဍာရေး ဆိုင်ရာ ကာကွယ်ရေးဗျူရို (CFPB)စသည့် အဖွဲ့အစည်းများတွင်လည်း ဝန်ထမ်းလျှော့ချမှုများ လုပ်ဆောင်ခဲ့သည်။
ဝန်ထမ်းအများအပြားလျှော့ချမှုအစီအမံသည် အစမ်းခန့်ကာလတွင်ရှိနေဆဲ အစိုးရဝန်ထမ်းပေါင်း ၂ သိန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အမေရိကန် “The Hill” နေ့စဉ်သတင်းစာက ဖော်ပြထားသည်။
အစိုးရဝန်ထမ်းများ ကိုယ်တိုင်နုတ်ထွက်ခြင်းအား တွန်းအားပေးရန် အမေရိကန် အိမ်ဖြူတော် ဝန်ထမ်းစီမံခန့်ခွဲရေးရုံးသည် မကြာသေးမီက နုတ်ထွက်သည့် လျော်ကြေးအဖြစ် လစာငွေ ၈ လစာ ပေးသွားမည့် “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု”အစီအစဉ်ကို အီးမေးလ်မှတစ်ဆင့် ပေးပို့ခဲ့သည်။ အစိုးရဝန်ထမ်းပေါင်း ၇၅,၀၀၀ ကျော်က “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု” အစီအစဉ်ကိုလက်ခံ၍ အလုပ်မှနုတ်ထွက်ရန် သဘောတူညီပြီး ဖြစ်ကြောင်း၊ ယင်းသည် “တစ်လုံးတစ်ခဲတည်းလျော်ကြေးရယူမှု” အစီအစဉ်တောင်းဆိုချက်များနှင့် ကိုက်ညီသောဝန်ထမ်း ၂ သန်းဝန်းကျင်၏ ၄ ရာခိုင်နှုန်းမျှပင်မရှိသောကြောင့် အိမ်ဖြူတော်က သတ်မှတ်ထားသော ၅ %မှ ၁၀% အထိ ဝန်ထမ်းလျှော့ချမှု ရည်မှန်းချက်ကို မရောက်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ဝန်ထမ်းအများအပြားလျှော့ချမှုအစီအမံကြောင့် ဝါရှင်တန်တွင် ကန့်ကွက်ဆန္ဒပြမှု အကြိမ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မှီငြမ်း။Xinhua

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး “တရုတ်သီးသန့်ဆွေးနွေးပွဲ” တွင် အမှာစကားပြောကြားကာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး မေးခွန်းအပေါ် ဝမ်ယိက အမေရိကန်နိုင်ငံအပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ မူဝါဒသည် တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်မှုကို ထိန်းသိမ်းထားရာ လွယ်လင့်တကူ ပြောင်းလဲမည်မဟုတ်ကြောင်း၊ ယင်းမှာ နိုင်ငံကြီး၏ မဟာဗျူဟာတည်ငြိမ်မှုအင်အားနှင့် နိုင်ငံတကာ ဂုဏ်သိက္ခာကို ဖော်ပြခြင်းဖြစ်ကြောင်း၊ မိမိတို့၏ မူဝါဒမှာ သမ္မတရှီကျင့်ဖျင် အဆိုပြုသည့် အခြေခံ မူသုံးရပ်ဖြစ်သော အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံသည် လူမှုစနစ်ချင်းမတူညီကြကြောင်း၊ ယင်းမှာ မိမိတို့ပြည်သူများ ၏ ကိုယ်စီရွေးချယ်မှုဖြစ်ပြီး တစ်ဖက်သားအားပြုပြင်လိုခြင်း၊ ထို့ထက်မက ပြောင်းပြန်ပြောင်းလဲ လိုခြင်းမှာ လက်တွေ့မကျကြောင်း၊ မှန်ကန်သည့်သဘောထားမှာ အပြန်အလှန်လေးစားမှုဖြစ်ရာ ယင်းမှာ တရုတ်-အမေရိကန်ဆက်ဆံရေး၏ ရှေးဦးလိုအပ်ချက်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုမှာ ပို၍ပင် ဓမ္မဓိဋ္ဌာန်ကျကြောင်း၊ တရုတ်-အမေရိကန် နိုင်ငံကြီးနှစ်နိုင်ငံက ပဋိပက္ခ ဖြစ်၍မရကြောင်း၊ သို့မဟုတ်ပါက ကမ္ဘာကြီးဒုက္ခရောက်မည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှု အားဖြည့်ခြင်း၊ နားလည်မှုမြှင့်တင်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်မှုသည် နိုင်ငံတကာအသိုက်အဝန်းက တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်စေလိုမှုကြောင့်ဖြစ်ပြီး ကမ္ဘာ့စိန်ခေါ်မှုများကို တရုတ်-အမေရိကန် လက်တွဲရင်ဆိုင်ဖြေရှင်းရန် လိုအပ်သလို ယင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ထမ်းဆောင်သင့်သည့် နိုင်ငံတကာ တာဝန်ဝတ္တရားလည်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဤအခြေခံမူ ၃ ရပ်အရ အမေရိကန်နှင့် တည်ငြိမ်သော၊ ကောင်းမွန်သော၊ စဉ်ဆက်မပြတ်ရှိသော နှစ်ဖက်ဆက်ဆံရေးကို တည်ဆောက်ကာ ဤကမ္ဘာတွင် နိုင်ငံကြီး နှစ်နိုင်ငံ ဆက်ဆံသည့် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေသွားရန်အသင့်ပြင်ပြီးဖြစ်ရာ အမေရိကန် အနေဖြင့်လည်း တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူ ဆောင်ရွက်ရန်မျှော်လင့်ကြောင်း၊ သို့သော် အမေရိကန် အနေဖြင့် ထိုသို့ မဆောင်ရွက်လိုဘဲ တရုတ်နိုင်ငံကို ဖိနှိပ်၊ ဟန့်တားရန် စိတ်ပိုင်းဖြတ်ထားမည် ဆိုလျှင် မိမိတို့အနေဖြင့် အဆုံးတိုင်အဖော်လုပ်သွားမည်ဖြစ်ပြီး အမေရိကန်၏ တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို မုချမသွေ အခိုင်အမာ လက်တုံ့ပြန်သွားမည်ဖြစ်သလို တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် တရားနည်းလမ်းကျသည့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းကို မုချမသွေ အခိုင်အမာကာကွယ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဤသို့ လုပ်ဆောင်ရခြင်းမှာလည်း နိုင်ငံတကာတရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ကာကွယ်ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း၊ တရုတ်လူမျိုးများသည် မိစ္ဆာကို မယုံကြည်သလို တစ္ဆေကိုလည်းမကြောက်ရွံ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အန္တရာယ် အခက်အခဲအမျိုးမျိုးကို အောင်နိုင်ပြီးနောက် ဖွံ့ဖြိုးတိုးတက် အင်အားကြီးလာခြင်းဖြစ်ကြောင်း၊ တရုတ်တွင် “သဘာဝတရားသည် အပြောင်းအလဲများကြားတွင် ကြံ့ကြံ့ခိုင်ရပ်တည်နိုင်သလို သူကောင်းတို့သည်လည်း ထိုနည်းလည်းကောင်း မလျှော့သောဇွဲဖြင့် စဉ်ဆက်မပြတ်ရှေ့သို့တက်လှမ်းချီကြသည်” ရှေးဆိုရိုးစကားတစ်ခုရှိကြောင်း၊ “သူတစ်ပါး အင်အားကြီးမားလျှင် ကြီးမားပါစေ၊ တောင်တန်းကြီးတွင် လေပြေရူးသလိုပင်၊ သူတစ်ပါး ဆိုးသွမ်းလျှင် ဆိုးသွမ်းပါစေ၊ မြစ်ရေပြင်ကို လရောင်လင်းသလိုပင်” ဟူသော တရုတ်စကားက ထိုသဘောထားကို ပို၍ သရုပ်ဖော်နိုင်ကြောင်း၊ ယင်းမှာ တရုတ်လူမျိုးတို့၏ စိတ်နေသဘောထား၊ တရုတ်လူမျိုးတို့၏ ဂုဏ်အင်္ဂါအရည် အသွေးဖြစ်ကြောင်း၊ အရှေ့အနောက်တောင်မြောက်လေ မည်သို့ပင်မွှေနှောက်တိုက်ခတ်ပါစေ၊ တည်ငြိမ်စွာ တုန်လှုပ်မှု မရှိ ရပ်တည်နေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်များကို ရပ်ဆိုင်းထားရန် ကြိုးပမ်းမှုသည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အုပ်ချုပ်ရေးနှင့် လွတ်လပ်သော မီဒီယာအစီအစဉ်များကို ပံ့ပိုးပေးနေသည့် ဒေါ်လာသန်းပေါင်း များစွာရှိသည့် USAID အစီအစဉ်များကို လက်ခံရရှိနေသည့် ပြည်တွင်းစစ်ဒဏ်ခံနေရသော မြန်မာနိုင်ငံ လူထုအပေါ် သက်ရောက်မှု ရှိလာမည် ဖြစ်သည်။

ရန်ပုံငွေရပ်ဆိုင်းခြင်းသည် USAID အပေါ် ထရမ့်၏ ကြီးမားသော Trumpian တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းသည် အစောပိုင်း ကန့်သတ်ချက်များကို ဖော်ထုတ်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အမေရိကန်၏ ထောက်ခံမှုနှင့် လေးနှစ်ကြာ အာဏာကို ထိန်းသိမ်းထားသည့် စစ်အစိုးရအား ကျယ်ကျယ်ပြန့်ပြန့် ခုခံမှုအတွက် ရန်ပုံငွေ အထောက်အပံ့ကို အပြီးတိုင် ရပ်ဆိုင်းခြင်းလည်း ဖြစ်နိုင်ပေသည်။
သေချာသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချခဲ့သော စစ်အစိုးရကို ဆန့်ကျင်သည့် အမေရိကန်အစိုးရ၏ ကတိကဝတ်မှာ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် ရှေ့လာမည့် ကာလတွင် သံသယဖြစ်ဖွယ် ဖြစ်နေပါသည်။ ဒီအနေအထားကို လက်မခံနိုင်သူ အများအပြားက အမေရိကန်အနေဖြင့် ဒီမိုကရေစီအင်အားစုများက အာဏာရှင်အင်အားစုများကို အပြင်းအထန် တွန်းလှန်ခြင်းမျိုး ပိုမိုလုပ်ဆောင်သင့်သည်ဟု သဘောထားကြသည်။
ထိုအရေးအခင်းမှ ထရမ့်၏ ပြတ်ပြတ်သားသား နှုတ်ထွက်လိုက်ခြင်းဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ပိုမိုအရေးပါလာမည် ဖြစ်သည်။ အမှန်စင်စစ် တရုတ် နိုင်ငံသည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခအမျိုးမျိုးတွင် ဝင်ရောက်စွက်ဖက်ရန်နှင့် ၎င်း၏ ဗျူဟာမြောက် အသာစီးရအောင် ကြိုးကိုင်ရန် နည်းလမ်း၊ စွမ်းရည်နှင့် စေ့ဆော်မှုရှိသည့် တစ်ခုတည်းသော ပြည်ပ နိုင်ငံတစ်ခုဖြစ်သည်။
အခြားသော နိုင်ငံများ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စစ်အစိုးရနှင့် အတိုက်အခံများကြားဆွေးနွေးရန် “ဘုံသဘောတူညီချက် ၅ ချက်”ကို အကြံပြုခဲ့သော်လည်း အဆိုပါသဘောတူညီချက်အောက်တွင် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုသည် ထိရောက်မှုမရှိသော ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။
အာဆီယံအတွက် ၎င်း၏ အဓိကအခြေခံမူနှစ်ရပ်ဖြစ်သည့် “ဝင်ရောက်မစွက်ဖက်ရေးနှင့် အများဆန္ဒအရ” ဟူသည့်အချက်များက တားဆီးထိန်းချုပ်ထားသည်။ ထိုလမ်းကြောင်းကို ရွေးချယ်မှုကြောင့် အာဆီယံ အဖွဲ့အစည်းအနေဖြင့် ၎င်း၏ (၅၈)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများကြား နှစ်ဖက်အငြင်းပွားမှုကို မည်သည့်အခါမျှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ သကဲ့သို့ အဖွဲ့ဝင်နိုင်ငံများအတွင်း လက်နက်ကိုင် ပဋိပက္ခကိုလည်း ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ ပေ။
မည်သို့ပင်ဆိုစေကာမူ သြစတြေးလျနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်း စစ်တပ်အား ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှုမရှိသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းကို အဓိက ပံ့ပိုးပေးထားသည်။ မလေးရှား၏ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌကာလတွင် ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းရန် ကြိုးပမ်းမှုအသစ်များကို ထိုင်းနိုင်ငံထံမှ အကူအညီဖြင့်သာ ဆောင်ရွက် ရပါက ရှေ့ရောက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
တရုတ်နိုင်ငံအတွက် လုပ်ကွက်တစ်ရပ် ထားရှိခဲ့ခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ၎င်း၏ ပုံဖော်နိုင်သည့် ရေရှည်စီမံကိန်းတစ်ခုပင်ဖြစ်သည်။ စစ်ပွဲများ ဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂,၁၈၅ ကီလိုမီတာရှည်လျားသည့် နယ်စပ်ကုန်သွယ်ရေးတစ်လျှောက် အရှိန်အဟုန် မြင့်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏ Belt and Road Initiative လက်အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အစီအစဉ်အရ ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် မြန်မာနိုင်ငံ၏ မော်တော် ကားလမ်းများ၊ မီးရထားလမ်းများနှင့် အဓိကဆိပ်ကမ်းတစ်ခု အဆင့်မြှင့်တင်ရန် အစီအစဉ်များသည် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပိုမိုအရှိန်အဟုန် မြင့်မားစေမည်ဖြစ်သည်ကို နောက်ဆုံးတွင် သဘောပေါက် လာမည် ဖြစ်သည်။
သို့သော်လည်း တရုတ်သည် မြန်မာနိုင်ငံအတွင်း ရှုပ်ထွေးသော လှည့်ကွက်နှစ်မျိုးဖြင့် ကစားနေပါသည်။ တဖက်တွင်လည်း စစ်အေးတိုက်ပွဲအတွင်း တရုတ်အစိုးရက ကျောထောက် နောက်ခံပြုခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီကို ဆက်ခံသည့် တရားဝင်ကြားနေ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အား လက်နက်များ ပေးအပ်ထားပြီး ယခုအခါ နိုင်ငံ၏ အကြီးဆုံး လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ဖြစ်လာကာ တပ်မတော်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ များထံ တရုတ်လက်နက်များကို လွှဲပြောင်းပေးအပ်လျက်ရှိသည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် မြန်မာအစိုးရများအား ကျောထောက်နောက်ခံ ပြုပေးခဲ့ပါသည်။ နိုင်ငံရေးပွင့်လင်းမှုနှင့် ဒီမိုကရေစီစနစ်ကို အတိုင်းအတာတစ်ခုအထိ ကျင့်သုံးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ကာလ၌ မြန်မာတပ်မတော်အရာရှိကြီးများသည် အမေရိကန်၊ အနောက်နိုင်ငံများနှင့် အလိုက်အထိုက် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်အာဏာထိန်းလိုက်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ ပြန်လှည်ဦးလှည့်သွားခဲ့သည်။ ၂၀၂၁ ခုနှစ်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပြစ်တင်ရှုတ်ချမှု၊ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပေသည်။
သေချာသည်မှာ တော်လှန်ရေးတပ်အများစု၏ ဦးတည်ချက်ဖြစ်သော ခိုင်မာသော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းရေးကို တရုတ်နိုင်ငံက စိတ်ဝင် စားခြင်း မရှိပေ။ မြန်မာနိုင်ငံသည် စစ်ပွဲများနှင့်လုံးလည်လိုက်ကာ အားနည်းနေသမျှ ကာလပတ်လုံး တရုတ်သည် တစ်ဖက်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လိုသလိုကိုင်တွယ်ကစားခြင်း၊ အခြားတစ်ဖက်တွင် UWSA မှတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအတွက် သွယ်ဝိုက်သော ပံ့ပိုးကူညီမှုကို လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ အစဉ်အလာ ကစားနည်းဖြစ်သော “ဆုပေးဒဏ်ပေး စနစ်”ကို ကျင့်သုံးနိုင်မည် ဖြစ်သည်။
အဆိုပါအချက်သည် ပြဆိုနေသည်မှာ နယ်စပ်ဒေသများတွင် ပြင်းထန်သော မတည်မငြိမ်မှုများကြောင့် စစ်ဘေးဒုက္ခသည်များ အစုလိုက်အပြုံလိုက် နယ်စပ်ဖြတ်ကျော်မှုများကို ဖြစ်စေနိုင်ခြင်းနှင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများအတွက် အဓိကထွက်ပေါက်ကို ပံ့ပိုးပေးသည့် အကျိုးအမြတ်များသော နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခကို ထိန်းမနိုင်သိမ်းမရအဖြစ်သို့ မရောက်စေလိုခြင်းပင်ဖြစ်သည်။
အလားတူပင် ဥပဒေစိုးမိုးမှုမရှိသည့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထားနေသည့် တရုတ်လူမျိုးပိုင် ငွေကြေးလိမ်လည်မှုစင်တာများ ပျံ့နှံ့တည်ရှိနေခြင်းကိုလည်း တရုတ်နိုင်ငံက နှစ်မြို့ခြင်း မရှိပေ။ မကြာသေးမီက ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် ၎င်း၏မဟာမိတ် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကို ထိန်းချုပ်ကာ အဆိုပါနှစ်ဖွဲ့စလုံးက တရုတ်အစိုးရ၏ အမိန့်အရ မြန်မာစစ်အစိုးရ ထိန်းချုပ်နယ်မြေသို့ ထိုးစစ်ဆင်နေခြင်းအား ရပ်ဆိုင်းခဲ့ခြင်းသည် တရုတ်နိုင်ငံက ၎င်း၏ ကြိုးကိုင်ထားမှုကို ပြသခဲ့ခြင်းပင်ဖြစ်သည်။
ဒီဇင်ဘာလအစောပိုင်းတွင် ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဖုန်တာရွှင်သည် “ဆေးကုသမှု ခံယူရန်” တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကြောင်း MNDAA က ကြေညာခဲ့သည်။ “တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ပဋိပက္ခကို ဖြေရှင်းရန်” MNDAA က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
TNLA သည်လည်း နိုဝင်ဘာလနှောင်းပိုင်းတွင် အလားတူ ကြေညာချက်တစောင် ထုတ်ပြန် ခဲ့ပြီး “တရုတ်၏ ဖျန်ဖြေရေး ကြိုးပမ်းမှုများအရ အစဉ်ပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းများ ရရှိရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အများစုကို သိမ်းပိုက်နိုင်ခဲ့သော ညီနောင်မဟာမိတ်အဖွဲ့၏ တတိယမြောက် အဖွဲ့ဝင်ဖြစ်သည့် AA ကလည်း မြောက်ပိုင်းမဟာမိတ်များကဲ့သို့ တပ်မတော်နှင့် ညှိနှိုင်းရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၂၉ ရက်က ကြေညာခဲ့သည်။ အမှန်တကယ်တွင် AA သည် ၎င်း၏မွေးရပ် ရခိုင် ပြည်နယ်တွင် လုံးဝအောင်ပွဲရလုနီးပါးဖြစ်နေပုံရသည်။
AA သည် တရုတ်နိုင်ငံ၏အမိန့်ကို နာခံသော်လည်း အခြားလက်နက်ကိုင်အဖွဲ့ အချို့ထက် ပိုမိုလွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် AA သည် ကချင်ပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် အင်အားကြီး ခရစ်ယာန်ဘာသာ လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ဟန်ချက်ညီစေရန်အတွက် အမေရိကန် နိုင်ငံရှိ ခရစ်ယာန် ဘာသာအဖွဲ့များနှင့် အိန္ဒိယနိုင်ငံရှိ ကချင်တိုင်းရင်းသားများနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားသည့် KIA လက်နက်ကိုင်အဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းကြောင့် ဖြစ်သည်။
AA ခေါင်းဆောင်အများစုသည် KIA ဌာနချုပ် လိုင်ဇာတွင် အခြေပြုလျက်ရှိပြီးသဖြင့် MNDAA နှင့် TNLA မဟာမိတ်များထက် တရုတ်နိုင်ငံအပေါ် မှီခိုမှုနည်းပါးသည်။ သို့သော်လည်း AA ၏ လက်နက်ခဲယမ်းအများစုသည် UWSA မှ သွယ်ဝိုက်၍ ဝင်ရောက်နေကြပြီး ၎င်း၏ ခေါင်းဆောင်များသည် လိုင်ဇာမှ ပန်ဆန်းရှိ UWSA ဌာနချုပ်သို့ သွားလာသည့်အခါ တရုတ်နယ်မြေကို ဖြတ်သန်းရမြဲပင် ဖြစ်သည်။ ထို့ကြောင့် AA သည် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ သွယ်တန်းသော တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားဖြစ်သည့် ရေနက်ဆိပ်ကမ်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နေရာများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီးတွင် ယခုအချိန်အထိ တိုက်ပွဲဖော်ဆောင်မှုကို ရှောင်ရှားခြင်းမှာ အံ့သြစရာမဟုတ်ပေ။
စစ်ပွဲကြောင့်ဖြစ်သည့် မတည်ငြိမ်မှုဒဏ်ကို အတော်အတန်ခံစားနေရသော်လည်း အစိုးရ နှင့် AA တို့အကြား ပြေလည်အောင် လုပ်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော ပြည်ပနိုင်ငံတစ်ခု ဖြစ်ခြင်းကြောင့် အဆိုပါအကျိုးစီးပွားများသည် တရုတ်နိုင်ငံအား မဟာဗျူဟာမြောက် အသာစီး ရစေ ပါသည်။
အိန္ဒိယသည်လည်း တရုတ်ကဲ့သို့ မြန်မာ၏ မတည်ငြိမ်သည့်အခြေအနေနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြသမှုမရှိသော်လည်း အလားတူ ပဋိပက္ခ၏လမ်းကြောင်းနှင့် ရလဒ်များ အပေါ် စိတ်ပါဝင်စားမှု ရှိပေသည်။
အိန္ဒိယ၏ အဓိက အကျိုးစီးပွားတစ်ခုမှာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဝေးလံခေါင်သီသည့် နေရာများတွင် နယ်စပ်ဖြတ်ကျော် ခိုအောင်းနေသော အာသံ၊ မဏိပူရနှင့် နာဂ သူပုန်များ အနေဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ မကြာခဏ ဝင်ရောက်လှုပ်ရှားခြင်းနှင့် မြန်မာနိုင်ငံ အရှေ့မြောက် ဒေသသို့ လက်နက်များ တရားမဝင် တင်သွင်းနေခြင်းကို ဟန့်တားရန်ပင် ဖြစ်သည်။
စီးပွားရေးအရ အိန္ဒိယသည် စစ်ပွဲကြောင့် မတည်မငြိမ် ဖြစ်ပေါ်စေပြီး ရှုပ်ထွေးနေသော သို့မဟုတ် ရပ်တန့်ထားသော အစီအစဉ်များဖြစ်သည့် နိုင်ငံစီးပွားရေးကို လျင်မြန်စွာ ဖွံ့ဖြိုးစေမည့် မြန်မာနိုင်ငံမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်များအား တင်သွင်းနိုင်ရန် ကြိုးပမ်းခဲ့ သည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ ကာလရှည်ကြာ ဆုပ်ကိုင်ထားသည့် “အရှေ့မျှော်ဝါဒ” ဖြင့် မြန်မာ နိုင်ငံမှတစ်ဆင့် အရှေ့တောင်အာရှဒေသ၏ အားကောင်းသည့်ဈေးကွက်များနှင့် ချိတ်ဆက် နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ အကျိုးစီးပွားများနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ အခြေအနေ များဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပျံ့နှံ့နေသော သြဇာ လွှမ်းမိုးမှုကို စိန်ခေါ်ရန် ခက်ခဲသည့်အနေအထားတွင် ရှိနေသည်။
အမေရိကန်သည် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ပဋိပက္ခမှ လုံးလုံးလျားလျား ဆုတ်ခွာသွားခြင်းဖြင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အမေရိကန်၏ ပံ့ပိုးမှုမရှိဘဲ သို့မဟုတ် ခိုင်မာအားကောင်း သည့်မည်သည့်အထောက်အပံ့မျှ မရှိဘဲ လုပ်ဆောင်ကြရလိမ့်မည် ဖြစ်ပေသည်။
Bertil Lintner
ကိုးကား။ Asia Times

ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ထရမ့် တို့သည် ယူကရိန်းအခြေအနေ စသည့်အရေးကိစ္စများအား ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ နှစ်ဖက် ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးမှုသည် အချိန် ၁ နာရီခွဲ နီးပါးကြာကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်း၏ အရင်းအမြစ်ကိုရှင်းလင်းဖယ်ရှားရန်လိုအပ်သည်ဟု ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုတွင် ပူတင်က ထရမ့်အား ပြောကြားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ပူတင်ကတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ယူကရိန်း အကျပ်အတည်း ရေရှည်ဖြေရှင်းနိုင်သော ထရမ့်၏သက်ဆိုင်ရာအမြင်
ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ထရမ့် တို့သည် ယူကရိန်းအခြေအနေ စသည့်အရေးကိစ္စများအား ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ နှစ်ဖက် ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးမှုသည် အချိန် ၁ နာရီခွဲ နီးပါးကြာကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်း၏ အရင်းအမြစ်ကိုရှင်းလင်းဖယ်ရှားရန်လိုအပ်သည်ဟု ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုတွင် ပူတင်က ထရမ့်အား ပြောကြားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ပူတင်ကတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ယူကရိန်း အကျပ်အတည်း ရေရှည်ဖြေရှင်းနိုင်သော ထရမ့်၏သက်ဆိုင်ရာအမြင်ကို သဘောတူ ထောက်ခံသည်ဟု ပြောကြားခဲ့ကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခ လျင်မြန်စွာအဆုံးသတ်သင့်ပြီး ပူတင်နှင့် “ရလဒ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုများ” ပြုလုပ်ခဲ့သည်ဟု ထရမ့်ကဆွေးနွေးမှုတွင် ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။ ရုရှား-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့် ဆက်သွယ်မှုတွင် နှစ်ဦးတွေ့ဆုံဆွေးနွေးရေးစီစဉ်ရန် သဘောတူညီခဲ့ကြောင်း၊ ပူတင်က ထရမ့်အား မော်စကိုသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ထို့အပြင် ရုရှား-အမေရိကန်ဆက်ဆံရေး၊ အရှေ့အလယ်ပိုင်းအခြေအနေစသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့သေးကြောင်း Dmitry Peskov က ပြောကြားခဲ့ပေသေးသည်။ ထရမ့်က ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းအနေဖြင့် ပူတင်နှင့် မကြာသေးမီက ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် “နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုများ” လုပ်ဆောင်သွားရန် နှစ်ဖက် သဘောတူညီကြောင်း နှင့် အဖွဲ့များကိုယ်စီစေလွှတ်၍ “ဆွေးနွေးမှုများချက်ချင်းစတင်မည်” ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို၊ စီအိုင်အေ ညွှန်ကြားရေးမှူး John Ratcliffe ၊ သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Waltz နှင့် အရှေ့ အလယ်ပိုင်းရေးရာ အမေရိကန်အထူးသံတမန် Witkoff တို့ ဦးဆောင်မည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ထရမ့်က ၎င်းအနေဖြင့် ပူတင်နှင့်ဆက်သွယ် ဆွေးနွေးသည့် အကြောင်းအရာကို ယူကရိန်း သမ္မတ ဇီလန်စကီးကို ချက်ချင်း အကြောင်းကြား မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာညှိနှိုင်း ဆွေးနွေးမှုများ အောင်မြင်မှုရရှိမည်ဟု “ပြင်းပြင်း ထန်ထန်ခံစား” ရကြောင်းပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်း၊ စွမ်းအင်၊ ဉာဏ်ရည်တု စသည့် အကြောင်းအရာများကိုလည်း ပူတင်နှင့် ဆွေးနွေးခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ပါလက်စတိုင်း အစ္စလမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမတိုင်မီ ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးသင့်ကြောင်း၊ သို့မဟုတ်ပါက ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်ကြောင်း အမေရိကန် သမ္မတထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်အတွက် ပြောရမယ်ဆိုရင် ထိန်းသိမ်းခံထားရသူတွေအားလုံး ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီမတိုင်မီ မလွတ်မြောက်ခဲ့ဘူးဆိုရင်…ဒါ (ဂါဇာအပစ်ရပ်ရေးသဘော တူညီချက်) ကိုဖျက်သိမ်းပြီး… ဆိုးရွားတဲ့ကိစ္စအားလုံး ဖြစ်ပါလေ့စေပေါ့” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နောက်ဆုံး အစ္စရေးဘက် ကပင် အဆုံးအဖြတ်လုပ်ရမှာဖြစ်ကြောင်း တစ်ချိန်တည်းတွင် ၎င်းကပြောကြားခဲ့သည်။
အပစ်ရပ်ရေးသဘောတူညီချက်ကို အစ္စရေး ချိုးဖောက်သည်ဟု အပြစ်တင်စွပ်စွဲကာ မူလက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးမည့် အစီအစဉ် ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ဟားမက်စ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ထရမ့်က အကယ်၍ ဂါဇာကမ်းမြောင်မှ ရွှေ့ပြောင်းလာသည့် ပါလက်စတိုင်းသားများကို ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံတို့ကလက်မခံလျှင် ၎င်းအနေဖြင့် ယင်းနှစ်နိုင်ငံအပေါ် ကူညီပံ့ပိုးမှုများ ယာယီရပ်တန့်နိုင်သည်ဟု ပြောကြားခဲ့ပေသေးသည်။ ထရမ့်အနေဖြင့် အမေရိကန်သို့ လာရောက်လည်ပတ်မည့် ဂျော်ဒန်ဘုရင် Abdullah II နှင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။
Fox News ချန်နယ်၏ ဖေဖော်ဝါရီ ၁၀ ရက်ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ထရမ့်က ၎င်းအနေဖြင့် ပါလက်စတိုင်းသားများအား လက်ခံရေးတွင် ဂျော်ဒန်၊ အီဂျစ်တို့နှင့် သဘောတူညီချက်ရမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်းသားများအနေ ဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ ပြန်သွားပိုင်ခွင့်ရှိ၊မရှိကို သတင်းထောက်က မေးမြန်းရာတွင် ထရမ့်က “မရှိဘူး၊ သူတို့လုပ်မှာမဟုတ်ပါဘူး” ထရမ့်က ပြန်လည်ဖြေကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ကို“လက်လွှဲယူ”ပြီး “ရေရှည်ပိုင်ဆိုင်”သွားရန်မျှော်လင့် ကြောင်း၊ လက်ရှိ ဂါဇာတွင်နေထိုင်သည့် ပါလက်စတိုင်းသားများကို အခြားနိုင်ငံတွင် နေရာ ချထားပေးသင့်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၄ ရက်တွင်ဖော်ပြထားသည်။ ပါလက်စတိုင်း နှင့် နိုင်ငံတကာအသိုက်အဝန်းက ယင်းပြောဆိုချက်အပေါ် အပြင်းအထန်ကန့်ကွက်အပြစ် တင်ခဲ့ကြပြီး ၎င်းမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး “လက်ခံနိုင်ဖွယ်မရှိ” ဟု ယူဆကြ သည်။
အစ္စရေးနှင့် ဟားမက်စ်တို့သည် ဇန်နဝါရီ ၁၅ ရက်တွင် ဂါဇာကမ်းမြောင် အပစ်ရပ်ရေး သဘောတူညီချက်ရရှိပြီး ဇန်နဝါရီ ၁၉ ရက်တွင် သဘောတူညီချက် အသက်ဝင်ခဲ့ခြင်းဖြစ် သည်။ အပစ်ရပ်ရေးပထမအဆင့်ကို ရက်သတ္တပတ် ၆ ပတ်ဆက်တိုက်ဆောင်ရွက်ရာ နှစ်ဖက် အနေဖြင့် ၎င်းတို့ကိုယ်စီ ဖမ်းဆီးထိန်းသိမ်းထားသူများအနက်အချို့ကို ပြန်လွှတ်ပေးသွား မည်ဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ဟားမက်စ်နှင့်အစ္စရေးတို့သည် ဖမ်းဆီးထိန်းသိမ်းခံရ သူများ ပဉ္စအသုတ်အပြန်အလှန်လဲလှယ်မှု ပြီးစီးခဲ့သည်။
ကိုးကား-ဆင်ဟွာ

ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ရန် သတ်မှတ်ထားသည်။ ဖေဖော်ဝါရီ ၂ ရက်က အမေရိကန်သို့ အလည်အပတ်သွားရောက်သည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန် သမ္မတ ထရမ့်နှင့် ဖေဖော်ဝါရီ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ ၎င်းအနေဖြင့် ထရမ့်နှင့်အရင် တွေ့ဆုံဆွေးနွေးပြီးမှ အဖွဲ့စေလွှတ်၍ ဆွေးနွေးပွဲသို့ တက်ရောက်စေရန် စီစဉ်ထားကြောင်း မီဒီယာများက ဖော်ပြထားသည်။

ပထမအဆင့် အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်သည် အထိုက်အလျောက် အဆင်ပြေချောမွေ့ခဲ့သော်လည်း နေတန်ယာဟု၏ ပြည်တွင်းနိုင်ငံရေးကို ထည့်သွင်းစဉ်းစားမှုများကြောင့် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲအလားအလာကို အကောင်းမြင်ရန် ခဲယဉ်းဟု သုံးသပ်သူများက ယူဆကြသည်။ အမေရိကန်အနေဖြင့် မိမိ၏ မဟာဗျူဟာ ကိုယ်ကျိုးစီးပွားကိုအခြေခံပြီး ဂါဇာ စစ်ပွဲအလွန် စီမံခန့်ခွဲရေး စသည့်အရေးကိစ္စများတွင် “ဘက်လိုက် ဖျန်ဖြေခြင်း” က ပါလက်စတိုင်း-အစ္စရေး ပြဿနာကို အရင်းအမြစ်မှ ဖြေရှင်းရေးနှင့် အရှေ့အလယ်ပိုင်း ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် အကျိုးမရှိနိုင်ပေ။
အပစ်ရပ်ရေး အမေရိကန်-အစ္စရေး အဓိကထား ဆွေးနွေး
နေတန်ယာဟုသည် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steve Witkoff၊ သမ္မတ ထရမ့် တို့နှင့် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်များတွင် အသီးသီး တွေ့ဆုံကာ ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲ စသည့် ကိစ္စရပ်များအား ဆွေးနွေးမည် ဖြစ်ကြောင်း မကြာသေးမီရက်များအတွင်း အစ္စရေး ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဇန်နဝါရီ ၁၅ ရက်တွင် အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့ ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ပြီး အပစ်ရပ်ရေး ပထမအဆင့်အဖြစ် ရက်သတ္တပတ် ၆ ပတ် ဆက်တိုက်ဆောင်ရွက်ရာ နှစ်ဖက်အနေဖြင့် ကိုယ်စီ ဖမ်းဆီးထိန်းသိမ်းထားသူအချို့ကို အပြန်အလှန် လဲလှယ်ခဲ့သည်။ ပထမအဆင့် အပစ်ရပ်ရေး ဖော်ဆောင်သည့် ၁၆ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲပြုလုပ်ရမည် ဖြစ်ကြောင်း သဘောတူညီချက်တွင် သတ်မှတ်ထားသည်။ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် အစ္စရေးဘက်မှ အခြား ဖမ်းဆီးထိန်းသိမ်းထားခံရသူများ ပြန်လွှတ်ရေးနှင့် အစ္စရေးစစ်တပ် ရုပ်သိမ်းရေး ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။
နေတန်ယာဟု၏ အမေရိကန် ခရီးစဉ်သည် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲစတင်ချိန်နှင့် တိုက်ဆိုင်နေပေသည်။ ၎င်းအနေဖြင့် ထရမ့်နှင့်အရင် တွေ့ဆုံပြီးမှ ကာတာနိုင်ငံသို့ အဖွဲ့စေလွှတ်၍ ဆွေးနွေးပွဲတက်ရောက်စေရန် စီစဉ်ထားကြောင်း The Times of Israel တွင် ဖော်ပြထားသည်။
ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲသည် ယခုအကြိမ် နေတန်ယာဟု၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်နှင့် အဓိက ဆွေးနွေးမည့် အရေးကိစ္စဖြစ်လာမည်ဟု အများက ယူဆကြသည်။ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးစစ်တပ် မည်သို့ ဘက်စုံ ရုပ်သိမ်းမည်နည်း၊ အစ္စရေးတပ် ဆုတ်ခွာပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို မည်သို့ စီမံခန့်ခွဲမည်နည်း၊ ဂါဇာကမ်းမြောင်ဒေသကို ဟားမက်စ်တို့ အသစ်တစ်ဖန်ထိန်းချုပ်မှုကို မည်သို့ ကာကွယ်တားဆီးမည်နည်း စသည်တို့ အပါအဝင် အစ္စရေးဘက်က အချို့သော အဓိက စိုးရိမ်မှုများကို ပထမအဆင့် အပစ်ရပ်ရေးတွင် မဖြေရှင်းနိုင်ခဲ့ပေ။ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် ယင်းကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အစ္စရေးဘက်က မျှော်လင့်ရာ နေတန်ယာဟုနှင့် ထရမ့်၏ မျက်နှာချင်းဆိုင်ဆွေးနွေးမှုသည် ထိုကိစ္စရပ်များအား “အတည်ပြုခြင်း” ဖြစ်နိုင်ကြောင်း သိရသည်။
ထိုမတိုင်မီ Steve Witkoff သည် ဇန်နဝါရီ ၂၉ ရက်တွင် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်ပြီး ဂျေရုဆလမ်တွင် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ Steve Witkoff ၏ ဤခရီးစဉ်သည် အမေရိကန်-အစ္စရေး ခေါင်းဆောင်များ ဆွေးနွေးမှု၏ “ခန့်မှန်းရလဒ်” ကို ညှိနှိုင်းရန် ရည်ရွယ်ခြင်း ဖြစ်ရာ အမေရိကန်အနေဖြင့် နေတန်ယာဟုက အပစ်ရပ်ရေးသဘောတူညီချက်ကို တွန်းအားပေးဖော်ဆောင်ပြီး နောက်ဆုံးတွင် ဖမ်းဆီးထိန်းသိမ်းထားခံရသူအားလုံး လွတ်မြောက်ရေးကို ဖော်ဆောင်စေလိုကြောင်း အစ္စရေး 《Haaretz》သတင်းစာတွင် ဖော်ပြထားသည်။
ဒုတိယအဆင့် အပစ်ရပ်ရေးဆွေးနွေးမှု အကောင်းမြင်ရန် ခဲယဉ်း
ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက် အသက်ဝင်ပြီးချိန်မှစ၍ အစ္စရေးနှင့် ဟားမက်စ်တို့အကြား လွတ်မြောက်လာသော ဖမ်းဆီးထိန်းသိမ်းထားခံရသူများ၏ ကိုယ်ရေးအထောက်အထား၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ အသက်ရှင်မှု အမည်စာရင်း စသည့် ကိစ္စရပ်တွင် အတိုင်းအတာတစ်ခုအထိ သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပွားခဲ့သော်လည်း ပထမအဆင့် အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်က ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့ခဲ့သည်။
သို့သော် ဒုတိယအဆင့် အပစ်ရပ်ရေးဆွေးနွေးမှု အလားအလာအပေါ် ပြင်ပနယ်ပယ်က အကောင်းမမြင်ကြပေ။ နေတန်ယာဟုက သတ်မှတ်ကာလအတိုင်း ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ဘဲ ထရမ့်နှင့် အရင် တွေ့ဆုံခြင်းသည် “အလွန်စိုးရိမ်ဖွယ်” အချက်ပြမှု ဖြစ်ကြောင်း အစ္စရေးမီဒီယာက အစ္စရေး အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။
အစ္စရေး ပြည်တွင်း နိုင်ငံရေး အခြေအနေကြောင့် နေတန်ယာဟုက ဆက်လက်အပစ်ရပ်ရန်နှင့် ဂါဇာကမ်းမြောင်ဒေသမှ စစ်တပ် ဘက်စုံရုပ်သိမ်းရန် ဆန္ဒလျော့နည်းသွားသည်ဟု အစ္စရေးမီဒီယာများက ယူဆကြသည်။ နေတန်ယာဟုအနေဖြင့် နိုင်ငံစီမံအုပ်ချုပ်သည့်နေရာကို ဆက်လက်ထိန်းထားမည်ဆိုလျှင် အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း လက်ယာစွန်းရောက် အင်အား၏ ထောက်ခံအားပေးမှုရရှိရန် လိုအပ်သော်လည်း ဘဏ္ဍာရေးဝန်ကြီး၊ လက်ယာစွန်းရောက် ဘာသာရေး ဇီယွန်ဝါဒီပါတီ ဥက္ကဋ္ဌ Bezalel Smotrich တို့က အာဏာရညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြီး ပထမအဆင့်အပစ်ရပ်ရေး အဆုံးသတ်လျှင် ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
တစ်ချိန်တည်းတွင်ပင် နေတန်ယာဟုအစိုးရက ဟားမက်စ်ကို အမြစ်ပြတ်ချေမှုန်းရေး၊ အစ္စရေးလုံခြုံမှုကို ဂါဇာကမ်းမြောင်ဒေသ ထပ်မံခြိမ်းခြောက်ခြင်း မရှိစေရန် အာမခံရေး ရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမရှိသေးပေ။ ဆက်တိုက်အပစ်ရပ်မှုက ဟားမက်စ်အင်အား ပြန်လည်ရှင်သန်စေကာ အစ္စရေးအား အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်ရန် ပို၍ ခက်ခဲစေပေသည်။
အမေရိကန်က “ဘက်လိုက် ဖျန်ဖြေခြင်း” သည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် အကျိုးမပြု
အပစ်ရပ်ရေး ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ရပ်တည်ချက်ညှိနှိုင်းမည့်အပြင် နေတန်ယာဟုအနေဖြင့် ထရမ့်အစိုးရက အီရန်ကို ထပ်မံ ဖိအားပေးပြီး အစ္စရေးနှင့် ဆော်ဒီအာရေဗျဆက်ဆံမှု ပုံမှန်အသွင် ဖော်ဆောင်ရန် သံတမန်ရေးကြိုးပမ်းမှုများကို ပြန်လည်စတင်ရန် မျှော်လင့်သေးကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။
၎င်းအနေဖြင့် “အစ္စရေးနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖိုနဲ့ ကျွန်တော်တို့ရဲ့ ဘုံရန်သူကို ခုခံကာကွယ်ဖို့ ဘယ်လိုကြိုးပမ်းရမလဲဆိုတာ (နေတန်ယာဟု နဲ့) ဆွေးနွေးဖို့ မျှော်လင့်ပါတယ်” ဟု နေတန်ယာဟုအား ပေးပို့သည့် အမေရိကန် အလည်အပတ်ခရီးစဉ် ဖိတ်ကြားလွှာတွင် ထရမ့်က ရေးသားထားသည်။
ထရမ့်က နေတန်ယာဟုအား အမေရိကန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ရသည့် ရည်ရွက်ချက်တစ်ခုမှာ ဂါဇာစစ်ပွဲအလွန် စီမံခန့်ခွဲမှုအစီအစဉ်များကို အမေရိကန် အစိုးရက တိုက်ရိုက်ပါဝင်မည်ကို ဖော်ပြခြင်းဖြစ်ကြောင်း အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံ မီဒီယာများက သုံးသပ်ကြသည်။
ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Yonatan Freeman က အမေရိကန်-အစ္စရေးက ယင်းဒေသတွင် အီရန်၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရန် ၊ အစ္စရေးနှင့် ပိုမိုများပြားသော အာရပ်နိုင်ငံများ သံတမန်ဆက်ဆံရေး ထူထောင်ရေး တွန်းအားပေးရန် စသည့် ကဏ္ဍများတွင် အလွန်ကိုက်ညီမှု ရှိသည်ဟု ယူဆသည်။
ထရမ့်က အစ္စရေးကို အစဉ်အမြဲ ထောက်ခံအားပေးရာ လွန်ခဲ့သည့် သမ္မတသက်တမ်းကာလတွင်ပင် “အစ္စရေး ထောက်ခံရေး” မူဝါဒများကို ကြိမ်ဖန်များစွာ ထုတ်ပြန်ခဲ့ဖူးပေသည်။ ဒုတိယအကြိမ် သမ္မတအဖြစ် တာဝန်ယူပြီးနောက် အစ္စရေးအား ပေါင်ချိန် ၂,၀၀၀ (ကီလိုဂရမ် ၉၀၀ ခန့်) ရှိသော ဖောက်ခွဲရေးဗုံး ပံ့ပိုးမှုအပေါ် ဘိုင်ဒန်အစိုးရ၏ ကန့်သတ်ချက်ကို ပယ်ဖျက်ကြောင်း ၎င်းက အလွန်လျင်မြန်စွာ ကြေညာခဲ့ပြီး “ဂါဇာ ရှင်းလင်းရေး” အစီအစဉ်ကို ထုတ်ဖော်ကာ ဂါဇာကမ်းမြောင်မှ လာသော ပါလက်စတိုင်းသားများအား လက်ခံပြီး နေရာချထားပေးရန် အီဂျစ်နှင့် ဂျော်ဒန်အား တောင်းဆိုခဲ့သည်။
အမေရိကန်၏ ဤသို့သော “တစ်ဖက်သတ် ဖျန်ဖြေမှု” လုပ်ရပ်က နိုင်ငံတကာအသိုက်အဝန်း၏ ဆန့်ကျင်မှုကို အလိုအလျောက်ခံရပေသည်။ “ဂါဇာ ရှင်းလင်းရေး” အစီအစဉ်ကို ဆန့်ကျင်ကြောင်း ယခုရက်ပိုင်းများတွင် အရှေ့အလယ်ပိုင်း နိုင်ငံအများအပြား၊ ဥရောပနိုင်ငံ အချို့နှင့် ပညာရှင်၊ နိုင်ငံတကာ မီဒီယာများက အသီးသီး ဖော်ပြကြသည်။ ပါလက်စတိုင်းသားများအား ဂါဇာကမ်းမြောင်ဒေသနှင့် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း သိမ်းပိုက်ခံရသည့် နယ်မြေများမှ နှင်ထုတ်မည့် ကြံစည်မှုကို ဆန့်ကျင်ကြောင်း အာရပ်နိုင်ငံအများအပြားနှင့် အာရပ်အဖွဲ့ချုပ်တို့က ဖေဖော်ဝါရီ ၁ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ဂါဇာ ရှင်းလင်းရေး” ဖြစ်စေ၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျ စသည့် အာရပ်နိုင်ငံများ ဆက်ဆံမှု ပုံမှန်အသွင် ဖြစ်ရေး တွန်းအားပေးရာတွင် ဖြစ်စေ ပါလက်စတိုင်းသားများ၏ အကျိုးစီးပွားကို စတေးပြီး အမေရိကန်နှင့် အစ္စရေး၏ မဟာဗျူဟာ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း ဖြစ်ရာ ပါလက်စတိုင်း-အစ္စရေး ပြဿနာ အရင်းအမြစ်မှ ဖြေရှင်းရေး နှင့် အရှေ့အလယ်ပိုင်း ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ထောက်ပြကြသည်။ ပါလက်စတိုင်းပြည်သူများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကာလတွင် “သမိုင်း၏မမျှတမှု” ကို ခံစားနေရကြောင်း၊ ဖြေရှင်းသည့်နည်းလမ်းမှာ ၎င်းတို့ကို နှင်ထုတ်ခြင်းမဟုတ်ဘဲ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း အီဂျစ်သမ္မတ အယ်လ်-စီစီက ထောက်ပြပြောကြားခဲ့သည်။
Source: ဆင်ဟွာ

သမ္မတအဖြစ်အရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့်ပနားမား တူးမြောင်းတို့ကို ထိန်းချုပ်ရန်အတွက် စစ်အင်အားအသုံးမပြုဟု အာမခံချက်မပေးနိုင်ကြောင်း ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago နေအိမ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုခဲ့ရာ ကမ္ဘာ့သတင်း မီဒီယာများတွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ထို့ပြင် ကနေဒါနိုင်ငံကိုလည်း အမေရိကန်နိုင်ငံ၏ (၅၁) ခု မြောက်ပြည်နယ်အဖြစ် ပြောဆိုခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းမှုမရှိပါက ကြီးမားသည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် သွားမည်ဟု သတိပေးပြောဆိုခဲ့သည်။ ပထဝီအနေအထားအရ နီးနီးကပ်ကပ်ရှိနေသည့် ဂရင်းလန်းနှင့်
သမ္မတအဖြစ်အရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့်ပနားမား တူးမြောင်းတို့ကို ထိန်းချုပ်ရန်အတွက် စစ်အင်အားအသုံးမပြုဟု အာမခံချက်မပေးနိုင်ကြောင်း ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago နေအိမ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုခဲ့ရာ ကမ္ဘာ့သတင်း မီဒီယာများတွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ထို့ပြင် ကနေဒါနိုင်ငံကိုလည်း အမေရိကန်နိုင်ငံ၏ (၅၁) ခု မြောက်ပြည်နယ်အဖြစ် ပြောဆိုခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းမှုမရှိပါက ကြီးမားသည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် သွားမည်ဟု သတိပေးပြောဆိုခဲ့သည်။ ပထဝီအနေအထားအရ နီးနီးကပ်ကပ်ရှိနေသည့် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းတို့သည် တက်လာမည့် အမေရိကန်သမ္မတအတွက် စိတ်ဝင်စားစရာနေရာနှစ်ခုဖြစ်နေခဲ့သည်။
ဂရင်းလန်းကိုဒေါ်နယ်ထရမ့်ဘာကြောင့်လိုချင်နေတာလဲ
ဂရင်းလန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းတစ်ကျွန်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံ အောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသရရှိသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။ လူဦးရေ အားဖြင့် (၅၇,ဝဝဝ) ကျော်ရှိပြီး နှစ်ပေါင်း (၆၀ဝ)ကျော်ကြာ ဒိန်းမတ်၏ နယ်မြေ အဖြစ် တည်ရှိလာခဲ့သည့်ဒေသလည်းဖြစ်သည်။ဒိန်းမတ်နိုင်ငံသည် နေတိုးအဖွဲ့ကို တည်ထောင် ခဲ့သည့် ကနဦးနိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်ပြီး အမေရိကန်စစ်အခြေစိုက် စခန်းကြီး တစ်ခုရှိသည့် နိုင်ငံလည်းဖြစ်သည်။အာတိတ်စက်ဝန်းသည် အမေရိကန်၊ ရုရှားနှင့် ဥရောပ တို့၏ လမ်းဆုံလမ်းခွတွင်ရှိနေပြီး ပထဝီနိုင်ငံရေးအရ အကျိုးအမြတ်များစွာ ပေးနိုင်သည့် ကျွန်းတစ်ကျွန်းလည်းဖြစ်ရာ အမေရိကန်နိုင်ငံက နှစ်ပေါင်း(၁၅၀)ကျော်ကြာ မျက်စိ ဒေါက်ထောက် ကြည့်နေသည့် ဒေသတစ်ခုလည်းဖြစ်သည်။ယခုအခါ အာတိတ်ဒေသသည် သင်္ဘောသွားလာ မှုများနှင့် ကုန်သွယ်မှုများအတွက် ပိုမိုလမ်းဖွင့်ပေးလာရာ တန်ဖိုးကြီးဒေသဖြစ်လာခဲ့သည်။ ဂရင်းလန်းကို ထိန်းချုပ်လိုသည့်ဒေါ်နယ်ထရမ့်၏ စိတ်ကူးမှာ အသစ်အဆန်းတစ်ခုမဟုတ်ဘဲ ၎င်း၏ပထမ သက်တမ်းကာလကပင်ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ရည်ရွယ်ချက်အတွက် ဂရင်းလန်းဒေသ လိုအပ်သည်ဟု ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းဒေသကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့်ရှိလား၊ မရှိဘူးလား ဆိုသည်ကို အဆိုပါဒေသရှိ ပြည်သူများအနေဖြင့် သိပင်မသိရှိကြကြောင်း၊ သို့သော် ပိုင်ဆိုင်ခွင့်ရှိသည်ဆိုလျှင်ပင် အမေရိကန် နိုင်ငံ၏ အမျိုးသားလုံခြုံရေး လိုအပ်ချက်ကြောင့် အဆိုပါဒေသကို စွန့်လွှတ်သင့်ကြောင်း ပြောဆိုခဲ့သည်။ ဂရင်းလန်းဒေသနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်၏ မှတ်ချက်ထွက်ပေါ်ပြီးချိန်မှာပင် သားဖြစ်သူ ထရမ့်ဂျူနီယာသည် မှတ်တမ်း ရုပ်ရှင်တစ်ခုရိုက်ကူးရန်အတွက်ဟုဆိုကာ ဂရင်းလန်းဒေသသို့ တိုက်တိုက်ဆိုင်ဆိုင် သွားရောက် ခဲ့သည်။ ဂရင်းလန်းဒေသသည် ဆက်သွယ်ရေးလုပ်ငန်းအတွက်လိုအပ်နေသည့် တန်ဖိုးကြီး မြေရှားသတ္ထုများ၊ ယူရေနီယံများ၊ မတူးဖော်ရသေးသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပေါကြွယ်ဝသည့် ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။လက်ရှိတွင် သတ္တုအများစုကို တရုတ် နိုင်ငံက ထုတ်လုပ်နေပြီး အမေရိကန်ကဲ့သို့သော အခြားနိုင်ငံကြီးများကလည်း ၎င်းတို့အနီး အနားတွင်ရှိနေသည့် သဘာဝအရင်းအမြစ်များကို တူးဖော်သုံးစွဲရန် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ဂရင်းလန်းဒေသတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများအပြင် ရေခဲ အများအပြားလည်းရှိသည်။ သို့ဖြစ်ရာ ကမ္ဘာ့ရာသီဥတု အကျပ်အတည်းကို ဖန်တီးနိုင်သည့် အဆုံးအဖြတ်ဒေသတစ်ခုလည်း ဖြစ်နေပြန်သည်။ အဆိုပါဒေသရှိ ရေခဲများသာ အရည်ပျော် ခဲ့ပါက ကမ္ဘာတစ်ဝန်းရှိကမ်းရိုးတန်းများ အပြောင်းအလဲ ဖြစ်သွားမည်ဖြစ်သကဲ့သို့ ရာသီဥတု ပုံသဏ္ဌာန်မှာလည်း သိသိသာသာပြောင်းလဲသွားမည်ဖြစ်သည်။ထို့ပြင်ဂရင်းလန်း ဒေသရှိ ရေခဲများအရည်ပျော်သွားပါက ကမ္ဘာ့ပင်လယ်များ၏ ရေမျက်နှာပြင်မှာ (၂၄) ပေအထိ မြင့်တက်လာမည်ဖြစ်သည်။
ဗြိတိန်နိုင်ငံအပေါ်ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ
ဂရင်းလန်းနှင့် ဗြိတိန်ကြား ပင်လယ်တွင် ရေခဲပြင်များရှိရာ နေတိုးအဖွဲ့အတွက် အလွန်အရေးကြီးသည်ဟု ဗြိတိန်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ လုံခြုံရေးပညာရှင်တစ်ဦး လည်းဖြစ်သူ Mike Martin က ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ ဗြိတိန်နိုင်ငံသည် စစ်အေးခေတ် ကာလအတွင်းက အဆိုပါဒေသတွင် စစ်သင်္ဘောအစင်း(၅၀) နေရာချထားခဲ့ဖူးကြောင်း၊ ရုရှား မြောက်ပိုင်း စစ်ရေယာဉ်အုပ်စုသည်လည်း အတ္တလန္တိတ် သမုဒ္ဒရာသို့ ခုတ်မောင်းရာတွင် မဖြစ်မနေဖြတ်သန်းရမည့် တစ်ခုတည်းသော လမ်းကြောင်း တစ်ခုဖြစ်သည်။ဗြိတိန်နှင့် ဒိန်းမတ် နှစ်နိုင်ငံလုံးသည် တူညီသည့် ဘုံအကျိုးစီးပွားအတွက် အဆိုပါဒေသကို ဆက်လက်အသုံးပြုရန် လိုအပ်သည်။ ဗြိတိန်နိုင်ငံ၏ အာတိတ်ဒေသ မူဝါဒ မူဘောင်အစိတ်အပိုင်းတစ်ခုအရ ဒိန်းမတ်နိုင်ငံနှင့်ပူးပေါင်းပြီး စစ်ဘက်ဆိုင်ရာစွမ်းရည် ဆက်လက်တိုးတက်အောင်လုပ်ဆောင်သွားမည်ဟု ဗြိတိန်အစိုးရ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။ အကယ်၍ အမေရိကန်နိုင်ငံကသာ ဂရင်းလန်း ဒေသကိုထိန်းချုပ်ခဲ့ပါက ဗြိတိန်နှင့် ဒိန်းမတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှု ရှိလာမည်ဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် ဂရင်းလန်းဒေသကို ထိန်းချုပ်ရန် စစ်အင်အား သို့မဟုတ် စီးပွားရေး အင်အားကိုအသုံးပြုမည်ဟု မယုံကြည်ကြောင်း၊ ဂရင်းလန်းဒေသသည် ရောင်းကုန် မဟုတ်ကြောင်း၊ ကိုယ်ပိုင်စည်းမျဉ်းများအတိုင်း တည်တည်ငြိမ်ငြိမ် စောင့်စည်းထိန်းသိမ်း သွားရန်လိုအပ်သည်ဟု ဒိန်း မတ်ဝန်ကြီးချုပ် Mette Frederiksen က ဒိန်းမတ် ရုပ်သံ TV2 နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ဒိန်းမတ်နိုင်ငံ၏ အရေးကြီးဆုံးနှင့် အနီးစပ်ဆုံး မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ရာ အာတိတ်ဒေသတွင် အမေရိကန်၏ အကျိုးစီးပွားရယူလိုမှုကို ကြိုဆိုသော်လည်း ဂရင်းလန်း ပြည်သူများလိုလိုလားလားရှိသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဟုလည်း ဝန်ကြီးချုပ် Mette Frederiksen က ပြောဆိုခဲ့သည်။အတိတ်ကာလတစ်ချိန်က ဂရင်းလန်းဒေသကို ဒိန်းမတ်နိုင်ငံ မှခွဲထွက်ပြီး လွတ်လပ်ရေးရယူရန် Greenland ဝန်ကြီးချုပ် Mute Egede က တောင်းဆိုခဲ့ဖူး သော်လည်း ဂရင်းလန်းဒေသကို အမေရိကန်ပိုင် ကျွန်းတစ်ကျွန်း ဖြစ်ရန်ကိုမူ မလိုလား ကြောင်းလည်း ဝန်ကြီးချုပ် Mette Frederiksen က ထုတ်ဖော်ထားသည်။ ပြည်သူအချို့က နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက ဝယ်ယူနိုင်သည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်သော ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်အပေါ် ဂရင်းလန်းဒေသကို မလေးမစား ပြုမူပြောဆိုချက်အဖြစ် ခံစားကြရသည်ဟု ထင်မြင်ကြောင်းလည်း Mette Frederiksen က ထည့်သွင်း ပြောဆိုသွား ခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် မည်သည့်နိုင်ငံပင်ဖြစ်စေ အခြားသောအချုပ်အခြာပိုင် နိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်ခွင့်မပြုကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot ကလည်း ပြောဆိုခဲ့သည်။ အလားတူ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကလည်း မည်မျှပင် အင်အားကြီးသည့်နိုင်ငံဖြစ်စေ အခြားနိုင်ငံ၏ နယ်နိမိတ်ကို ချိုးဖောက်၍မရကြောင်း၊ နယ်နိမိတ် များကို အင်အားသုံး၍ ရွှေ့ပြောင်းခွင့်မရှိကြောင်း အမည်တပ်၍ပြောဆိုခြင်းမရှိသော်လည်း ဒေါ်နယ်ထရမ့်၏မှတ်ချက်အပေါ်တုံ့ပြန်ပြောဆိုခဲ့သည်။
ပနားမားတူးမြောင်းကိုဒေါ်နယ်ထရမ့်ဘာကြောင့်လိုချင်တာလဲ
ပနားမားတူးမြောင်းသည် ပစိဖိတ်သမုဒ္ဒရာနှင့် ကာရေဗီယံပင်လယ်တို့ကိုဆက်သွယ် ပေးသည့် ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်သက်သာသကဲ့သို့ အချိန်ကုန်သက်သာသည့် ဖြတ်လမ်းတစ်ခုအနေဖြင့် အသုံးပြုနေကြသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ပနားမားသံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သမ္မတ ဂျင်မီကာတာအစိုးရလက်ထက်တွင် ပနားမားတူးမြောင်းကို ထိန်းချုပ်ထားခြင်းကို (၁၉၇၉) ခုနှစ်တွင် ပနားမားအစိုးရထံ လွှဲပြောင်းပေးခဲ့ရာ (၁၉၉၉) ခုနှစ် တွင်စတင်ခဲ့သည့် မဟာဗျူဟာမြောက် ရေလမ်းကြောင်းထိန်းချုပ်ရေး ပူးတွဲမိတ်ဖက်ထားရှိမှု အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ယခုအခါ ပနားမား တူးမြောင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့တစ်ဖွဲ့က အုပ်ချုပ်နေခြင်း ဖြစ်သည်။ ပနားမားတူးမြောင်းကို ဖြတ်သန်းရာတွင် အမေရိကန်သင်္ဘောများကို အခြားနိုင်ငံ သင်္ဘောများထက် အခွန်နှုန်းထားများ ပိုမိုကောက်ခံနေခြင်းမှာ မျှတမှုမရှိကြောင်း သမ္မတ အဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာသည်။ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့သည် အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်ကို ချိုးဖောက်နေပြီး တရုတ်နိုင်ငံကလည်း ယင်းအပေါ်အခြေခံအားဖြင့် အမြတ်ထုတ်နေသည် ဟုလည်း ဒေါ်နယ်ထရမ့်က ဝေဖန်သည်။ပနားမားတူးမြောင်းကို ပနားမားနိုင်ငံကိုသာ ပေးခဲ့ ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို ပေးခဲ့ခြင်းမဟုတ်ကြောင်း၊ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့ သည် အမေရိကန်တို့ ပေးထားသည့် လက်ဆောင်ကို အလွဲသုံးစားပြုလုပ်နေကြောင်းလည်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုထားသည်။ တူးမြောင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ဩဇာ လွှမ်းမိုးမှုရှိသည်မှာ မှန်ကန်သော်လည်း ပနားမားတူးမြောင်း အခွင့်အာဏာနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံက ပြန်လည်ရယူမည် ဆိုသည့်အယူအဆကိုမူ လက်မခံကြောင်း ပနားမား သမ္မတ Jose Raul Mulino က ရုပ်သံကြေညာချက်တစ်ခု ထုတ်ပြန်အသိပေးခဲ့သည်။ တူးမြောင်း၏ စတုရန်းမီတာတိုင်းကို ပနားမားနိုင်ငံကပိုင်ဆိုင်ပြီး ယခုပုံစံအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေါ်နယ်ထရမ့် မည်သို့တတ်နိုင်ပါမည်နည်းဟု ရုပ်သံကြေညာချက် တွင်ပြောဆိုသွားခဲ့သည်။
လစ်ဘရယ်ကမ္ဘာ့အထိုင်နှင့်လက်ရှိနိုင်ငံတကာအထိုင်ပျက်စီးသွားနိုင်လား
သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် အမေရိကန် အမျိုးသား လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အမေရိကန်ရွှေခတ် တစ်ကျော့ပြန်လာအောင် လုပ်ဆောင် မည်ဟု သတင်းစာရှင်းလင်းပွဲတစ်လျှောက်လုံး ထပ်ဖန်တလဲလဲပြောဆို ကတိပေးထား သော်လည်း ဂရင်းလန်းဒေသနှင့် ပနားမားတူးမြောင်းတွင် အမေရိကန်တို့၏ခြေရာများ ထပ်ကျန်ရစ်စေရန် မည်သို့လုပ်ဆောင်မည်ဆိုသည့် အစီအမံကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိ သေးပါ။ရွေးချယ်စရာတစ်ခုမှာ ပစိဖိတ်ကျွန်းနိုင်ငံများဖြစ်သည့် မိုက်ခရိုနီးရှား၊ ပါလာအူတို့၏ အဆင့်အတန်းမျိုး အမေရိကန်နှင့်လွတ်လပ်သောအဖွဲ့အစည်းများ သဘောတူညီချက်တစ်ရပ် ရယူရန်ဖြစ်နိုင်သည်။ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များသည် မီဒီယာတို့၏ အာရုံစိုက်မှုကို ယူနေခြင်းလား၊ ခြိမ်းခြောက်ရုံသက်သက်လား သို့မဟုတ် လက်တွေ့လုပ်ဆောင်မည်လား ဆိုသည်ကိုမူ ကွဲကွဲပြားပြားမသိနိုင်သေးဘဲ သို့လောသို့လောရှိနေကြဆဲဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများ လက်တွေ့ဖြစ်လာခဲ့မည်ဆိုပါက အမေရိကန်နှင့် အီးယူ နိုင်ငံများကြား ဆက်ဆံရေးမှာ အခြေခံကျကျပျက်စီးသွားမည်ဖြစ်သကဲ့သို့ နေတိုးအဖွဲ့နှင့် လစ်ဘရယ် ကမ္ဘာ့အထိုင်အပါအဝင် လက်ရှိနိုင်ငံတကာအထိုင်လည်း ပြိုလဲပျက်စီးသွားမည် ဖြစ်သည်ဟု အီးယူသုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Europa think-tank မှ သုတေသန အကြီးအကဲ တစ်ဦးဖြစ်သူ Christine Nissen က သုံးသပ်ထားပါကြောင်း တင်ပြအပ်ပါသည်။
Source: သန်းထိုက်စိုး (NP News)

လက်ဘနွန်မြို့တော် ဘေရွတ်တွင် စက်တင်ဘာ ၃ ရက်က ပြုလုပ်သည့် တိုက်ခိုက်မှု တစ်ခုအတွင်း ဟစ်ဇ်ဘိုလာ၏ ဆက်သွယ်ရေးကွန်ရက် အကြီးအကဲ မိုဟာမက်ရာရှစ်ဆာကာဖီ သေဆုံးခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်တွင် ကြေညာ သည်။
ဆာကာဖီက ၂၀၀၀ ပြည့်နှစ်ကတည်းက ဟစ်ဇ်ဘိုလာတို့၏ ဆက်သွယ်ရေးဌာနကို တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်းတို့၏ ဌာနများအကြား ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးတပ်ဖွဲ့က ဘေရွတ်ရှိ ဟစ်ဇ်ဘိုလာ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် အဆောက်အအုံနှင့် လက်နက်သိုလှောင်ရုံကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ဟစ်ဇ်ဘိုလာက ယင်းနေရာသည် ကျန်းမာရေးတစ်ခုဖြစ်၍ သေဆုံးသူများတွင် ဆေးမှူးများနှင့် ကယ်ဆယ်ရေးသမားများ ပါဝင်သည်ဟုဆိုသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၁၀ ပြုလုပ်ခဲ့ကြောင်း လက်ဘနွန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။ ဟစ်ဇ်ဘိုလာတို့ဘက် ကလည်း စက်တင်ဘာ ၃ ရက်က ဒုံးကျည် ၁၂၀ ကို ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ယခုရက်သတ္တပတ်များအတွင်း တိုက်ပွဲများ တိုးလာြခင်းကြောင့် အမိုးအကာလိုအပ်နေ သူများ နှစ်ဆတိုးလာကြောင်း အကူအညီပေးရေး လုပ်သားများက ပြောသည်။ ယခုအခါ နိုင်ငံတစ်ဝန်းတွင် အိုးအိမ်မဲ့ဒုက္ခသည် ၁ ဒသမ ၂ သန်းခန့်ရှိနေပြီး ပြီးခဲ့သော နှစ်အတွင်း တိုက်ပွဲများကြောင့် လူပေါင်း ၁၉၀၀၀ ကျော် သေဆုံးခဲ့ကြောင်း လက်ဘနွန်အာဏာပိုင်များက ပြောကြားသည်။
ဆင်ဟွာ ၊ အင်န်အိတ်ချ်ကေ

ဗြိတိန်နှင့် အီးယူမှ ခေါင်းဆောင်များသည် အီးယူအဖွဲ့ကြီးမှ ဗြိတိန်နုတ်ထွက်ခဲ့ပြီးနောက် ဆက်ဆံရေး တိုးတက်စေရန် လာမည့်နှစ်မှစတင်ကာ ခေါင်းဆောင်အဆင့် ပုံမှန်ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် သဘောတူခဲ့ကြသည်။

အီးယူဌာနချုပ်ဖြစ်သည့် ဘရပ်ဆဲလ်မြို့၌ အောက်တိုဘာ ၂ ရက်က ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတာမားနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်တို့ ဆွေးနွေးခဲ့ကြသည်။ ရာသီဥတု ပြောင်းလဲခြင်း၊ ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းနေထိုင်သူများအနေနှင့် စွမ်းအင်ဈေးနှုူန်းများ အပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများတွင် နီးကပ်စွာ အလုပ်လုပ်ကိုင်သွားရန သဘောတူ ခဲ့ကြသည်။
နှစ်ဖက်စလုံး အကျိုးသက်ရောက်မှုရှိမည့် ပူးပေါင်းဆောင်ရွက်မှုများတွင် အားကောင်းစေရန် လုပ်ဆောင်သွားမည်ဟုလည်း သဘောတူခဲ့ကြသည်။ ဗြိတိန်ပြည်သူများသည် အီးယူအဖွဲ့ကြီးနှင့် ခိုင်မာပြီး တည်ငြိမ်သည့် ဆက်ဆံရေးထူထောင်လိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန် ဝန်ကြီးချုပ်ကပြောသည်။
၂၀၂၀ပြည့်နှစ် အီးယူအဖွဲ့ကြီးမှ ဗြိတိန်ထွက်ခွာခဲ့ပြီးနောက် ကုန်သွယ်ရေးတွင် အနှောင့်အယှက် များ ဖြစ်ပေါ်ခဲ့ပြီးကြွယ်ဝချမ်းသာမှုကို အဟန့်အတားဖြစ်စေခဲ့သည့်အတွက် လက်ရှိ ဗြိတိန် အစိုးရအဖွဲ့သည် အီးယူနှင့် ဆက်ဆံရေးတိုးတက်ရန် တောင်းဆိုခဲ့ကြသည်။
အင်န်အိတ်ချ်ကေ