G-8 အဖွဲ့မှ ရုရှားကိုထုတ်ပယ်မှုက မှားယွင်းမှုကြီးဖြစ်ဟု ဒေါ်နယ်ထရမ့်ပြော
G-8 အဖွဲ့မှ ရုရှားနိုင်ငံကိုထုတ်ပယ်မှု သည် မှားယွင်းမှုကြီးတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားသည်။ ထို့ပြင် ယင်းအဖွဲ့၌ရုရှား နိုင်ငံရှိနေမည်ဆိုပါက ယူကရိန်းပဋိပက္ခ တင်းမာမှုများဖြစ်ပွားလာမည်ကို ကာကွယ်ရာတွင် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း ထရမ့်ကဆက်ပြောသည်။
ရုရှားနိုင်ငံက ၁၉၉၇ ခုနှစ်တွင် G-7 အဖွဲ့သို့ပါဝင်ပြီးနောက် G-8 အဖွဲ့ဖြစ်လာ ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကိစ္စနှင့်ပတ်သက်၍ ထိုအဖွဲ့က ရုရှားနိုင်ငံ ကို ထုတ်ပယ်ပြီးနောက် G-7 အဖွဲ့အဖြစ် ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထရမ့်သည် ဇွန်လ ၁၆ ရက်တွင်ပြုလုပ် သည့် G-7 ထိပ်သီးအစည်းအဝေးဖွင့်ပွဲ၌ ယခုကဲ့သို့ပြောခြင်းဖြစ်ပြီး ရုရှားနိုင်ငံကို ထိုအဖွဲ့မှထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ အကြိမ်ကြိမ် ဝေဖန်ထားသည့်အပြင် ရုရှားကို ထိုအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံရေးတောင်းဆိုထားကြောင်း သိရသည်။
Ref: RT
Photo- A news