ကဏ္ဍများ

အ‌မေရိကန် နိုင်ငံခြားရေးဝန်ကြီး Rubio မလေးရှားနိုင်ငံသို့ သွားရောက်မည်

ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်         

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio သည် ASEAN-United States Post-Ministerial Conference၊ the East Asia Summit Foreign Ministers’ Meeting နှင့် ASEAN Regional Forum Foreign Ministers’ Meeting တို့ကို တက်ရောက်ရန် ဇူလိုင်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကွာလာလမ်ပူမြို့သို့ သွားရောက်၍မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့ တွင် သတင်းထုတ်ပြန်ပါသည်။

အဆိုပါခရီးစဉ်သည် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အာရှတိုက်သို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်ကာ အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်၊ ပွင့်လင်း၊ လုံခြုံစေရေးအတွက် အမေရိကန် ပြည်‌ထောင်စု၏ ကတိကဝတ်များအတွက် Rubio က အလေးထား သွားရောက်ခြင်း ဖြစ်ပါသည်။

ခရီးစဉ်အတွင်း ဝန်ကြီးသည် အရှေ့တောင်အာရှ ဒေသတွင်းရှိပြည်သူများနှင့် အမေရိကန် ပြည်ထောင်စု သားများအတွက် အကျိုးရှိစေမည့် အာဆီယံနှင့် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပြုရေး အားကောင်း ခိုင်မာလာစေရန် အလေးထားလုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မလေးရှားနိုင်ငံနှင့်လည်း ကဏ္ဍစုံ မိတ်ဖက် ပြုရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကိုးကား- U.S Department of State

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

https://www.state.gov/releases/office-of-the-spokesperson/2025/07/secretary-rubios-travel-to-malaysia/

ဟားမက်အား “အမြစ်ဖြတ် ဖယ်ရှားမည်” ဟု နေတန်ယာဟု ဆို

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၂ ရက်တွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်) အား “အမြစ်ဖြတ် ဖယ်ရှားမည်” ဟု ဆိုခဲ့သည်။ ထိုမတိုင်မီ‌ ရှေ့တစ်ရက်တွင် အမေရိကန်သမ္မတ ထရမ့်က အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင် ဒေသ ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက် ရရှိရန်အတွက် လိုအပ်သည့်တောင်းဆိုချက် များအား သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဟားမက်က ရှိတော့မှာမဟုတ်ဘူး။ သူတို့ ပြီးဆုံးသွားပြီ။ ကျွန်တော်တို့က ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ အစ္စရေးဘက်က လူအားလုံးကို ကယ်ဆယ်ပြီး ဟားမက်ကို အမြစ်ဖြတ် ဖယ်ရှားသွား မှာပါ” ဟု နေတန်ယာဟုက ထိုနေ့တွင် အစ္စရေးနိုင်ငံ တောင်ပိုင်းမြို့ Ashkelon ၌ ကျင်းပသည့် အခမ်းအနားတစ်ခုအတွင်း‌ ပြောကြားခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် သတင်းအရ သိရသည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ဇူလိုင် ၁ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ အခြေအနေနှင့် စပ်လျဉ်း၍ အချိန်ကြာရှည်စွာ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီး အစ္စရေးက ရက် ၆၀ အပစ် ရပ်ရေး သဘောတူညီချက်ရရှိရန်အတွက် လိုအပ်သည့်တောင်းဆိုချက်အား သဘောတူညီ ကြောင်း၊ ကာတာနှင့် အီဂျစ်တို့က သဘောတူညီချက် နောက်ဆုံးဗားရှင်းအား တင်ပြသွားမည် ဖြစ်ကြောင်း ထရမ့်က ထိုနေ့တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ရုံး ထုတ်ပြန်သည့်သတင်းတွင် နေတန်ယာဟုက ထရမ့်၏ပို့စ်အား တုံ့ပြန် ပြောကြားခဲ့ခြင်းမရှိပေ။ အစ္စရေးဘက်ကတပ်များဆုတ်ခွာပြီး ဂါဇာဒေသပြည်သူများအား အရေးပေါ်အကူအညီများ ပေးအပ်သည့် သဘောတူညီချက်တစ်ခုရရှိနိုင်ရန်အတွက် ဟားမက် အနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး စေ့စပ်ညှိနှိုင်းမှုဘက်၏ အကြံပြုမှုကို ဆွေးနွေးလျက်ရှိကြောင်း ဟားမက်ဘက် က ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်း ဆောင်ရွက်မှုကို အီရန် ရပ်ဆိုင်းလိုက်သည့်အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဆို

ကုလသမဂ္ဂအနေဖြင့် အီရန်က အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်း ဒူဂျာရစ်က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂဘက်က အီရန်၏ ဆုံးဖြတ်ချက်ကို သတိပြုမိကြောင်း၊ ဤဆုံးဖြတ်ချက်က “သိသာထင်ရှားတဲ့ စိုးရိမ်ပူပန်စရာ” ဖြစ်ကြောင်း စတက်ဖန်း ဒူဂျာရစ်က ဇူလိုင် ၂ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဂူတာရက်စ်သည် အီရန်နှင့် အခြားသော နိုင်ငံအားလုံးကို IAEA နှင့် ပူးပေါင်းဆောင်ရွက်ရန် အစဉ်အမြဲတိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရုစ်စ်က အီရန်တွင် ငြိမ်းချမ်းသာယာဝပြောသော လမ်းအား ရွေးချယ်ရန်၊ အခြေအနေကို ပြောင်းလဲ နိုင်သော အခွင့်အရေးရှိလျက်သား IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို အီရန် ဆိုင်းငံ့ခြင်းသည် “လက်ခံနိုင်ဖွယ်မရှိကြောင်း” ပြောကြားခဲ့သည်။

အီရန်လွှတ်တော်က ဇွန် ၂၅ ရက်တွင် ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုခဲ့ပြီး အီရန်နှင့် IAEA အကြား ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့သည်။ ဤဥပဒေမူကြမ်းသည် IAEA မှ စောင့်ကြည့် လေ့လာသူများ အီရန်နိုင်ငံတွင်းသို့ လာရောက်စစ်ဆေးခြင်းကို တားမြစ်ထားသည်။ အီရန် နျူကလီးယားအဆောက်အအုံ လုံခြုံရေးနှင့် အီရန်၏ ငြိမ်းချမ်းစွာ နျူကလီးယားစွမ်းအင် အသုံးချခွင့်ကို အာမခံချက်ပေးနိုင်ပြီး အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ရရှိမှ သာလျှင် ဝင်ခွင့်ရှိမည်ဖြစ်သည်။ အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်နှင့် IAEA အကြား ပူးပေါင်းဆောင်ရွက်မှု ယာယီရပ်ဆိုင်းရန် ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်ဟု အီရန် Mehr သတင်းဌာန၏ ဇူလိုင် ၂ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။ 

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကို ထရမ့်အစိုးရ တရားဝင် ပိတ်သိမ်း

၆၄ နှစ်နီးပါး လည်ပတ်ခဲ့သည့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ဇူလိုင် ၁ ရက်မှစ၍ တရားဝင်ပိတ်သိမ်းကြောင်း အမေရိကန် ထရမ့်အစိုးရက ယင်းနေ့တွင် ကြေညာခဲ့ သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) သည် ဇူလိုင် ၁ ရက်မှစ၍ ပြည်ပအကူ အညီပေးမှုတာဝန်များ လုပ်ဆောင်မှုကို တရားဝင်ရပ်ဆိုင်းကြောင်း၊ ထရမ့်အစိုးရမူဝါဒနှင့် ကိုက်ညီသော ကျန်ရှိသည့် စီမံကိန်းအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ဆောင်ရန် လွှဲပြောင်းထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) သည် ဆယ်စုနှစ်များကြာကာလအတွင်း ကန်ဒေါ်လာ ၇၁၅ ဘီလီယံသုံးစွဲခဲ့ကြောင်း၊ အမေရိကန် အခွန်ထမ်းများ၏ ငွေကြေးဖြင့် “ကမ္ဘာတစ်ဝန်း နေရာအနှံ့တွင် အစိုးမဟုတ်သော အဖွဲ့အစည်း (NGO) လုပ်ငန်းအထွေထွေ အုပ်စု” တစ်ခုကို တည်ဆောက်ခဲ့သော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှစ၍ ၎င်း၏လုပ်ငန်းဆောင်တာများမှာ “ထိရောက်မှုအလွန်နည်းပါးကြောင်း… (အကူအညီ ပေးခံရသည့် ဒေသများ၏) ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်မှာ အကောင်အထည် ဖော်နိုင်မှု အလွန်နည်းကြောင်း၊ မတည်ငြိမ်သည့်အခြေအနေသည် မကြာခဏ ဆိုးရွားလျက် ရှိပြီး အမေရိကန် ဆန့်ကျင်ရေးသဘောထားများက မလျော့နည်းဘဲ များပြားလာကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် ဖော်ဆောင်သည့် လူသားချင်းစာနာမှုအကူအညီနှင့် ပြည်ပစီးပွားရေးတိုးတက်မှု မြှင့်တင်ရေး စီမံကိန်းများသည် “အမေရိကန်ဦးစားပေး” နိုင်ငံခြားရေးမူဝါဒများအတွက် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထရမ့်အစိုးရသည် ယခုနှစ် ဇန်နဝါရီလတွင် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) စသည့် ဖက်ဒရယ်ဌာနများစွာကို ဖျက်သိမ်းရန် စတင် ဆောင်ရွက်ခဲ့သည်။ ထို့နောက် မာကိုရူဘီယိုသည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ယာယီတာဝန်ခံအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ယင်းဌာန၏ စီမံကိန်း ၈၃ ရာခိုင်နှုန်းကို ဖျက်သိမ်းကာ စီမံကိန်း ၁,၀၀၀ ခန့်ကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ဌာနခွဲများ ပိတ်သိမ်းပြီးနောက် ယင်းဌာန၏ လုပ်ငန်းဆောင်တာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလတွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်အစိုးရတွင် စစ်ဘက်မဟုတ်သည့် ပြည်ပအကူအညီ ပေးရေး တာဝန်အများစုကို တာဝန်ယူဆောင်ရွက်သည့် အထူးအေဂျင်စီဖြစ်သည်။ ကာလ ကြာရှည်စွာ ယင်းအေဂျင်စီသည် ပြည်ပအကူအညီပေးမှု ခေါင်းစဉ်တပ်၍ အခြားနိုင်ငံ၏ ပြည်တွင်းရေးစွက်ဖက်ခြင်း စသည့် လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးခဲ့ကြောင်း အမေရိကန် မီဒီယာများ၏ သတင်းအရ သိရသည်။

ရုရှားနှင့် ပြင်သစ် သမ္မတတို့ ၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် ဖုန်းဖြင့် ဆက်သွယ်ပြီး သံတမန် နည်းဖြင့် အီရန်နျူကလီးယားအရေးအား ဖြေရှင်းရန် ထောက်ခံအားပေး

ရုရှားသမ္မတ ပူတင်သည် ဇူလိုင် ၁ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့ရာ နှစ်ဖက်လုံးက သံတမန်နည်းဖြင့် အီရန်နျူကလီးယားအရေးအား ဖြေရှင်းရန် ထောက်ခံအားပေးကြောင်း ဆိုကြသည်။ ယင်းသည် နှစ်နိုင်ငံသမ္မတ လတ်တလော ၃ နှစ်တာ အတွင်း ပထမဆုံးအကြိမ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုဖြစ်သည်။

မက်ခရွန်နှင့် ပူတင်တို့သည် အချိန် ၂ နာရီကျော်ကြာ ဆွေးနွေးပြောဆိုခဲ့ကြောင်း ပြင်သစ် သမ္မတအိမ်တော် အီလီဇီးနန်းတော်က သတင်းကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ရှေ့တစ်ကြိမ် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုမှာ ယူကရိန်း အကျပ်အတည်း အရှိန်မြင့်လာပြီး နှစ်ဝက်ကျော်အကြာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ဖြစ်ကြောင်း RIA Novosti သတင်းဌာနက ဖော်ပြထားသည်။

နှစ်နိုင်ငံခေါင်းဆောင်များက နိုင်ငံရေးသံတမန်နည်းလမ်းဖြင့်သာ အီရန်နျူကလီးယားအရေးနှင့် အရှေ့အလယ်ပိုင်းဒေသ အခြားသော ပဋိပက္ခများအားဖြေရှင်းရန် တစ်ပြေးညီထောက်ခံ အားပေးခဲ့ကြသည်ဟု ရုရှားသမ္မတအိမ်တော် ကရင်မလင်နန်းတော်က ထုတ်ပြန်သည့် သတင်း အရသိရသည်။ အီရန်၏ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုသည့် တရားဝင် အခွင့်အရေးအား လေးစားသင့်ကြောင်း၊ အီရန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် “နျူကလီးယားလက်နက် မပြန့်ပွားရေး ဆိုင်ရာသဘောတူစာချုပ်” အရ ၎င်းက တာဝန်ခံသင့်သည့် တာဝန်ဝတ္တရားများကို ဆက်လက် ထမ်းဆောင်သင့်ကြောင်း ၎င်းတို့က အလေးထား ပြောကြားခဲ့သည်။

ယူကရိန်း အကျပ်အတည်းနှင့်စပ်လျဉ်း၍ မက်ခရွန်က ယူကရိန်းနှင့် ရုရှားတို့သည် ခိုင်မြဲ၍ ရေရှည်ဖြစ်သော ဖြေရှင်းမှုနည်းလမ်း ရှာဖွေတွေ့ရှိရန်အတွက် ဆောလျင်စွာ အပစ်ရပ်ရေး သဘောတူညီချက်ရရှိပြီး ဆွေးနွေးညှိနှိုင်းမှုစတင်ရန် တိုက်တွန်းခဲ့ကြောင်း အီလီဇီးနန်းတော်က ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းသည် အနောက်တိုင်းနိုင်ငံများ မူဝါဒ၏ တိုက်ရိုက်အကျိုးဆက် ဖြစ်ကြောင်း၊ အနောက်နိုင်ငံများသည် နှစ်ပေါင်းများစွာ ရုရှားလုံခြုံမှုအကျိုးစီးပွားကို လျစ်လျူရှု ခဲ့ကြောင်း၊ လက်ရှိတွင် ယူကရိန်းအား ခေတ်မီလက်နက်မျိုးစုံ ပံ့ပိုးပေးခြင်းဖြင့် ရန်လိုသည့် လှုပ်ရှားမှုများကို ကြာရှည်အောင် လုပ်ဆောင်လျက်ရှိကြောင်း ကရင်မလင်နန်းတော်က ပူတင် ၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ယူကရိန်းအကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းမှု အနာဂတ်အလားအလာနှင့်စပ်လျဉ်း၍ ပူတင်က ရုရှားအနေဖြင့် သဘောတူညီချက်ရရှိနိုင်သည့် အခြေခံရပ်တည်ချက်များကို လက်ကိုင် ထားကြောင်း၊ အဆိုပါသဘောတူညီချက်များသည် ယူကရိန်းအကျပ်အတည်း၏ အရင်းအမြစ် အားဖယ်ရှားရန် ရည်ရွယ်ပြီး ဘက်စုံထောင့်စုံဖြစ်၍ ရေရှည်ဖြစ်သင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။ 

ကိုးကား - ဆင်ဟွာ

ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်သည့် အမိန့်တစ်ရပ် ထရမ့် လက်မှတ်ရေးထိုး

ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်သည့် အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ထရမ့်က ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

အဆိုပါအမိန့်အရ အမေရိကန်သည် ဆီးရီးယားသို့ တင်ပို့သော အချို့ကုန်စည်ပစ္စည်းများ၏ စီမံထိန်းချုပ်မှုကို ဖြေလျှော့မည်ဖြစ်ပြီး ပြည်ပအကူအညီအချို့ ဆီးရီးယားလက်ခံနိုင်သည့် ကန့်သတ်ချက်ကို ပယ်ဖျက်ပေးမည် ဖြစ်ကြောင်းသိရသည်။ ထိုမတိုင်မီ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆီးရီးယားအာဏာပိုင်၊ ဆီးရီးယားဗဟိုဘဏ်နှင့် နိုင်ငံပိုင်လုပ်ငန်းများနှင့် ဆက်စပ်သော သွားလာဆောင်ရွက်ခွင့်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရက်ပေါင်း ၁၈၀ ကြာ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ကို ထုတ်ပြန်ခဲ့သည်။

အမေရိကန်အနေဖြင့် ဆီးရီးယားတည်ငြိမ်ရေးနှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကို ထောက်ခံ အားပေးကြောင်း၊ ဆီးရီးယား၏ “အရေးကြီး ဦးစားပေးကိစ္စရပ်များ”၏ တိုးတက်မှုကို စောင့်ကြည့် သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန်အနေဖြင့် ISIS အစွန်းရောက်အဖွဲ့နှင့် ၎င်းလက်အောက်ခံအဖွဲ့အစည်းများ၊ “အီရန် ပရောက်စီ” များကို ဆက်လက်ပိတ်ဆို့အရေးယူသွားမည်ဖြစ်ပြီး “အကြမ်းဖက်ဝါဒ အားပေး နိုင်ငံများ” စာရင်းတွင် ဆီးရီးယားကို ဆက်လက်ထည့်သွင်းရမည်၊ မရမည် အပေါ် သုံးသပ် သွားမည်ဖြစ်ပြီး ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်ရန် ကုလသမဂ္ဂအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နှစ် ဒီဇင်ဘာလက ဆီးရီးယားအခြေအနေ ရုတ်ခြည်းပြောင်းလဲခဲ့သည်။ အမေရိကန်က လက်ရှိတွင် ဆီးရီးယား အာဏာပိုင်အကြီးအကဲ Ahmed al-Sharaa ကို “နိုင်ငံတကာ အကြမ်းဖက်သမား” အမည်စာရင်းတွင် ထည့်သွင်းထားဆဲဖြစ်ပြီး ၎င်းဦးဆောင်သည့် ဆီးရီးယား Hayat Tahrir al-Sham လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ ၎င်းအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ရန် အမေရိကန်သမ္မတ ထရမ့်က အမိန့်ကြေညာချက်တွင် ညွှန်ကြားထားကြောင်း အိမ်ဖြူတော်၏ ဇွန် ၃၀ ရက် ကြေညာချက်၌ ဖော်ပြထားပါသည်။

အီလွန်မက် ရရှိထားသည့် အစိုးရထောက်ပံ့ကြေးငွေများအား စုံစမ်း စစ်ဆေးမည်ဟု ထရမ့် ခြိမ်းခြောက်

ဘီလီယံနာ အီလွန်မက်က ဇွန် ၃၀ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်ဒါဇင်ချီတင်၍ “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတ ထရမ့်က အီလွန်မက် “ရရှိထားသည့် (အမေရိကန်အစိုးရ) ထောက်ပံ့ကြေးငွေက သမိုင်းတစ်လျှောက် မည်သူ့ထက်မဆို များပါသည်”၊ အမေရိကန်အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) အနေဖြင့် အီလွန်မက် ကုမ္ပဏီက အစိုးရထောက်ပံ့ ကြေးငွေရရှိထားမှု အခြေအနေအား ကောင်းကောင်း စုံစမ်းစစ်ဆေးသင့်ကြောင်း ဇူလိုင် ၁ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ တုံ့ပြန်ပြောကြားခဲ့သည်။

ထရမ့်က အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ပို့စ်တင်၍ ၎င်းအနေဖြင့် လျှပ်စစ်ကားနှင့်စပ်လျဉ်း၍ အတင်းအဓမ္မ လုပ်ဆောင်ချက်မူဝါဒအား ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ကို အီလွန်မက်က ၎င်းသမ္မတအဖြစ် ရွေးကောက်မှုအတွက် အင်တိုက်အားတိုက် မပံ့ပိုးခင်ကတည်းက ရှင်းလင်းစွာ သိရှိထားပြီးဖြစ်ကြောင်း၊ “လျှပ်စစ်ကားက အရမ်းကောင်း ပါသည်။ သို့သော် လူတိုင်းတစ်စီးပိုင်ဆိုင်မှဖြစ်မည်ဟု အကျပ်မကိုင်သင့်ဘူး” ဟု ပြောကြား ခဲ့သည်။

“လက်ရှိအထိ အီလွန်မက် ရရှိထားသည့် (အမေရိကန်အစိုးရ) ထောက်ပံ့ကြေးငွေက သမိုင်း တစ်လျှောက် မည်သူ့ထက်မဆိုများပါသည်။ အဆိုပါထောက်ပံ့ကြေးငွေတွေသာမရှိခဲ့လျှင် ၎င်းအနေဖြင့် ကုမ္ပဏီပိတ်ပြီး တောင်အာဖရိက က ဇာတိမြေကို ပြန်ရပါလိမ့်မည်” ဟု ထရမ့်က ဆိုသည်။
ထရမ့်က နောက်ဆုံး၌ “ဒုံးကျည်တွေပစ်လွှတ်တာ၊ ဂြိုဟ်တု ဒါမှမဟုတ် လျှပ်စစ်ကား ထုတ်လုပ်တာတွေ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံက အရင်းအနှီးငွေ အများအပြား ချွေတာနိုင်မှာပါ။ ကျွန်တော်တို့က အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) ကို အဆိုပါ ကိစ္စအကြောင်း ကောင်းကောင်း သေသေချာချာ စုံစမ်းစစ်ဆေးခိုင်းသင့်ပါသည်။ ငွေအများကြီး ချွေတာနိုင်မှာပါ” ဟု ရေးသားခဲ့သည်။

အီလွန်မက်က ဒေသစံတော်ချိန် ဇွန် ၃၀ ရက်တွင် ထရမ့်က အင်တိုက်အားတိုက် ဖော်ဆောင် သည့် “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ၎င်းက ပို့စ်ပေါင်း ဒါဇင်ချီ ဆက်တိုက်တင်၍ အဆိုပါဥပဒေကြမ်းအား ထောက်ခံသည့် လွှတ်တော်အမတ်များအနေဖြင့် အရှက်ရသင့်ကြောင်း၊ ဥပဒေကြမ်းအတည်ပြုပါက ဒုတိယနေ့တွင်ပင် “အမေရိကန်ပါတီ” ထူထောင်သွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

အီလွန်မက်က ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီကြီးနှစ်ရပ်ကို စော်ကားသည့် စကားလုံးများဖြင့် ပြောကြားခဲ့ပြီး “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်းသည် ကြွေးမြီအများဆုံး ပမာဏကို အမေရိကန်ဒေါ်လာ ၅ ထရီလီယံအထိ စံချိန်တင် တိုးမြှင့်လိုက်မည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

ထရမ့်အစိုးရတက်လာပြီးနောက် အီလွန်မက် သည် အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးက “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်း စသည်တို့ကြောင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။ ထရမ့်က အီလွန်မက်ကို “ရူးနေပြီ” ဟု ဆိုခဲ့ဖူးပြီး အီလွန်မက် ကမူ ထရမ့်သည် “ကျေးဇူးကန်းသည်” ဟု ဆိုခဲ့သည်။ 

အစ္စရေး-အီရန် ပဋိပက္ခက အခြားအာရပ်နိုင်ငံများ၏ မဟာဗျူဟာများကို ပြောင်းလဲစေခဲ့

အစ္စရေး - အီရန် ပဋိပက္ခနှင့်ဆက်စပ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင်း ပြောင်းလဲလာမှုများကို လိုက်လျောညီထွေဖြစ်စေရန် အာရပ်နိုင်ငံများက ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒချမှတ်မှုများကို ချိန်ညှိ လျက်ရှိသည်။

အစ္စရေးနှင့် အီရန်တို့သည် ဇွန်လ ၂၄ ရက်နေ့တွင် အမေရိကန်နှင့် ကာတာနိုင်ငံတို့၏ အကူအညီဖြင့် ပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး ၁၂ ရက်ကြာ၌ ပဋိပက္ခကို အဆုံးသတ်ခဲ့သည်။ နှစ်ဖက် စလုံးတွင် အရေအတွက်များပြားသည့် လူသေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သော်လည်း လက်ရှိအခြေအနေမှာ ယေဘုယျအားဖြင့် တည်ငြိမ်နေသည်။ သို့ရာတွင် နှစ်ဖက် စလုံးက တစ်ဦးကို တစ်ဦး သဘောတူညီချက်ဖောက်ဖျက်မှုများ ပြုလုပ်သည်ဟုစွပ်စွဲပြီး ပြန်လည်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်သည်။

အာရပ်နိုင်ငံများက အဆိုပါပဋိပက္ခကို ဒေသ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်သည့် လမ်းကြောင်းမှ နောက်ပြန်လှည့်ရန် ဆွဲချနေသည့် လှေကားသဖွယ် ရှုမြင်ကြသည်။ ယခင်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပင်လယ်ကွေ့ဒေသ ခရီးစဉ်အတွင်း ၎င်းမြှင့်တင် ခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာမခံချက်များနှင့် နှိုင်းယှဉ်လျှင် ယင်း အခြေအနေမှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။

ယူအေအီးရှိ b’huth အတွေးအခေါ်အဖွဲ့၏ ဥက္ကဋ္ဌ မိုဟာမက် ဘာဟာရွန်က Christian Science Monitor သို့ ပြောကြားရာတွင် “အစ္စရေးက တင်းမာခက်ထန်သည့်မူဝါဒကို ဦးစားပေးနေစဉ် အခြားနိုင်ငံအားလုံးက အချင်းချင်း ရင်းနှီးသောဆက်ဆံမှုများ တည်ဆောက်ရန် ကြိုးစားနေကြ သည်။ စစ်မက်ဖြစ်ပွားခြင်းမရှိဘဲ အတူယှဉ်တွဲနေထိုင်သည့် အများနှင့်ဆိုင်သော နယ်ပယ်ဆိုသည့် အယူအဆသည် ယခုတိုင် အသက်ဝင်နိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်သည် အများသိရှိလိုသည့် မေးခွန်းတစ်ခုဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

အစ္စရေးသည် ကြာမြင့်စွာကတည်းကပင် အီရန်ကို အရှေ့အလယ်ပိုင်းဒေသတွင် “အဓိကရန်သူ” အဖြစ် မှတ်ယူထားသည်။ တီဟီရန်မှလည်း “တဲလ်အဗစ်မြို့ကို မြေပုံမှဖျက်ဆီးရန်” အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး အစ္စရေးက အီရန်၏နျူကလီးယားအစီအစဉ်ကို ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှုမြင်သည်။

အာရပ်နိုင်ငံများကလည်း အီရန်ကို ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်ကြပြီး တစ်ဖက်တွင် ဆွန်နီ အစ္စလာမ်နှင့် အခြားတစ်ဖက်တွင် ရှီးရိုက်ဂိုဏ်းဝင်များ၏ ကွဲပြားမှုလည်း ရှိနေသည်။ အီရန်က ဟားမက်၊ ဟဇ်ဘိုလာ ၊ ဟူသီစသည့် အရှေ့အလယ်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များကို ထောက်ခံ ခြင်းနှင့် ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ဒုံးကျည်များ ပိုင်ဆိုင်ထားခြင်းတို့သည် စိုးရိမ်စရာ တစ်ရပ်ဖြစ်နေပြီး အချို့အာရပ်နိုင်ငံများက အစ္စရေးနှင့် ညှိနှိုင်းလုပ်ဆောင်ရန် လှုံ့ဆော်ခြင်းခံနေ ရသည်။

အစ္စရေးနှင့် အီရန်အကြား ပဋိပက္ခက အဆိုပါအခြေအနေကို ပြောင်းလဲစေသည်။ အီရန်နှင့် ဟဇ်ဘိုလာ အပေါ် အစ္စရေး၏ စစ်ရေးနှင့် ထောက်လှမ်းရေးလုပ်ဆောင်ချက်များက အာရပ်နိုင်ငံ များစွာကို မငြိမ်မသက်ဖြစ်စေလျက်ရှိပြီး အစ္စရေးက အာရပ်တို့၏အကျိုးစီးပွားနှင့်ဆန့်ကျင်စွာ တဖက်သတ် လုပ်ဆောင်နေခြင်းကိုလည်း စိုးရိမ်နေကြသည်။

အမေရိကန် ရီပတ်ပလီကန်အမတ် ဇက်ချ်နန်က အရှေ့အလယ်ပိုင်းသို့ မကြာသေးမီက ခရီးစဉ်အတွင်း ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ဘာရိန်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် “စစ်ရေး အောင်မြင်မှုက အစ္စရေးကို ခက်ခဲသောအနေအထားသို့ ရောက်စေသည်” ဟု ပြောကြားခဲ့သည်။

ပင်လယ်ကွေ့နိုင်ငံများက အစ္စရေး၏စစ်ရေးစွမ်းရည်ကို မြင်တွေ့ခဲ့ပြီး တဲလ်အဗစ်အနေဖြင့် တာဝန်ယူမှု ရှိစွာလုပ်ဆောင်ရန် ကတိပြုစေလိုကြသည်။ယူအေအီးခေါင်းဆောင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေး အန်ဝါဂါရာရှ်က “ဒေသတွင်း၌ အက်ကြောင်းများစွာရှိနေပြီး တိုက်ခိုက်မှုနည်းလမ်းဖြင့် ဖြေရှင်း ပါက အားလုံးပြိုကွဲသွားနိုင်သည်” ဟု ပြောကြားခဲ့သည်။

အမေရိကန်အကူအညီဖြင့် သဘောတူညီခဲ့သော အေဗရာဟမ်သဘောတူညီချက် (Abraham Accords) တွင် ဆော်ဒီအာရေဗျ ပါဝင်ရန် အလားအလာမြင့်တက်လျက်ရှိသည်။ ယင်းသဘောတူ ညီချက်သည် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုရန် ဆောင်ရွက်မည်ဖြစ်ပြီး အစ္စရေး-အာရပ်ကမ္ဘာ ဆက်ဆံရေး ခိုင်မာစေကာ ဒေသတွင်း အသိအမှတ်ပြုမှု တိုးမြှင့်ရန် လမ်းဖွင့်ပေးလိမ့်မည်ဖြစ် သည်။ ယခုအခါ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နှင့် မော်ရိုကိုနိုင်ငံတို့က အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည်။
Wall Street Journal ၏ သုံးသပ်ချက်အရ တဲလ်အဗစ်၏ စစ်ရေးနှင့် ထောက်လှမ်းရေးစွမ်းရည်ကို မြင်တွေ့ပြီးနောက် ဆော်ဒီအာရေဗျအနေဖြင့် အချိန်ပိုယူ၍ အကဲဖြတ်ရန် လိုအပ်နေသည်။ စစ်မက်အတွက် စွန့်စားရန် အသင့်ရှိသည့် အစ္စရေး၏ လုပ်ဆောင်ချက်များက ရီယာ့ဒ်အား သတိထားမိစေခဲ့သည်။ 

ဆော်ဒီအရာရှိတစ်ဦးက “အစ္စရေးနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းမှုများစွာ လိုအပ်သည်။ လက်ရှိအချိန်မှာ မသင့်တော်သေးပါ” ဟု ပြောကြားခဲ့သည်။ “လက်ရှိ အရေးတကြီး ကိစ္စမှာ အီရန်ခြိမ်းခြောက်မှုမဟုတ်ဘဲ ပါလက်စတိုင်းနိုင်ငံဖြစ်ရေးပါ” ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။ 
ဆော်ဒီအာရေဗျသည် အစ္စရေးနှင့် ဟားမက်အကြား ဂါဇာစစ်ပွဲပြီးဆုံးမှသာ အေဗရာဟမ်သဘောတူ ညီချက်တွင် ပါဝင်မည်ဟု ရှင်းလင်းစွာ ကြေညာထားသည်။ ရီယာ့ဒ်က ပဋိပက္ခ၏ အရင်းခံ အကြောင်းရင်းများကို ဖြေရှင်းရန် ပါလက်စတိုင်းနိုင်ငံဖြစ်ရေးအတွက် ယုံကြည်စိတ်ချရသော လမ်းကြောင်း တစ်ခု လိုအပ်ကြောင်း ခိုင်ခိုင်မာမာပြောဆိုထားသည်။ သို့သော် တဲလ်အဗစ်က အဆိုပါအချက်ကို အခိုင် အမာ ငြင်းဆိုထားသည်။

ဂျော်ဒန်နှင့် အီဂျစ်ကဲ့သို့သော အခြားအာရပ်နိုင်ငံများသည် အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ရှိထားသော်လည်း သတိထား၍ ဟန်ချက်ညီသော တုံ့ပြန်မှုများကို ရွေးချယ်ထားသည်။

ဂျော်ဒန်သည် အစ္စရေးက အီရန်ကို တိုက်ခိုက်မှုအား ဝေဖန်သည့် ကြေညာချက်ကို အာရပ်နိုင်ငံ ၂၀ နှင့်အတူ ထုတ်ပြန်ခဲ့သော်လည်း၊ တီဟီရန်က တဲလ်အဗစ်အပေါ် တုံ့ပြန်တိုက်ခိုက်ရန် ပစ်လွှတ်ခဲ့ သည့် ဒုံးပျံနှင့် ဒရုန်းများကို လေကြောင်းနယ်နိမိတ်အတွင်း ပိတ်ဆို့ကာကွယ်ရန် ပူးပေါင်းပါဝင် ခဲ့သည်။

အီဂျစ်က အစ္စရေး-အီရန် ပစ်ခတ်ရပ်စဲရေးကို ကြိုဆိုခဲ့ပြီး ဒေသတွင်းအကျပ်အတည်းများအတွက် ရေရှည်ဖြေရှင်းနည်းရှာရန် သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ကြေညာ ခဲ့သည်။ သို့သော် ကိုင်ရိုသည် ဂါဇာမှ ပါလက်စတိုင်းဒုက္ခသည်များကို အီဂျစ်က လက်ခံရန် ဖြစ်နိုင်ခြေရှိသည့် အမေရိကန် သို့မဟုတ် အစ္စရေးအစီအစဉ်များကို အခိုင်အမာ ငြင်းဆိုခဲ့သည်။

ဂျေရုဆလင်ရှိ Hebrew University ၏ အစ္စလာမ်ဘာသာရေး ပါမောက္ခ Simon Wolfgang Fuchs က DW သို့ ပြောကြားရာတွင် “အီဂျစ်အစိုးရသည် အမေရိကန်မှ စစ်ရေးအကူအညီကို အလွန် အမင်းမှီခိုနေရသည့်အတွက် အစ္စရေးနှင့် အမေရိကန်တို့၏ ငြိုငြင်မှုမှ ရှောင်ရှားရန် ကြိုးစားသည်” ဟု ဖော်ပြခဲ့သည်။ ဥပမာအားဖြင့် ဇွန်လ ၁၄ ရက်တွင် ဂါဇာအား ထောက်ခံသည့် တူနီးရှားမှ ချီတက်ပွဲကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အီရန်၏ အိမ်နီးချင်းနိုင်ငံများသည် ဒေသတွင်း ဟန်ချက်ညီမှုထိန်းသိမ်းရေး၏ အရေးပါမှုကို ရှင်းရှင်း လင်းလင်း နားလည်ထားသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် အီရန် အားနည်းလာမှုကို မြင်တွေ့လို သော်လည်း နိုင်ငံတွင်းအရှုပ်တော်ပုံ မဖြစ်စေလိုကြပေ။

အာရပ်နိုင်ငံများသည် အီရန်၏ နျူကလီးယားစွမ်းရည်နှင့် ဒုံးကျည်အစီအစဉ်များကို စိုးရိမ်နေကြ သော်လည်း အီရန်အစိုးရ အကြီးအကျယ်ပြိုလဲပါက ဖြစ်ပေါ်လာမည့် လူမှုရေး/နိုင်ငံရေး အရှုပ်တော်ပုံကို ပို၍ပင်စိုးရိမ်နေကြသည်။ အထူးသဖြင့် အီရန်အား နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများကြောင့် ပြည်တွင်းမငြိမ်မသက်မှုများ မြင့်တက်လာပြီး အကယ်၍ အစိုးရပြိုလဲပါက အီရန်မှ ဒုက္ခသည်များ အိမ်နီးချင်းနိုင်ငံများသို့ စီးဝင်လာနိုင်ခြေရှိနေသည်ကို အထူးစိုးရိမ်နေကြသည်။

ကိုးကား- VN Express

https://vnexpress.net/xung-dot-israel-iran-xoay-chuyen-tinh-toan-cua-cac-nuoc-arab-4907374.html

အီရန်အနေဖြင့် အညံ့ခံမည်မဟုတ်ဟု ခါမေနီ ပြော

အစ္စရေးနှင့် ပဋိပက္ခဖြစ်ပွားနေချိန်တွင် အီရန်အနေဖြင့် ဆက်လက်၍ မဆုတ်မနစ်ရှိနေမည် ဖြစ်ကာ ဖိအားပေးမှုများရှိလင့်ကစား မည်သူ့ကိုမှ အညံ့ခံမည်မဟုတ်ကြောင်း အီရန်ထိပ်တန်း ခေါင်းဆောင် အလီခါမေနီက ဇွန် ၁၈ ရက်၌ ပြောကြားခဲ့သည်ဟု အီရန်၏ Tasnim သတင်း ဌာနက ဖော်ပြခဲ့သည်။

အစ္စရေး၏ “မိုက်မဲ၍ အငြိုးထားသော ကျူးကျော်ရန်စမှု” အား အီရန်ပြည်သူများ၏ “မဆုတ် မနစ် ရဲဝံ့စွာ အချိန်ကိုက်” တုံ့ပြန်မှုအပေါ် ခါမေနီက ရုပ်သံမိန့်ခွန်း၌ ချီးကျူးပြောဆိုခဲ့သည်။ အီရန်၏ မဆုတ်မနစ် ကြံ့ကြံ့ခံနိုင်စွမ်းက မိမိတို့နိုင်ငံ၏ ဆင်ခြင်တုံတရားနှင့် ဘာသာ အယူဝါဒ ခိုင်မာအားကောင်းမှုကို ထင်ဟပ်စေသည်ဟု ၎င်းက ဆိုသည်။

“အီရန်နိုင်ငံအနေဖြင့် အတင်းအကျပ်ဖန်တီးထားသည့် စစ်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် သလို အတင်းအကျပ်ယူထားသည့် ငြိမ်းချမ်းရေးကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင် သွားမှာပါ။ အီရန်သည် မည်သူဖိအားပေးတာကိုမျှ အညံ့ခံအရှုံးပေးမှာ မဟုတ်ပါ” ဟု ခါမေနီက ပြောကြားခဲ့ကြောင်း Tasnim သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

ထို့အတူ အမေရိကန်၏ စစ်ရေးအရ ပါဝင်ပတ်သက်မှု ဟူသမျှမှာလည်း “အစားထိုးမရသော ဆုံးရှုံးမှု” ကို ဖြစ်ပေါ်စေမည်ဟု ခါမေနီက သတိပေးခဲ့သည်။ “အီရန်နိုင်ငံအကြောင်း၊ အီရန် သမိုင်းကြောင်းကို သိထားတဲ့သူတွေကတော့ ဒီနိုင်ငံကို ခြိမ်းခြောက်အကျပ်ကိုင်တာက အချည်းနှီးပဲဆိုတာကို သိကြမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ အီရန်အား “ခြွင်းချက်မရှိ အညံ့ခံရန်” တိုက်တွန်းထားပြီး ခါမေနီအား တိုက်ရိုက်ပစ်မှတ်ထားပုံရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆိုရှယ်မီဒီယာပို့စ်များ ဆက်တိုက်ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ ခါမေနီ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဆိုရှယ်မီဒီယာပို့စ်များ ထွက်ပေါ် လာပြီးနောက် ထရမ့်အနေဖြင့် ထိုပဋိပက္ခ၌ အမေရိကန်စစ်တပ်အား ပါဝင်ပတ်သက်စေဖွယ်ရှိသည် ဟူသော ထင်ကြေးပေးမှုများကို အရှိန်မြင့်တက်စေခဲ့သည်။

အစ္စရေးနှင့် အီရန်ကြား လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်မှာ ခြောက်ရက်‌မြောက်သို့ ရောက်ရှိလာပြီဖြစ်ကာ တိုက်ခိုက်မှုများကြောင့် အီရန်ဘက်တွင် သေဆုံးသူ ၆၀၀ နီးပါး၊ အစ္စရေး ဘက်တွင် သေဆုံးသူ ၂၄ ဦး ရှိခဲ့ကြောင်းသိရသည်။ အစ္စရေးက အီရန်နိုင်ငံ အနှံ့အပြားတွင် ဇွန် ၁၃ ရက်က လျှပ်တစ်ပြက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ချိန်မှစ၍ စစ်ရေး တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့သည်။ 

ကိုးကား -ဆင်ဟွာ

ရုရှား၏ ခု(စ်)ဒေသသို့ မြောက်ကိုရီးယားက အင်ဂျင်နီယာစစ်သည်များစေလွှတ်ပေးမည်

မြောက်ကိုရီးယားနိုင်ငံသည် ရုရှား၏ ခု(စ်)ဒေသ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အင်ဂျင်နီယာစစ်သည် ထောင်ပေါင်းများစွာကို စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေး ကောင်စီအတွင်းရေးမှူး ဆာဂျီရွှိုင်ဂူက ဇွန်လ ၁၇ ရက်တွင်ပြောသည်။

ယခုကဲ့သို့ အင်ဂျင်နီယာစစ်သည်များ စေလွှတ်ပေးခြင်းသည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်အရ ရုရှားနိုင်ငံသို့

မြောက်ကိုရီးယားနိုင်ငံက ကူညီပေးခြင်းဖြစ်ကြောင်း ဆာဂျီရွှိုင်ဂူကပြောသည်။

ဆာဂျီရွှိုင်ဂူသည် မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်၍ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့်တွေ့ဆုံပြီးနောက် ယခုသဘောတူညီချက်ကိုရရှိခဲ့ ခြင်းဖြစ်သည်။

မြောက်ကိုရီးယားစစ်သည်များသည် ရုရှားဘက်မှ ပါဝင်ကူညီတိုက်ပွဲဝင်ပေးခြင်းကြောင့် ခု(စ်)ဒေသက ယူကရိန်းတို့ လက်မှလွတ်မြောက်လာခြင်းဖြစ်ကြောင်း ဆာဂျီရွှိုင်ဂူကပြောထားသည်။ 

Ref : RT

Photo - The NewYork Times