ဒဏ်ခတ်ပိတ်ဆို့ခြင်းက တစ်လမ်းမောင်းမဟုတ်ဟု ထရမ့်ပြော
နိုင်ငံတစ်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ခြင်းသည် အမေရိကန်နိုင်ငံ ကို စီးပွားရေးအရများစွာဆုံးရှုံးစေနိုင်ပြီး လွယ်ကူသည့်လုပ်ငန်းတစ်ခုမဟုတ်သည့် အပြင် တစ်လမ်းမောင်းသွားသည့်ပုံစံ ဖြစ်မနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောသည်။
ထို့ပြင် ၎င်းအနေဖြင့် ရုရှားနိုင်ငံအပေါ် ပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အသင့်မဖြစ်သေးကြောင်း၊ ရုရှား နိုင်ငံကို နောက်ထပ်ချမှတ်မည့်ဒဏ်ခတ် ပိတ်ဆို့မှုများသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးကို များစွာဆုံးရှုံးနိုင်စေမည်ဖြစ်ကြောင်း ထရမ့်ကပြောသည်ဟု Bloom-berg သတင်းဌာနက ဇွန်လ ၁၇ ရက်တွင် ဖော်ပြထားသည်။
အလားတူ လွှတ်တော်ကရေးဆွဲထား သည့် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး ဥပဒေမူကြမ်းအရ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကိုပါ ယိုယွင်းစေနိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။
Ref: RT
MWD Daily Newspaper
Photo - Euro News
Subject-Image
Posted-Date
MM-Subject-Category