ဟွန်ဆန်နှင့်ထိုင်းဝန်ကြီးချုပ်တို့ ဖုန်းပြောသည့်အသံဖိုင် ထွက်ပေါ်လာ၊ နှစ်နိုင်ငံတင်းမာမှုကိုပိုမိုမြင့်မားလာစေ

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဖြစ်သည့် ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပေထုန်ထန်ရှင်နာဝပ်တို့ကြား ဖုန်းပြော ထားသည့်အသံဖိုင်ထွက်ပေါ်လာပြီးနောက် နှစ်နိုင်ငံကြားဖြစ်ပေါ်နေသည့် တင်းမာမှု ကိုပိုမိုမြင့်မားလာစေကြောင်းသိရသည်။ အဆိုပါဖုန်းပြောမှုကို ဇွန်လ ၁၅ ရက် တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး ဇွန်လ ၁၈ ရက်တွင် အသံဖိုင်ထွက်ပေါ်လာခြင်းဖြစ် ရာ ထိုသို့ပြောဆိုထားသည်မှာလည်း မှန်ကန်ကြောင်း နှစ်ဖက်စလုံးကအတည် ပြုထားသည်။

ထိုအသံဖိုင်တွင် ထိုင်းဝန်ကြီးချုပ်က ၎င်းအနေဖြင့် ပြည်တွင်းဖိအားများကို ရင်ဆိုင်နေရကြောင်းနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်း၏ပြောဆိုမှုများကိုနားမထောင် ရန် ဟွန်ဆန်ကိုတိုက်တွန်းထားကြောင်း တွေ့ရသည်။ ယင်းအသံဖိုင်ပေါက်ကြား မှုသည် ဟွန်ဆန်က အသံဖမ်းထားသည့် ထိုစကားပြောဆိုမှုကို မျှဝေလိုက်သော နိုင်ငံရေးသမား ၈၀ အနက် တစ်ဦး၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းကပြောထားသည်။

Ref: AGC

Photo - Yahoo

Subject-Image

  • ဟွန်ဆန်နှင့်ထိုင်းဝန်ကြီးချုပ်တို့ ဖုန်းပြောသည့်အသံဖိုင် ထွက်ပေါ်လာ၊ နှစ်နိုင်ငံတင်းမာမှုကိုပိုမိုမြင့်မားလာစေ

Posted-Date