သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

နယူးဂျာစီပြည်နယ်ကို ရေဘေးအန္တရာယ်အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း ပြည်နယ်အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ကြေညာ

ဝါရှင်တန် ဇူလိုင် ၁၅ 
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် နေရာအနှံ့ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် အတွက်ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်သည်ဟု နယူးဂျာစီပြည်နယ် ဝန်ကြီးချုပ် ဖီးလ်မာဂီက ထုတ်ပြန်ခဲ့ကြောင်း ယနေ့သတင်းများအရသိရသည်။

လမ်းမကြီးများတွင်လည်း ရေလွှမ်းနေသည့်အတွက် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍများကို ယာယီရပ်ဆိုင်းထားရပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်တချို့ကိုလည်း ယာယီပိတ်ထားရကြောင်း နယူးဂျာစီပြည်နယ် အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။

နယူးဂျာစီပြည်နယ်တွင် ဇူလိုင် ၁၄ ရက်မှစတင်၍ မိုးရေချိန် တစ်နာရီ နှစ်လက်မနှုန်းဖြင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အချိန်တိုအတွင်း ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတော့နေရာအနှံ့အပြားမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ "မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လမ်းမကြီးတွေကို ယာယီပိတ်ထားရပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ရပ်ဆိုင်းထားရတဲ့ထိ ဖြစ်ပွားနေတာကြောင့် ရေကြီးရေလျှံမှု အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ရေဘေးဒဏ်သင့် ဧရိယာမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ကိုသွားလာခြင်းမပြုကြဖို့ တိုက်တွန်းထားပါတယ်”ဟု နယူးဂျာစီပြည်နယ် ဝန်ကြီးချုပ် ဖီးလ်မာဖီက ပြောကြားသွားခဲ့သည်။

မိုးရေချိန်မှာဆက်လက်ဖြင့် တက်လာနိုင်ဖွယ်ရှိနေသည့်အတွက် ရေကြီးရေလျှံမှု အခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိနေကြောင်း နေရှင်နယ်မိုးလေ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

အရေးပေါ်အခြေအနေ သတ်မှတ်လိုက်သည့်အတွက်ကြောင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဖက်ဒရယ်အစိုးရကကူညီ ထောက်ပံ့ပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Sputnik News

Trs: Sai Sat

နယူးယောက်တွင် ရေကြီးမှုပြင်းထန်ကာ မြေအောက်ရထားဘူတာများအတွင်းသို့ ရေများစီးဝင်

ဇူလိုင်လ ၁၄ ရက် ညပိုင်းမှ နောက်တစ်နေ့အထိ နယူးယောက်မြို့၊ နယူးဂျာစီနှင့် ကွန်နက်တီကတ်ပြည်နယ်တို့ပါဝင်သော ဒေသများတွင်စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှုများနှင့် ကြီးမားသော ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

နယူးယောက်ရှိ အဓိကလမ်းများဖြစ်သော Saw Mill River Boulevard နှင့် Cross Bronx Expressway တို့သည် ရေလျှံမှုကြောင့် ယာယီ ပိတ် ထားရသည်။ နယူးယောက် Central Park ဧရိယာတွင် တစ်နာရီအတွင်း မိုးရေချိန် ၅၂ မီလီမီတာ (၂ လက်မ) ရွာသွန်းခဲ့ပြီး ယင်းမှာ ထိုဒေသတွင် "နှစ် ၂၀ အတွင်းတစ်ကြိမ်သာ" ဖြစ်ပေါ်လေ့ရှိသော မိုးရွာသွန်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ရေလျှံမှုကြောင့် ရထားလိုင်းများစွာလည်း ရပ်ဆိုင်းခဲ့ရသည်။ ခရီးသည် များမှ ရိုက်ကူးထားသော ဗီဒီယိုတွင် မန်ဟက်တန် No. 1 ရထားဘူတာ၌ ရေများ အမြောက်အမြား ပန်းထွက်လာကာ ရထားအတွင်းသို့ စီးဝင်ပြီး ခရီးသည်အချို့ ခုံပေါ်တွင် တက်ထိုင်နေရသည့် မြင်ကွင်းများ ပါဝင်သည်။

"မိုးသည်းထန်စွာ ရွာသွန်းပါက မြို့တော်၏ ရေဆိုးစွန့်စနစ်များ ပြည့်လျှံပြီး ရေများသည် မြေအောက်ရထားဘူတာများဆီသို့ စီးဆင်းလာ တတ်ပါသည်" ဟု နယူးယောက်မက်ထရိုပိုလီတန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ ဥက္ကဋ္ဌ ဂျန်နိုလီဘာ က ပြောကြားခဲ့သည်။

ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် မြေအောက်ရထားလုပ်ငန်းများ ပြန်လည်၍ ပုံမှန်လည်ပတ်နိုင်ခဲ့သော်လည်း လမ်းများစွာသည် ရေလျှံမှုကြောင့် ပိတ်ဆို့နေဆဲဖြစ်သည်။

ဝက်စ်ချက်စတာကောင်တီတွင် အရာရှိများက ရေလျှံမှုကြောင့် ယာဉ်များ အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ခဲ့ရသည်။ အယ်လ်မ်စ်ဖို့ဒ် မြို့တော် သည် လမ်းများ၊ အိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အကြီးအကျယ် ပျက်စီးစေသည့် ရေလျှံမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

နယူးဂျာစီပြည်နယ်တွင် အရာရှိများက မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ ဆက်လက်ဖြစ်ပေါ်နေသော အန္တရာယ်ရှိသည့် ရေလျှံမှု အခြေအနေ များကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

ဇူလိုင် ၁၅ ရက်တွင် လေကြောင်းခရီးစဉ် ၁၀၀ ကျော် ပယ်ဖျက်ခဲ့ရပြီး ရုတ်တရက်ရေကြီးမှုသတိပေးချက်များ ဝါရှင်တန်ဒီစီနှင့် ဗာဂျီးနီးယား ပြည်နယ် Arlington County အထိ ကျယ်ပြန့်လာခဲ့သည်။

ဗာဂျီးနီးယားပြည်နယ် Petersburg တွင် အရေးပေါ် အခြေအနေ ကြေညာကာ နေထိုင်သူများအား လမ်းများပေါ်မထွက်ရန် တိုက်တွန်း ခဲ့သည်။ အချို့ဒေသများတွင် နေအိမ်များ၏ ခြံဝင်းအတွင်း ရေအမြင့် ၁၈ လက်မ (၄၅ စင်တီမီတာ) အထိ မြင့်တက်နေသည်ဟု ဒေသခံများက သတင်းပေးပို့ခဲ့သည်။

ရုတ်တရက်ရေကြီးမှုများကြောင့် လေဆိပ်များတွင် ခရီးစဉ်များ အများ အပြား နှောင့်နှေးခဲ့ရပြီး ခရီးသည်များ ဒုက္ခရောက်ခဲ့ရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေလျှံမှုများသည် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပနားမားနိုင်ငံ ဘူရီကာမြို့တောင်ဘက်တွင် ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

ပနားမားစီးတီး ဇူလိုင် ၁၅

လက်ရှိတွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူနေအဆောက်အအုံ အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားတချို့ ပျက်စီးခဲ့ရသည့်အပြင် သစ်ပင်များနှင့် လျှပ်စစ်ဓာတ်အားပေးဓာတ်တိုင်တချို့ ပြိုလဲခဲ့ရကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့သည့်အတွက်ကြောင့် စိတ်ချရမှုမရှိသော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများရှိကြောင်း၊ အဆိုပါအဆောက်အအုံများကို စစ်ဆေးမှု များပြုလုပ်ပြီးမှ နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ငလျင်သည် အင်အားအနည်းငယ် ပြင်းထန်သော်လည်း လက်ရှိအချိန်ထိဆူနာမီသတိပေးချက် ထုတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

ပနားမားနိုင်ငံ ဘူရီကာမြို့ တောင်ဘက် ၂၁၇ ကီလိုမီတာ အကွာတွင် ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခု ဇူလိုင် ၁၄ ရက်က လှုပ်ခတ်ခဲ့ ကြောင်း ပနားမား ဘူမိဗေဒ တိုင်းတာရေးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ခတ်ခဲ့သည့် ငလျင် ၏ ဗဟိုချက်သည် ဘူရီကာမြို့ တောင်ဘက် ၂၁၇ ကီလိုမီတာ အကွာ အနက် ၁၀ ကီလိုမီတာ၊ မြောက်လောင်ဂျီတွဒ် ၆ ဒဿမ သုည ၈ ဒီဂရီနှင့် အနောက်လတ္တီ တွဒ် ၈၂ ဒသမ ၇၂ ဒီဂရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

လတ်တလော လူသေဆုံးမှုမရှိသေးသော်လည်း ထိခိုက်ဒဏ်ရာ ရသူများနှင့် ပိတ်မိနေသူတချို့ရှိသဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း နိုင်ငံအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Russia Today

Trs: KZ

YDNB Newspaper
 
မန္တလေးတွင် ငလျင်ထပ်လှုပ်ပြန် ၊ မြို့နေသူများ သိသာစွာခံစားလိုက်ရ

မန္တလေးမြို့တွင် ယနေ့ ဇူလိုင် (၁၆) ရက် နံနက် အစောပိုင်းက ငလျင်ထပ်မံလှုပ်လျားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှုအရ ငလျင်ပြင်းအားသည် ၄.၉ ရစ်(ခ်)တာစကေးရှိသည်ဟု သိရပြီး လှုပ်ခတ်မှုကို မြို့နေသူများ သိသာစွာခံစားရကြော င်း သိရသည်။

“ဒီတခါ လှုပ်တာ ကြာလည်းကြာတယ်၊ အိပ်နေရင်းနိုးလာတာနဲ့ ထပြေးကြရတယ်” ဟု မြိူ့ခံတစ်ဦးက ဆိုသည်။

မိုးဇလက မြေငလျင်သတင်းအမှတ်စဉ် ၂၀၅ အဖြစ် ဖော်ပြထားပြီး နံနက် (၃) နာရီခွဲဝန်းကျင်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် (၄) မိုင်ခန့်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – Kyaw Gyi Mdy

Popular Myanmar

မြေငလျင်သတင်း    (မြန်မာစံတော်ချိန် ၀၇:၂၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၀၄)မိနစ်၊ (၀၆)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းခတ်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၃၃) ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။

မိုး/ဇလ 

မွန်းလွဲပိုင်းကရွာသွန်းခဲ့သည့်မိုးကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်များလဲကျ

ယနေ့ ဇူလိုင် ၁၀ ရက်မွန်းလွဲပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ရန်ကုန်တိုင်းရှိ စမ်းချောင်းမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

စမ်းချောင်းမြို့နယ်တွင် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က မိုးရွာသွန်းမှုကြောင့် ရှင်စောပုရပ်ကွက်၊ ဗားကရာလမ်းတွင် ကားတစ်စီးပေါ်သို့သစ်ပင်လဲကျကာ ပိမိနေသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်ခန့်ကလည်း တိုက်ကြီးမြို့နယ်အတွင်းမိုးရွာသွန်းမှုကြောင့် တာဂွကျေး ရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းပေါ်တွင်သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စ ခန်းမှတပ်ဖွဲဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

မြေငလျင်သတင်း    (မြန်မာစံတော်ချိန် ၀၇:၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆) နာရီ၊ (၅၆)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၁၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ခန္တီးမြို့၏ အနောက်တောင်ဘက် မိုင်(၃၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၆)ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

တက္ကဆက်ရေဘေးဒဏ်ခံဒေသတွင် အမှိုက်ပုံများ ပေ ၂၀ အမြင့်ထိ စုပုံ နေခဲ့ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက ပြောကြား

စေတနာ့ဝန်ထမ်း Carlos "Gilley" Mendoza က CNN သတင်းထောက် Kate Bolduan အား တက္ကဆက်အလယ်ပိုင်းရေကြီးမှုအပြီး အမှိုက်ပုံကြီးများရှင်းလင်းရေးလုပ်ငန်းများအကြောင်း ပြောပြခဲ့သည်။

၎င်းနှင့် အခြားစေတနာ့ဝန်ထမ်းများသည် ဇူလိုင် ၄ ရက်ရေကြီးမှုအပြီး နှစ်ရက် အကြာ တနင်္ဂနွေ (ဇူလိုင် ၆) နံနက်တွင် နေရာတစ်ခုသို့ ရောက်ရှိခဲ့ပြီး မြင်ရသည့်အခြေအနေမှာ မယုံကြည်နိုင်လောက်သော အံ့အားသင့် စရာဖြစ်ခဲ့သည်ဟု ဆိုသည်။

“မိမိတို့ မည်သူမျှ မမြင်ဖူးသည့်အခြေအနေမျိုးပါ၊ ဖြစ်ပျက်ခဲ့သည်များကို မြင်ရသည်မှာ အရမ်းအံ့အားသင့်စရာပါ။ ဘယ်ကနေ စရမည် ဆိုသည်ကိုတောင် မသိခဲ့ပါ။ အမှိုက်ပုံတွေက ပေ ၂၀ အမြင့်ထိ ရှိနေပြီး သစ်ပင် တွေကို ကြည့်လိုက်လျှင် ပေ ၂၀ ကျော်အမြင့်မှာ အရာဝတ္ထုတွေ ညပ် နေတာတွေ့သည့်အတွက် ဒါက ရေဘယ်လောက်မြင့်ခဲ့သည်ဆိုတာ သဘော ပေါက်စေပါသည် ၊ ကားများ၊ RV ယာဉ်ကြီးများ ပါလာပါသည်။ သစ်ပင် တွေအများကြီးပါ၊ မိမိတို့ လုပ်နိုင်သည့်နေရာကို စတင်ကူညီခဲ့ကြ ပါသည်” ဟု ၎င်းက ဆိုသည်။

Mendoza က CNN အား အမှိုက်ပုံကြီးများနှင့် အမြစ်လန်သွားသည့် သစ်ပင်များ၏ ဗီဒီယိုများကို ပြသခဲ့ပြီး စေတနာ့ဝန်ထမ်းများ တစ်စတစ်စ တိုးလာပြီး နောက်ဆုံးတွင် လူ ၂၀၀ မှ ၂၅၀ ကျော်အထိ ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ကိုးကား- CNN

Photo: Yahoo