သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

တက္ကဆက်ပြည်နယ်ရေကြီးမှု သေဆုံးသူ ၁၁၀ ဦး အထိရှိလာ

အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်၌ ဇူလိုင်လ ၄ ရက်တွင်ဖြစ်ပွားသော ရုတ်တရက်ရေကြီးမှုကြောင့် ဇူလိုင်လ ၈ ရက်အထိ သေဆုံးသူ ၁၁၀ ဦးအထိရှိလာပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးသူ ၁၆၀ ကျော်မှ ၁၈၀ ကြား ရှိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

သေဆုံးသူများအနက် ၈၇ ဦးမှာ ကားနယ်မြေမှဖြစ်ကြောင်း၊ ဂွါဒါလုမြစ်ကမ်းတစ်လျှောက်တွင်ရှိသော  မစ္စတစ်စခန်းသို့ လာရောက်သူများနှင့် အကြံပေးပုဂ္ဂိုလ်များ စုစုပေါင်း ၂၇ ဦးမှာ ရေကြီးမှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း၊   ရေကြီးမှုဖြစ်ပွားချိန်တွင်  ကလေးငယ် ၇၅၀ ခန့်ရှိကြောင်း  တာဝန်ရှိသူများက အတည်ပြုထုတ်ပြန်ထားသည်။

ဂွါဒါလုမြစ်ကြောင်း တစ်လျှောက်တွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးများ လုပ်နေ‌ကြောင်း၊  ပြည်သူများအနေဖြင့်လည်း  မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ သတင်းပေးနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး   ဂရက်အဘော့ကပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး၏ တောင်းဆိုချက်အရ ကားနယ်မြေအတွက် ကြီးမားသော သဘာဝဘေး ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ထားကြောင်း သိရသည်။

MWD Web Portal

တက္ကဆက်ရေဘေးဒဏ်ခံဒေသတွင် အမှိုက်ပုံများ ပေ ၂၀ အမြင့်ထိ စုပုံ နေခဲ့ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက ပြောကြား

စေတနာ့ဝန်ထမ်း Carlos "Gilley" Mendoza က CNN သတင်းထောက် Kate Bolduan အား တက္ကဆက်အလယ်ပိုင်းရေကြီးမှုအပြီး အမှိုက်ပုံကြီးများရှင်းလင်းရေးလုပ်ငန်းများအကြောင်း ပြောပြခဲ့သည်။

၎င်းနှင့် အခြားစေတနာ့ဝန်ထမ်းများသည် ဇူလိုင် ၄ ရက်ရေကြီးမှုအပြီး နှစ်ရက် အကြာ တနင်္ဂနွေ (ဇူလိုင် ၆) နံနက်တွင် နေရာတစ်ခုသို့ ရောက်ရှိခဲ့ပြီး မြင်ရသည့်အခြေအနေမှာ မယုံကြည်နိုင်လောက်သော အံ့အားသင့် စရာဖြစ်ခဲ့သည်ဟု ဆိုသည်။

“မိမိတို့ မည်သူမျှ မမြင်ဖူးသည့်အခြေအနေမျိုးပါ၊ ဖြစ်ပျက်ခဲ့သည်များကို မြင်ရသည်မှာ အရမ်းအံ့အားသင့်စရာပါ။ ဘယ်ကနေ စရမည် ဆိုသည်ကိုတောင် မသိခဲ့ပါ။ အမှိုက်ပုံတွေက ပေ ၂၀ အမြင့်ထိ ရှိနေပြီး သစ်ပင် တွေကို ကြည့်လိုက်လျှင် ပေ ၂၀ ကျော်အမြင့်မှာ အရာဝတ္ထုတွေ ညပ် နေတာတွေ့သည့်အတွက် ဒါက ရေဘယ်လောက်မြင့်ခဲ့သည်ဆိုတာ သဘော ပေါက်စေပါသည် ၊ ကားများ၊ RV ယာဉ်ကြီးများ ပါလာပါသည်။ သစ်ပင် တွေအများကြီးပါ၊ မိမိတို့ လုပ်နိုင်သည့်နေရာကို စတင်ကူညီခဲ့ကြ ပါသည်” ဟု ၎င်းက ဆိုသည်။

Mendoza က CNN အား အမှိုက်ပုံကြီးများနှင့် အမြစ်လန်သွားသည့် သစ်ပင်များ၏ ဗီဒီယိုများကို ပြသခဲ့ပြီး စေတနာ့ဝန်ထမ်းများ တစ်စတစ်စ တိုးလာပြီး နောက်ဆုံးတွင် လူ ၂၀၀ မှ ၂၅၀ ကျော်အထိ ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ကိုးကား- CNN

Photo: Yahoo

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တိဗက်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှု တရုတ်-နီပေါ ချစ်ကြည်ရေးတံတား ကျိုးကျသည်အထိဖြစ်ပွား

တရုတ်နိုင်ငံ တိဗက်ဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုသည် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့ကြားရှိ ချစ်ကြည်ရေးတံတားကို ကျိုးကျစေသည်အထိ ဖြစ်ပွားကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၈ ရက်တွင် ပြောသည်။

တိဗက်ဒေသ၌ မိုးသည်းထန်စွာရွာမှုသည် ဘုတ်ခိုရှီမြစ်ရေကြီးခြင်းကို ဖြစ်ပေါ်လာစေပြီး ယင်းမှတစ်ဆင့် ချစ်ကြည်ရေးတံတားကို ရေစီးအားဖြင့် တိုက်ချသွားခြင်း ဖြစ်ကြောင်းနှင့် လူပေါင်းနှစ်ဒါဇင်ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန် ရှိသူများက ပြောသည်။

ပျောက်ဆုံးနေသူများ အနက် ၁၈ ဦးမှာ နီပေါနိုင်ငံမှဖြစ်ပြီး   ၁၁ ဦးမှာ  တရုတ်နိုင်ငံမှဖြစ်ကြောင်း   သတင်းဌာနများ၏ ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ထို့အတူ   နီပေါနိုင်ငံ၌ပျောက်ဆုံးနေသူများတွင်  တရုတ်နိုင်ငံသား ခြောက်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးပါဝင်ကြောင်း   နီပေါသဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ချစ်ကြည်ရေးတံတား ကျိုးကျသွားသည့်အတွက် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့ကြား ကုန်သွယ်ရေး ရပ်တန့်သွားရပြီး တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများပါဝင်သည့် ကုန်သေတ္တာများမှာလည်း ရေစီးနှင့် အတူ မျောပါသွားကြောင်း၊ ဆုံးရှုံးမှုမှာလည်း အလွန်ကြီးမားကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ကောက်ယူနေဆဲဖြစ်ကြောင်း ရာဆူဝါခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးဖြစ်သည့် အာဂျွန်ပေါဒဲက ပြောထားသည် ဟုသိရသည်။

တက္ကဆက်ပြည်နယ်ရေကြီးမှု သေဆုံးသူဦးရေ ၈၀ အထိရှိလာ

အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်အလယ်ပိုင်း၌  ဖြစ်ပွားသော ရေကြီးမှုအတွင်း  သေဆုံးသူ ဦးရေ ၈၀ အထိရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများ ကဇူလိုင်လ ၆ ရက်တွင်ပြောသည်။ ထို့ပြင် ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာကို လည်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက အသည်းအသန် ရှာဖွေမှုများ လုပ်ဆောင် နေကြောင်း သိရသည်။

လက်ရှိရရှိထားသည့်စာရင်းများအရ သေဆုံးသူဦးရေ ၈၀ အနက် အနည်းဆုံး ၂၈ ဦးမှာ  ကလေးငယ်များဖြစ်ပြီး ထိုကလေးငယ်အများစုသည် မိန်းကလေးများအတွက်ဖွင့်လှစ်သောခရစ်ယာန်နွေရာသီစခန်းသို့ တက်ရောက်နေသူများဖြစ်သည်။

တက္ကဆက်ပြည်နယ်အတွင်း ဇူလိုင်လ ၄ ရက်နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မိုးရေချိန် ၁၅ လက်မအထိရောက်ရှိပြီး ဂွါဒါလုမြစ်ရေသည် လည်း ၆  မီတာကျော်မြင့်တက်လာကာ နွေရာသီ စခန်းတက်ရောက်နေသူများမှာ ရေစီးနှင့်အတူ မျောပါသွားခြင်းဖြစ်သည်။

ထို့ကြောင့် ဒေသတစ်ဝန်း၌နေထိုင်သူများအနေဖြင့်  ကုန်းမြင့်နေရာများတွင် နေထိုင်ကြရန် အကြံပြုကြောင်းနှင့် ရေကြီးမှုက ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်း ရကြောင်းနှင့် ပြည်သူ ၈၀၀ ကျော်ကို ဘေးကင်းရာသို့ ကယ်ဆယ်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုင်ဖွန်း ဒန်နတ်စ် (Danas) စံချိန်တင် လေတိုက်နှုန်းများဖြင့် ထိုင်ဝမ် တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာရ

တိုင်ဖွန်း ဒန်နတ်စ်သည် တနင်္လာနေ့ (ဇူလိုင် ၇) အစောပိုင်းတွင် လေတိုက်နှုန်း စံချိန်တင်တိုက်ခတ်ခဲ့ပြီး မိုးများသည်းထန်စွာရွာသွန်းခဲ့ကာ ကျွန်း၏ လူဦးရေ ထူထပ်သော အနောက်ဘက်ကမ်းရိုးတန်းဒေသကို ရှားရှားပါးပါး တိုက်ခတ် ခဲ့ခြင်းကြောင့် လူနှစ်ဦးသေဆုံးကာ ၅၀၀ ကျော် ဒဏ်ရာရခဲ့သည်။

ထိုင်ဝမ်သည် ပုံမှန်အားဖြင့် တိုင်ဖွန်းမုန်တိုင်းများ ဝင်ရောက်လေ့ရှိသော်လည်း ၎င်းတို့သည် ပစိဖိတ်သမုဒ္ဒရာနှင့်မျက်နှာမူထားသော တောင်တန်းထူထပ်ပြီး လူဦးရေကျဲပါးသည့် အရှေ့ဘက်ကမ်းရိုးတန်းတွင် အများဆုံးဝင်ရောက်လေ့ ရှိသည်။

တနင်္လာနေ့ ညနေပိုင်းတွင် ထိုင်ဝမ်၏အနောက်တောင်ဘက်ကမ်းရိုးတန်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အနောက်တောင်ပိုင်း ယွန်လင်းခရိုင်ကို ဖြတ်သန်းစဉ် လေတိုက်နှုန်း ၂၂၀ ကီလိုမီတာအထိ ရှိခဲ့သောကြောင့် အနောက် ဘက်ကမ်းရိုးတန်းတစ်လျှောက် စီးပွားရေးလုပ်ငန်းများနှင့် ကျောင်းများ ပိတ်ထား ခဲ့ရသည်။

အစိုးရ၏အချက်အလက်များအရ အနောက်ပိုင်းမြို့များနှင့်ကျေးရွာများတွင် သစ်ပင်ပေါင်း ၇၀၀ ကျော် လဲကျခဲ့ပြီး လမ်းဆိုင်းဘုတ်များပြုတ်ကျကာ လမ်းများ ပေါ်တွင် ပျံ့နှံ့ကျန်ရစ်ခဲ့သည်။ တောင်ပိုင်းဒေသရှိ တိုင်နန်မြို့၌ ကွန်ကရစ် လျှပ်စစ်တိုင်များ အခြေမှ ကျိုးပြတ်ခဲ့သည့်အပြင် ထင်ရှားသည့် ဘုရားကျောင်း ကြီး၏ သစ်သားမုခ်ဦးလည်း ပြိုလဲသွားကြောင်း ဒေသခံရုပ်သံသတင်းများတွင် မြင်တွေ့ရသည်။

ထိုင်ဝမ် မိုးလေဝသအာဏာပိုင်မှ ဒုတိယအပြင်းထန်ဆုံးအဆင့်တွင် ဖော်ပြထားသော တိုင်ဖွန်း Danas သည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် တရုတ် နိုင်ငံအရှေ့ပိုင်းသို့ ဝင်ရောက်စဉ် လွန်စွာ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။ “အဆိုပါတိုင်ဖွန်း၏ ရွေ့လျားလမ်းကြောင်းမှာ ရှားရှားပါးပါး ကြုံတွေ့ရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်၊ ထိုင်ဝမ်တစ်ခွင်လုံး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာ သွန်းခြင်းများ ကြုံရလိမ့်မည်” ဟု သမ္မတ Lai Ching-te က နိုင်ငံသားများအား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ဖေ့စ်ဘွတ်ခ်တွင် တိုက်တွန်းထားသည်။

အိမ်ခြေ ၇၀၀၀၀ နီးပါးအား လျှပ်စစ်မီးဖြတ်တောက်ခဲ့ရပြီး ပြည်တွင်းနှင့် နိုင်ငံ တကာလေကြောင်းခရီးစဉ် ၃၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်သည့် အမြန်ရထားလမ်းမကြီး၏ ဝန်ဆောင်မှုများ ကိုလည်း လျှော့ချဆောင်ရွက်ခဲ့ရသည်။ အမျိုးသား မီးသတ်ဌာန (National Fire Agency) ၏ ထုတ်ပြန်ချက်အရ တစ်ဦးမှာ ကားမောင်းနေစဉ် လဲကျလာသော သစ်ပင်အောက်တွင် ပိ၍သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ လျှပ်စစ်မီးပြတ်တောက် မှုကြောင့် အသက်ရှူစက်ချို့ယွင်းသွားခြင်းဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

TSMC အပါအဝင် နည်းပညာလုပ်ငန်းကြီးများတည်ရှိရာ တိုင်နန် သိပ္ပံ နည်းပညာ ပန်းခြံ (Tainan Science Park) တွင် ကြီးမားသော ပျက်စီးမှုများ မတွေ့ရကြောင်း သတင်းများက ဖော်ပြသည်

တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ ရေကြောင်းအရာရှိများသည် ၎င်းတို့၏ အရေးပေါ်တုံ့ပြန်မှုကို ဒုတိယအမြင့်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့သည်။

နံနက် ၁၀ နာရီအထိ ခရိုင်အတွင်း ခရီးသည်တင်ရေယာဉ် ၁၂၁ စင်းနှင့် ကူးတို့ လမ်းကြောင်း ၆၄ စင်းတို့ကို ရပ်နားထားရကြောင်း CCTV သတင်းတွင် ဖော်ပြ ထားသည်။ ကြိုတင်ကာကွယ်မှုအနေဖြင့် လေရဟတ်များအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း ၁၈၁ ခုကိုလည်း အာဏာပိုင်များက ရပ်ဆိုင်းထားသည်။

Danas သည် Zhejiang ၏ Taizhou နှင့် အိမ်နီးချင်း Fujian ပြည်နယ်ရှိ Fuzhou မြို့ကြား ကမ်းရိုးတန်းဒေသများသို့ တဖြည်းဖြည်း ဝင်ရောက်လာမည် ဟု မျှော်လင့်ရကြောင်း တရုတ်မိုးလေဝသဌာနမှ သိရသည်။

မုန်တိုင်းသည် အင်္ဂါနေ့ (ဇူလိုင် ၈) ညနေနှောင်းပိုင်းတွင် ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးလေဝသ ခန့်မှန်းချက်များက ဖော်ပြထားသည်။

ကိုးကား- CNA

ဂျပန်ကျွန်းများတွင် အကြိမ် ၁,၆၀၀ ကြိမ်နီးပါး ငလျင်လှုပ်ခတ်မှုများအပြီး လူပေါင်းဒါဇင်ချီ ထွက်ခွာ

ဂျပန်နိုင်ငံတောင်ပိုင်းရှိ ဝေးလံခေါင်ဖျားကျွန်းများတွင် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း ငလျင် ၁,၆၀၀ နီးပါး လှုပ်ခတ်ခဲ့ပြီးနောက် ဒေသခံပြည်သူဒါဇင်ချီ ရွှေ့ပြောင်းထွက်ခွာသွားကြောင်း ဒေသအာဏာပိုင် များက တနင်္လာနေ့ (ဇူလိုင် ၇) တွင် ပြောကြားခဲ့သည်။

အဆိုးရွားဆုံးထိခိုက်ခံရသည့် Akuseki ကျွန်းပေါ်တွင် ယမန်နေ့ (ဇူလိုင် ၆) ည က အင်အား ၅.၁ ရှိငလျင်လှုပ်ခတ်ခဲ့သော်လည်း ကြီးမားသည့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း အခြားကျွန်းတစ်ခုမှ အကြီးအကဲ Genichiro Kubo က ပြောကြား ခဲ့သည်။

သို့သော် ဇွန် ၂၁ ရက်မှစတင်၍ မပြတ်လှုပ်ခတ်နေသော ငလျင်များကြောင့် ဒေသခံများ အလွန်အမင်းစိတ်ဖိစီးမှုများရှိလာပြီး အများအပြား အိပ်ရေးပျက်ခဲ့ ရသည်။

တနင်္ဂနွေနေ့အထိ Akuseki ကျွန်းတွင် နေထိုင်သူ ၈၉ ဦးအနက် ၄၄ ဦးသည် Kagoshima မြို့သို့ ရွှေ့ပြောင်းသွားပြီဖြစ်ကာ အနီးရှိ အခြားကျွန်းတစ်ခုမှ နေထိုင်သူ ၁၅ ဦးလည်း ထွက်ခွာသွားကြောင်း Kubo က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

အဆိုပါဒေသသည် လူအခြေချနေထိုင်သည့်ကျွန်း ၇ ခုနှင့် လူမနေသည့်ကျွန်း ၅ ခုဖြင့်ဖွဲ့စည်းထားပြီး Kagoshima မြို့မှ ဖယ်ရီသင်္ဘောဖြင့် ခရီးနှင်လျှင် ခန့်မှန်းခြေအားဖြင့် ၁၁ နာရီကြာမြင့်ပါသည်။

ဇွန် ၂၁ ရက်မှစတင်၍ တနင်္လာနေ့ (ဇူလိုင် ၇) အစောပိုင်းအထိ ဒေသအတွင်း ငလျင် ၁,၅၈၂ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ငလျင်ပညာရှင်များက ငလျင်စုအဖြစ် သတ်မှတ်ထားသည်။

ပညာရှင်များက ရေအောက်မီးတောင်နှင့် မဂ္ဂမာစီးဆင်းမှုများက အဆိုပါ ဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း ယူဆကြသော်လည်း ငလျင်လှုပ်ခတ်မှု မည်မျှကြာမည်ကိုမူ ခန့်မှန်း၍မရနိုင်ဟု ဆိုသည်။ “အခြေအနေ မည်သို့ ပြောင်းလဲ မလဲ၊ ဘယ်အချိန်မှာပြီးဆုံးမလဲဆိုတာ မိမိတို့အနေဖြင့် ကြိုတင်မမြင်နိုင်ပါ” ဟု အကြီးအကဲ Kubo က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂျပန်မိုးလေဝသေအဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာတွင် ငလျင် ၃၄၆ ကြိမ် လှုပ်ခတ်ခဲ့သည့် အလားတူ ပြင်းထန်သော ငလျင်လှုပ်ခတ်မှု ကာလတစ်ခု ယခင်က ဖြစ်ပွားခဲ့ဖူးသည်။ ပစိဖိတ် "မီးကွင်းစက်ဝန်း"၏ အနောက်ဘက်စွန်းတွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး ကျောက်လွှာပြားကြီး ၄ ခု အပေါ် တည်ရှိသော ဂျပန်နိုင်ငံသည် ကမ္ဘာ့ငလျင်လှုပ်ခတ်မှုအများဆုံး နိုင်ငံများ အနက် တစ်ခုဖြစ်သည်။ လူဦးရေ ၁၂၅ သန်းခန့်နေထိုင်သော အဆိုပါကျွန်း နိုင်ငံသည် နှစ်စဉ်ငလျင် ၁,၅၀၀ ခန့်လှုပ်ခတ်လေ့ရှိပြီး ကမ္ဘာ့ငလျင်စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်ကို ကြုံတွေ့ရလေ့ရှိသည်။

လူမှုကွန်ရက်များပေါ်တွင် အကြီးစားငလျင်ကြီး မကြာမီလှုပ်ဦးမည်ဟူသော အခြေမဲ့အကြောက်တရားများ ပျံ့နှံ့မှုကြောင့် နိုင်ငံခြားခရီးသွားအချို့သည် ဂျပန် ခရီးစဉ်ကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် ပြန်လည်ထုတ်ဝေခဲ့သည့် Manga ရုပ်ပြ စာအုပ်တစ်အုပ်က ၂၀၂၅ခုနှစ်၊ ဇူလိုင် ၅ ရက် တွင် အကြီးစားဘေးအန္တရာယ်တစ်ခုဖြစ်ပွားမည်ဟု ခန့်မှန်းထားသော်လည်း ယခုအခါ ထိုခန့်မှန်းချက်မှာ မှားယွင်းကြောင်း သက်သေ ပြခဲ့ပြီဖြစ်သည်။

ကိုးကာ- CNA

earthquake

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၄၀)မိနစ်၊ (၃၈)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်း မြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၈၀) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၈၄) ဒီဂရီ၊ အနက် (၆၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ

 ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှု ဧက ၇၀၀၀၀ အထိပျံ့နှံ့လာ

ပြီးခဲ့သည့်သုံးရက်အတွင်း ကယ်လီဖိုး နီးယားပြည်နယ်၌ တောမီးလောင်ကျွမ်း မှုအကြီးအကျယ်ဖြစ်ပွားရာ ယခုတောမီး လောင်ကျွမ်းမှုဧရိယာသည် ဧက ၇၀၀၀၀ အထိ   ကျယ်ပြန့်လာပြီဖြစ်ကြောင်း တာဝန်ရှိသူများက  ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါတောမီးသည် ဇူလိုင်လ ၂ ရက် တွင် ဆန်လူးဝစ္စအိုဘစ်ပိုဒေသ၌ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး လူ ၂၀၀ ဝန်းကျင်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထား ကြောင်းနှင့် အဆောက်အအုံအများအပြားမှာ    မီးလောင်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများကပြောသည်။

ယခုအခါ တောမီးလောင်ကျွမ်းမှုသည် ဧက ၇၀၈၀၀  အထိကျယ်ပြန့်လာစဉ် မီးသတ်သမား ၆၀၀ ကျော်နှင့် မီးသတ်ကား ၄၀ ကျော်တို့က တောမီးကိုထိန်းချုပ်နိုင် ရန်ကြိုးပမ်းနေကြောင်းနှင့် တောမီးသည် ကယ်လီဖိုးနီးယား ပြည်နယ်အတွက် ယခု နှစ်အတွင်း  အကြီးမားဆုံးသော တောမီး ဖြစ်ကြောင်း ကယ်လီဖိုးနီးယား မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သဘာဝဘေးဆိုးဖြစ်မည်ဟူသော အခြေအမြစ်မရှိ ခန့်မှန်းချက်ကို ပြည်သူများမယုံကြည်ရန် ဂျပန်အစိုးရတိုက်တွန်း

ဂျပန်နိုင်ငံ၏ ပင်မကျွန်းစုအနောက် တောင်ပိုင်းရှိရေပြင်၌ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုများ ရှိလာနိုင်ကြောင်း တာဝန်ရှိသူများကသတိပေးထား သော်လည်း သဘာဝဘေးဆိုးဖြစ်မည်ဟူသော အခြေအမြစ်မရှိသည့် ခန့်မှန်းချက်များကို ပြည်သူများအနေဖြင့် မယုံကြည်ရန် ဂျပန်အစိုးရက ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ကျူရှူးကျွန်း၏ တောင်ပိုင်းစွန်းကမ်းလွန်၌ ပြင်းအား ၅ ဒသမ ၅ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ဇူလိုင်လ   ၄ ရက်တွင်   ငလျင်ဗဟိုချက်အနီး ကျွန်းစုများရှိ  ဒေသခံပြည်သူများကို တာဝန်ရှိသူများက     ဘေးကင်း ရာသို့ရွှေ့ပြောင်းပေးထားသည်။

အဆိုပါငလျင်သည် ဇူလိုင်လ ၃ ရက် တွင်လှုပ်ခတ်ခြင်းဖြစ်ပြီး ငလျင်ကြောင့် မတ်တတ်ရပ်ရန်ပင် ခက်ခဲကြောင်း၊ ယင်း ငလျင်သည် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ကာဂိုရှီးမားစီရင်စု၌ အကြိမ် ၁၀၀၀ ကျော်သော ငလျင်လှုပ်ခတ်မှုများ အနက်     တစ်ခုအပါအဝင်ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ထို့ပြင် ယင်းကဲ့သို့ငလျင်များ လှုပ်ခတ်ခြင်းကြောင့် ယခုလအတွင်း ဂျပန်နိုင်ငံ၌ သဘာဝဘေးဆိုးကြီး တစ်ခုဖြစ်လာမည် ဟူသော ရုပ်ပြကာတွန်းစာအုပ် တစ်ခုပါ ကောလာဟလများက ပိုမိုပျံ့နှံ့လာခြင်း ဖြစ်သည်။

သို့သော် သိပ္ပံနည်းကျ အသိပညာအရ ငလျင်လှုပ်ခတ်မည့်အချိန်နှင့်  နေရာကို တိကျစွာခန့်မှန်းနိုင်ရန် အလွန်ခက်ခဲကြောင်း  မိုးလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာ၊ မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှု ဖြစ်ပေါ်

ယနေ့ ဇူလိုင်၄ ရက်နံနက်ပိုင်းအချိန်၌ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှုများဖြစ်ပေါ်နေကြောင်းသိရသည်။

လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော တာလော့ ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်း ရပ်ကွက်၊ ဆန်ဆိုင်း (က) နှင့် ဆန်ဆိုင်း (ခ) ရပ်ကွက် တို့ရှိ လမ်းပေါ်နှင့် နေအိမ်များအတွင်း ရေများလျှံတက်နေကြောင်း တွေ့ရှိရသည်။

“လောလောဆယ် လမ်းတွေပေါ်ကို ရေလျှံတက်‌နေပြီ၊ အချို့အိမ်တွေလည်းရေနည်းနည်းဝင်နေပြီပြောသံကြားတယ်။ နောက်ထပ်လည်းတက်လာဖို့ရှိတယ်လို့ သိရတော့ ချောင်းနားကသူတွေ ကြိုတင်ပြင်ဆင်တာမျိုးတွေ ရှိနေတယ် အခြေအနေကိုတော့စောင့်ကြည့်နေတာပေါ့။ ပြောင်းတာရွှေ့တာကလည်း မလွယ်ဘူး‌လေ”ဟုဒေသခံတစ်ဦးက ပြောသည်။

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုနှင့်ပတ်သက်၍ ဒေသတွင်း မိုး/ဇလဌာနတစ်ခုဖြစ်သည့် ပုန်းထွန်ဇလဗေဒတိုင်း တာရေးစခန်း၏ တိုင်းထွာချက်အရနောက် ၁၂နာရီ အတွင်း စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရေး အသိပေး ကြေငြာထားသည်။

Popular Myanmar