တရုတ်နိုင်ငံက ထုတ်ဝေသည့် ငွေချေးစာချုပ်များသည် လာမည့်ဆယ်စုနှစ်အတွင်း အလားအလာအကောင်းဆုံး ငွေချေးစာချုပ်များဖြစ်လာနိုင်ကြောင်း ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

တရုတ်အစိုးရက ထုတ်ဝေထားသည့် ငွေချေးစာချုပ်များသည် ၂၀၂၄ ခုနှစ်အတွင်း အခြားနိုင်ငံများမှထုတ်ဝေသည့် ငွေချေးစာချုပ်များနှင့်နှိုင်းယှဉ်ပါက အကျိုးအမြတ်များစွာကို ထွက်ပေါ်စေခဲ့ပြီး ယင်းငွေချေးစာချုပ်များသည် ၂၀၂၄ ခုနှစ်အတွင်းမှာပင် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ် ၉ ရာခိုင်နှုန်း ထွက်ပေါ်စေခဲ့သည်။ ယင်းပမာဏသည် ၂၀၁၄ ခုနှစ်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း Bloomberg ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရသည် လာမည့် ၂၀၂၅ခုနှစ်တွင် ယွမ် ၃ ထရီလီယံတန်ဖိုးရှိ ငွေချေးစာချုပ်များကို ရောင်းချရန် စီစဉ်လျက်ရှိပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်က ရောင်းချခဲ့သည့် ငွေချေးစာချုပ်များ၏ တန်ဖိုးထက် ၁ ထရီလီယံမြင့်တက်လာခဲ့သည်။
Source: Myawady Web Portal

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် ရက်သတ္တပတ် ခရစ္စမတ်ခရီးသွား ရာသီအကုန်၌ နိုင်ငံအတွင်းရှိ အဓိကကုမ္ပဏီများ၏ အစုရှယ်ယာများ ထိုးကျသွားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အဓိက အစုရှယ်ယာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Dow Jones ၏ အစုရှယ်ယာတန်ဖိုးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ သုညဒသမ ၈ ရာခိုင်နှုန်း၊ အခြားအစုရှယ်ယာ ကုမ္ပဏီကြီးဖြစ်သည့် S&P 500 ၏ရှယ်ယာတန်ဖိုးမှာ ၁ ဒသမ ၁ ရာခိုင်နှုန်း၊ Nasdaq Composite ၏ ရှယ်ယာအညွှန်းကိန်းမှာလည်း ၁ ဒသမ ၅ ရာခိုင်နှုန်းအထိကျဆင်းသွားသည်။ ထို့ပြင် Microsoft ကုမ္ပဏီ၏ အစုရှယ်ယာမှာလည်း ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် အွန်လိုင်းမှတစ်ဆင့် နည်းပညာနှင့် ကုန်ပစ္စည်းများရောင်းချသည့် Amazon ၏ရှယ်ယာသည် ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းသွားသည်။
နိုင်ငံအတွင်း၌ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ယခုကဲ့သို့ အစုရှယ်ယာများ ကျဆင်းလာခြင်းသည် အစိုးရက ငွေချေးစာချုပ်များ ထုတ်ဝေမှုမြင့်တက်လာခြင်းနှင့် အစုရှယ်ယာဈေးကွက်အား နှစ်ကုန်ပိုင်းချိန်ညှိမှုတို့ကြောင့်ဖြစ်ကြောင်း Spartan Capital မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ပီတာကာဒီလ်လိုက ပြောကြားသည်။
အမေရိကန်အစုရှယ်ယာဈေးကွက်သည် ဒေါ်နယ်ထရမ့်အစိုးရ၏ အခွန်တိုးမြှင့်ကောက်ခံမှုနှင့် ပထဝီနိုင်ငံရေးတို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် ပို၍ မတည်မငြိမ်ဖြစ်လာနိုင်ကြောင်း Bank of America ၊ JPMorgan Chase & Co နှင့် စပိန်နိုင်ငံမှ Banco Bilbao Vizcaya Argentaria (BBVA) မှရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးသမားများက ယူဆလျက်ရှိသည်။

ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ငွေလွှဲပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိပြီး အကြမ်းဖျင်း အားဖြင့် ယခင်နှစ်အတိုင်း အလားတူဖြစ်ကြောင်း အစိုးရထံမှ သိရသည်။

နိုင်ငံပေါင်း ၁၃၀ တွင် နေထိုင်လျက်ရှိသည့် ပြည်ပရောက် ဗီယက်နမ်နိုင်ငံသား ၆ သန်းနီးပါးထံမှ ရောက်ရှိ လာသည့် ငွေလွှဲပို့မှု ကိန်းဂဏန်းသည် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး၊ သိပ္ပံပညာရပ်ဆိုင်ရာ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများစွာကို အထောက်အကူဖြစ်စေသည်ဟု ဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son က ဒီဇင်ဘာ ၂၆ ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က ကိုဗစ် -၁၉ ၏ သက်ရောက်မှုကြောင့် စီးပွားရေးတိုးတက်မှုနှေးကွေးသည့် ကာလပြီးနောက် ဗီယက်နမ်နိုင်ငံအတွက် ငွေလွှဲပို့မှု အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံသည် စံချိန်သစ်တစ်ခုဖြစ်ခဲ့သည်။
ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံရှိသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု စီမံကိန်းပေါင်း ၄၂၁ ခုနှင့်အတူ ငွေလွှဲပို့မှုများသည် ဗီယက်နမ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ပြည်ပရောက်ဗီယက်နမ်နိုင်ငံသားများနှင့် ၎င်းတို့၏မွေးရပ်မြေအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုရရှိစေရေးအတွက် ၎င်း၏မူဝါဒများနှင့် ဥပဒေမူဘောင်များကို ဆက်လက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း Son က ပြောကြားခဲ့သည်။
ပြည်ပရောက် ဗီယက်နမ်အသိုက်အဝန်းကို ပံ့ပိုးကူညီနိုင်မည့် ရေရှည်အစီအမံများကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ ပြည်ပရောက် ဗီယက်နမ်နိုင်ငံသားများသည် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်နေထိုင် နိုင်ရန်၊ ရင်းနှီးမြှုပ်နှံနိုင်ရန်နှင့် စီးပွားရေးလုပ်ဆောင်ရန် ပိုမိုလွယ်ကူလာစေရန်အတွက် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အစိုးရသည် လူမှုအသိုက် အဝန်း ချိတ်ဆက်မှုတိုးမြှင့်ရန်နှင့် နိုင်ငံရပ်ခြားရှိဗီယက်နမ်နိုင်ငံသားများ၏ စွမ်းဆောင်နိုင်မှု အရည်အချင်း ကို ပြုစုပျိုးထောင်ပြီး မြှင့်တင်ပေးနိုင်ရေးအတွက် သတင်းအချက်အလက်နည်းပညာကို အသုံးချနေကြောင်း Son က ပြောကြားခဲ့သည်။
ပြည်ပရောက်ဗီယက်နမ်အသိုက်အဝန်းများသည် အမိမြေနှင့်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေကာ လာမည့်နှစ် များအတွင်း နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာအထောက်အကူဖြစ်စေမည် ဟု ဒုတိယ ဝန်ကြီးချုပ် က ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။
စီးပွားရေးသံတမန်ရေးရာသည် ဗီယက်နမ်နိုင်ငံ၏ အလုံးစုံစီးပွားရေးအောင်မြင်မှုတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပါသည်။ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် စံချိန်တင်ဒေါ်လာ ၈၀၀ ဘီလီယံအထိ ရောက်ရှိရန် ခန့်မှန်းထားသည်။
ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ကမ္ဘာ့ထိပ်တန်းလက်ခံသည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ၁၅.၈ သန်း လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။
ကိုးကား - VN Express International

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ရှိ တောင်သူများသည် တစ်နှစ်ပတ်လုံး မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံသီးနှံပင်များ မျိုးစုံစိုက်ခင်းကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူ တစ်ဦးထံမှ သိရသည်။

ကလိန်အောင်မြို့တွင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များဖြစ်သော ငရုတ်၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ကန်စွန်းရွက်၊ တိုင်ထောင်ပဲ အစရှိသည့် သီးနှံပင်များကို တစ်နှစ်ပတ်လုံး မြေနုကျွန်းပေါ်များဖြစ်သည့် ကိုင်း၊ ခြံများတွင် မြေအောက်ရေဖြင့်သွင်း၍ စိုက်ပျိုးရောင်းချရပြီး မိသားစုများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း အဆိုပါ စိုက်ပျိုးသူတစ်ဦးကပြောသည်။
ထွက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံကို ထားဝယ်မြို့နှင့် ကံပေါက်ကျေးရွာတို့မှ ဈေးသည်များက ကိုင်းစိုက်ခင်းထဲအထိ ဖောက်သည် လာရောက်ဝယ်ယူကြပြီး တစ်ဆင့်ပြန်လည်၍ ရောင်းချကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်ရှိ ကျေးရွာများ၌ ယခုနှစ်တွင်ဖူးစားပြောင်းဧက ၂၀၀၀ ကျော် စိုက်ပျိုးထားကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။

ဖူးစားပြောင်းစိုက်ပျိုးရာတွင် နွေရာသီနှင့် ဆောင်းရာသီတို့၌ စိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်လုံလောက်စွာ ရရှိရန် ပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးပြီးအပင်များ ကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များထိခိုက်ပြီး ဝတ်ဆံမကြွေ စေရန် ဂရုစိုက်ပေးရကာ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျော့ကျသွားနိုင်ကြောင်း သိရသည်။
ဖူးစားပြောင်းသည် စိုက်ပျိုးပြီး နှစ်လအကြာတွင် ဖူးစပြုပြီး သုံးလအတွင်းချိုးယူ ရောင်းချနိုင်ကြောင်း၊ ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက ပြောင်းဖူးအထွက်နှုန်း ပို၍ကောင်းမွန်စေပြီး ဖူးစားပြောင်းများတွင် ပြောင်းကြမ်း၊ သကြားပြောင်းနှင့်ပြောင်းစေးဟူ၍ သုံးမျိုးရှိရာ ပြောင်းကြမ်းကို တိရစ္ဆာန်အစာ အတွက်သာ စိုက်ပျိုးကြကြောင်း သိရသည်၊၊
ပြောင်းဖူးများစိုက်ပျိုးရာတွင် ကြဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်းစသည်ဖြင့် အမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပါက ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် ပြောင်းဖူးပင်များ ပို၍ရှင်သန်ကြီးထွားပြီး အဖူးများလည်း ညီညာစေသည်။
ပြောင်းဖူး တစ်ဧကလျှင် အပင်ရေ ၁၀၀၀၀ ဝန်းကျင်စိုက်ပျိုးနိုင်ပြီး တစ်ပင်လျှင် လေးဖူးခန့်ဖူးကာ စိုက်ပျိုးသူများ ဝင်ငွေကောင်းပြီး အဆင်ပြေကြကြောင်း သိရသည်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အပေါ် အခွန်စည်းကြပ်မည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)သည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိကြောင်း ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတင် သမ္မတရာထူး စတင်ထမ်းဆောင်သည့် အချိန်တွင် အဆိုပါနိုင်ငံများအနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါးများကို အမေရိကန်သို့ တင်ပို့ခြင်းအား ရပ်တန့်ခြင်းမပြုပါက မက္ကဆီကိုနှင့် ကနေဒါတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။
မော်တော်ကား၊ အစားအသောက် ပြုပြင်ထုတ်လုပ်ရေး၊ အီလက်ထရွန်နစ် နှင့် လျှပ်စစ်စက်မှုလုပ်ငန်းတို့မှ ကုန်ပစ္စည်းများ တင်ပို့မှုအပေါ် ထိခိုက်စေသည့် အတွက် မက္ကဆီကို နိုင်ငံ၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကနေဒါနိုင်ငံသည် ၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားနိုင်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ အင်စတီကျုမှ လက်ထောက် သုတေသီတစ်ဦးဖြစ်သူ အီဆိုနိုအီကူမိုက ခန့်မှန်းပြောကြားသည်။
အမေရိကန်နိုင်ငံသို့ ဂျပန်နိုင်ငံ၏ မော်တော်ကားနှင့် ပတ်သက်သော ပို့ကုန်များ တိုးလာဖွယ်ရှိသည့် အတွက် ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောကြားသည်။
ထရမ့်၏ အခွန်စည်းကြပ်မှုသည် ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့၌ လည်ပတ်နေသော ဂျပန်ကုမ္ပဏီများအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း အီဆိုနို အီကူမိုက မှတ်ချက်ပြုပြောကြားသည်။
ကိုးကား -၂၆-၁၂-၂၀၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ် ယူခြင်းမရှိပါက ယင်းသမဂ္ဂမှ အမေရိကန်သို့ တင်သွင်းနေသော သွင်းကုန်များအပေါ် စည်းကြပ်အခွန် တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်လိုက်သည်။

ဥရောပသမဂ္ဂသည် အမေရိကန်နိုင်ငံနှင့် ပတ်သက်လာလျှင် ဆယ်စုနှစ်များစွာ ကြာသည်အထိ ကုန်သွယ်ရေးပိုငွေပြနေကြောင်း၊ ထို့ကြောင့် အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေကို ပြန်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် ဥရောပသမဂ္ဂက အမေရိကန်မှရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူပေးရမည်ဖြစ်ကြောင်း ထရမ့်က ဒီဇင်ဘာလ ၂၀ ရက်တွင်ပြောသည်။
ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်း သစ္စာကျိန်ဆိုမည်ဖြစ်ပြီး သမ္မတမဖြစ်မီမှာပင် အမေရိကန်၏ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့ကိုလည်း သွင်း ကုန်စည်းကြပ်အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက် ထားသေးသည်။
ယူကရိန်းပဋိပက္ခကို အကြောင်းပြု၍ အနောက်အုပ်စုက ရုရှားအပေါ်ပိတ်ဆို့မှု များ ချမှတ်ပြီးနောက် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ် ငွေ့များအပေါ်ကိုသာ မှီခိုလာရကြောင်း သိရသည်။

ဂျေရုဆလင် ဒီဇင်ဘာ ၁၉
အစ္စရေးနိုင်ငံတစ်ဝန်း၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်း ၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁၄ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် အစ္စရေး၊ ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာတို့ ပဋိပက္ခဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး အစ္စရေးနိုင်ငံအတွင်းရှိခရီးသွားလုပ်ငန်းအားလုံး ရပ်တန့်ခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအားလုံး နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဓိက ခရီးသွားလုပ်ငန်းစီမံကိန်းများတွင် အမွေအနှစ်စင်တာများ၊ လမ်းမကြီးများ၊ လေဆာရှိုးပွဲများ၊ ပန်းခြံများ၊ လည်ပတ်သွားလာရေးအစီအစဉ်များ၊ ဆွဲဆောင်မှုရှိသောနေရာများနှင့် စက်ဘီးလမ်းများ စသည်တို့ပါဝင်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်
Source: ကြေးမုံသတင်းစာ
Photo: Business Standard

ဟွန်ဒါကုမ္ပဏီဆိုတာ ကမ္ဘာ့ကားဈေးကွက်မှာ နေရာတစ်ခုကို ရယူထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့်လည်း လျှပ်စစ်သုံး ယာဉ်ဈေးကွက်မှာတော့ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို မပြသနိုင်သေးပါဘူး။
ဒါပေမဲ့ မကြာခင်မှာကျင်းပတော့မယ့် CES 2025 ပွဲမှာ အများမျှော်လင့်နေကြတဲ့ 0 Series ထဲက လျှပ်စစ်သုံးယာဉ်အမျိုး အစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးကို ထုတ်ဖော်ပြသမိတ်ဆက်ခြင်းဖြင့် ဒီဈေးကွက်မှာလူအများရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီအမျိုးအစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးက ယမန်နှစ် CES ပွဲမှာထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ Saloon နဲ့ Space-Hub ဆိုတဲ့ စိတ်ကူးပုံစံများရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ထားကြပါတယ်။ ဒီရှေ့ပြေးပုံစံတွေကတော့ ၂၀၂၆ ခုနှစ်မှာ ဈေးကွက်ဝင်လာနိုင်ခြေ ရှိနေပါတယ်။
ကိုးကား - Myawady Web Portal

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇
ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။
“လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e – invoicing စနစ်) ကို စမ်းသပ်နေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang ကပြောကြားခဲ့သည်။

“ဒီစနစ်က ပိုပြီးထိရောက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ပိုလဲပွင့်လင်းလာမယ်။ဒီ့နောက်မှာတော့ B2B (စီးပွားရေးမှစီးပွားရေးလုပ်ငန်း) ကို စတင်ချင်ပါတယ်။ဒါက ပိုကောင်းတဲ့အနာဂတ်ပါပဲ” ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။
“နောက်နှစ်မှာ B2B စနစ်ကို မဖြစ်မနေလုပ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အကယ်၍ နောက်နှစ်ကိုအကောင်အထည်မဖော်နိုင်ခဲ့ရင် နောက်သုံးနှစ်အတွင်းမှာအကောင်အထည်ဖော်နိုင်ဖို့ သေချာပါတယ်” ဟု လည်း၎င်းကပြောကြားခဲ့သည်။
ယင်းနောက် ၎င်းတို့သည် ဆက်လက်၍ စီးပွားရေးလုပ်ငန်းမှ စားသုံးသူများထံသို့ e – invoicing စနစ်ကိုဆက်လက်ကျင့်သုံးမည်ဖြစ်သည်ဟုလည်းသိရသည်။
e – invoicing စနစ်တွင် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့်ငွေပေးချေခြင်းစနစ်များပါဝင်သည်။ ယခုစနစ်အရပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုပိုကောင်းလာစေပြီး အီလက်ထရွန်းနစ် ပြေစာများအသုံးပြုမှုကို တွန်းအားပေးကာ အခွန်စည်းမျဉ်းများကို လိုက်နာစေကာ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကူညီပေးနိုင်မည်ဟုလည်းပြောကြားခဲ့သည်။
Source- Popular Journal