ရန်ကုန်စတော့အိတ်ချိန်း၌ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် စတော့ရှယ်ယာအရောင်းအဝယ်ရပ်နားခဲ့သော်လည်း ယခုဇန်နဝါရီလပထမပတ်တစ်ပတ်တာကာလအတွင်း ငွေကျပ် သိန်းပေါင်း ၅၄၀ ကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ တစ်သောင်းခွဲကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ထက် အရောင်းအဝယ်မြင့် တက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီရှစ်ခုဖြင့် ဘဏ်ပိတ်ရက်များမှအပ နေ့စဉ်စတော့ရှယ်ယာများကိုအရောင်းအဝယ်ပြုလုပ်လျက်ရှိရာ ဇန်နဝါရီလ ၂ ရက်နှင့် ၃ ရက်တို့တွင် စုစုပေါင်း ငွေကျပ် ၅၄,၂၂၉,၁၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၁၅,၉၄၅ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ကုမ္ပဏီတစ်ခုချင်းအလိုက် အရောင်းအဝယ်ပြုလုပ်မှုအနေဖြင့် FMI ကုမ္ပဏီမှ ငွေကျပ် ၁၇,၆၂၂,၁၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၂,၁၁၆ စောင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် အရောင်းအဝယ်မြင့်တက်ခဲ့သည်။
MTSH ကုမ္ပဏီမှ ငွေကျပ် ၂၂,၃၄၅,၁၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၇၂၂၅ စောင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် ကထက် အရောင်းအဝယ်မြင့်တက်ခဲ့သည်။
MCB ကုမ္ပဏီမှ ငွေကျပ် ၂၄၉,၀၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင် ၃၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။
FPB ကုမ္ပဏီမှ ငွေကျပ် ၇,၉၀၄,၂၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင် ၄၁၆၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် အရောင်းအဝယ်မြင့်တက်ခဲ့သည်။
EFR ကုမ္ပဏီမှ ငွေကျပ် ၂,၀၁၄,၇၅၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၁၂၁၅ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
AMATA ကုမ္ပဏီမှ ငွေကျပ် ၁,၂၆၈,၄၀၀တန်ဖိုးရှိ စတော့ရှယ်ယာ ၃၀၂ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
MAEX ကုမ္ပဏီမှ ငွေကျပ် ၂,၈၂၅,၅၅၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၈၉၇ စောင်အရောင်းအဝယ်ဖြစ်ခဲ့သည်။
ယခုတစ်ပတ်အတွင်း TMH ကုမ္ပဏီမှအပ ကျန်ကုမ္ပဏီများ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက စတော့ရှယ်ယာအစောင်၁၆၀၀ ကျော် အရောင်းအဝယ်မြင့်တက်ခဲ့ကြောင်း သိရသည်။
ခန့်ခန့်
Source: Myawady Web Portal

ကမ္ဘာ့စီးပွားရေး အင်အားတောင့်တင်းသည့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရားဇီးနိုင်ငံတို့အပါအဝင် နိုင်ငံ ၉ နိုင်ငံဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် BRICS အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က ၎င်းတို့၏ မိတ်ဖက် ၉ နိုင်ငံကို တရားဝင် ကြေညာလိုက်ပါသည်။
ဘီလာရုစ်၊ ဘိုလီးဗီးယား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ထိုင်း၊ ကျူးဘား၊ ယူဂန်ဒါ၊ မလေးရှားနှင့် ဥဇဘက်ကစ္စတန်တို့မှာ ယခုအခါ BRICS ၏ တရားဝင် မိတ်ဖက် နိုင်ငံများ ဖြစ်လာပါသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံကြီးများ၏ ဗိုလ်ကျစိုးမိုးမှုကို ကာကွယ်ရန်နှင့် BRICS အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုကို ရင်ဆိုင်ရန်တို့အတွက် မဟာဗျူဟာကျသည့် နိုင်ငံပေါင်းစုံပါဝင်သော ကမ္ဘာကြီးပုံစံ တည်ဆောက်နိုင်ရေး ဦးတည်လာခြင်းဟု ဆိုရပေမည်။
BRICS သို့ အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်လာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွား ပိုမိုဖြစ်ထွန်းလာစေရန်နှင့် ကမ္ဘာကြီးတွင် ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားသည့် နိုင်ငံများ၏ ဗိုလ်ကျစိုးမိုးခြင်းနှင့် နိုင်ငံအချင်းချင်း လေးစားမှုကင်းမဲ့စွာဆက်ဆံနေခြင်းတို့မှာ အဆုံးသတ်နိုင်ဖွယ်ရှိသည်ဟု တရုတ်နိုင်ငံ၊ ပေကျင်းရှိ နိုင်ငံတကာ လေ့လာရေးဌာန၏ ဒါရိုက်တာ Youming က Global Times သို့ ပြောကြားခဲ့ပါသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင် ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် BRICS အစည်းအဝေးအပြီးရလဒ်များအပေါ် အနောက်အုပ်စု များက BRICS သည် အနောက်အုပ်စုကို ယှဉ်ပြိုင် တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဟု ထင်မြင်ယူဆပြောကြားထားပါသည်။ အမှန်တကယ်တွင် BRICS၏ ရည်မှန်းချက်မှာ အင်အားကြီး နိုင်ငံများ၏ လွှမ်းမိုးမှုများကိုလျှော့ချပြီး နိုင်ငံပေါင်းစုံ ပါဝင်သော ကမ္ဘာကြီးပုံစံတစ်ခုကို တည်ဆောက်ရန် ဖြစ်ပါသည်။
BRICS လုပ်ဆောင်နေမှုက "အနောက်အုပ်စုနှင့် ပေါင်းမလား၊ BRICS အဖွဲ့ထဲဝင်မလား၊ " ဟူသည့် ကမ္ဘာ့အခင်းအကျင်းတစ်ရပ်ကို ဖိအားပေး ပြောင်းလဲ နေသည်ဟု အနောက်အုပ်စုမီဒီယာများက အပြစ်တင်ဝေဖန်နေကြသော်လည်း BRICS အနေဖြင့် ၎င်းတို့၏ မဟာဗျူဟာကျသည့် ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
ကိုးကား - Global Times

တရုတ်အစိုးရက စစ်ဘက်တွင်သာမက အရပ်ဘက်တွင်ပါအသုံးပြုနိုင်သည့် ကုန်ပစ္စည်းများ အမေရိကန်ကုမ္ပဏီများသို့တင်ပို့မှုကို တားမြစ်လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါကုန်ပစ္စည်းများတွင် ကုန်စည်များ၊ နည်းပညာသုံးပစ္စည်းများအပြင် ဝန်ဆောင်မှုများလည်းပါဝင်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို စစ်ဘက်နှင့်အရပ်ဘက် တို့တွင်အသုံးပြုနိုင်သော်လည်း စစ်ဘက်တွင်အသုံးပြုနိုင်ခြေပိုမိုများပြားကြောင်း၊ အထူးသဖြင့် ဒီဇိုင်းပိုင်း၊ ထုတ်လုပ်ရေးပိုင်းနှင့် အဖျက်စွမ်းအားပြင်းလက်နက်များ၌ ထည့်သွင်းအသုံးပြုလေ့ရှိကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုလို စစ်ဘက်-အရပ်ဘက်သုံး ကုန်ပစ္စည်းများတင်ပို့မှုတားမြစ်ခံလိုက်ရသော ကုမ္ပဏီများတွင် ဂျင်နရယ်ဒိုင်းနမစ်၊ ဘိုးအင်း၊ လော့ဟိမာတင်နှင့် ရေးသီယွန်တို့ အပါအဝင် အမေရိကန်နိုင်ငံမှကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၂၈ ခုပါ ဝင်ကြောင်းနှင့် ယင်းသို့ပို့ကုန်များတင်ပို့မှုတားမြစ်ရခြင်းသည် အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားတို့ကိုကာကွယ်ရန် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
အမေရိကန်အစိုးရက ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်းများကို ထပ်မံရောင်းချပေးပြီးနောက် တရုတ်အစိုးရဘက်က ယခုကဲ့သို့ ပို့ကုန်တင်ပို့မှုများကိုတားမြစ်ခြင်းဖြစ်ကြောင်းနှင့် ပို့ကုန်တင်ပို့မှုတားမြစ်ခံရသည့်ကုမ္ပဏီများတွင် ထိုင်ဝမ်ကျွန်းသို့လက်နက်ရောင်းချပေးသော ကုမ္ပဏီများလည်းပါဝင်ကြောင်းသိရသည်။
Ref: RT

တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ် iphone များကို ယွမ် ၅၀၀ (အမေရိကန် ဒေါ်လာ ၆၈.၅၀) အထိ ပရိုမိုးရှင်းဖြင့်ရောင်းချမည့်အစီအစဉ်သစ်အား Apple က တရုတ်ကို ကမ်းလှမ်းလိုက်ပါသည်။ ထိုအစီအစဉ်မှာ Huawei ကဲ့သို့ တရုတ်ပြည်တွင်းထုတ် စမတ်ဖုန်းထုတ်လုပ်သူများကို ပြိုင်ဆိုင်ရန် ရည်ရွယ်ထားပါသည်။

ပရိုမိုးရှင်းပေးမည့်အစီအစဉ်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ ၄ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး iPhone အမျိုးအစားအလိုက် ပရိုမိုးရှင်းပေးမည့် ဈေးနှုန်း များကို Apple ဝက်ဆိုက်ဒ်တွင်ဖော်ပြပေးထားပါသည်။
ကမ်းလှမ်းမှုအစီအစဉ်အရ ၇၉၉၉ ယွမ်ဈေးနှုန်းရှိ iPhone 16 Pro နှင့် ၉၉၉၉ ယွမ်ဈေးနှုန်းရှိ iPhone 16 Pro Max တို့အတွက် ယွမ် ၅၀၀ ပရိုမိုးရှင်း ရရှိမည် ဖြစ်ပြီး iPhone 16 နှင့် iPhone 16 Plus တို့အတွက် ၄၀၀ ယွမ် ပရိုမိုးရှင်း ရရှိမည်ဖြစ်ပါသည်။
တရုတ်သည် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဖုန်းထုတ်လုပ်သူများအကြား ပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိပါသည်။
ကိုးကား - CNA

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် နေကြာသီးနှံကိုတောင်သူအချင်းချင်း မျိုးသန့်ပွားသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံမျိုးစေ့ထုတ် စိုက်ခင်း ၄၅ ဧကကို ဒေသခံအကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဒေသခံအကျိုးဆောင်တောင်သူများပူးပေါင်းပြီး ဒေသခံတောင်သူ ၁၃ ဦးဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွက် ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဆင်းရွှေကြာ-၂ ဧက ၃၀ နှင့် ရေဆင်းမျိုး-၁ ၁၅ ဧက စုစုပေါင်း ၄၅ ဧကကို အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း၊ ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်သည့် အကျိုးဆောင်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး သွင်းအားစုအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးစေ့တစ်ဧကလျှင် 3 Kg နှုန်း၊ ရေဆင်းမျိုး-၁ မျိုးစေ့တစ်ဧကလျှင် အဖို 1 Kg နှင့် အမ 3 Kg နှုန်း ပံ့ပိုးပေးထားသည့်အပြင် ယူရီးယားဓာတ်မြေဩဇာ တစ်ဧကလျှင် 50 Kg တစ်အိတ်နှုန်းကို ဌာနမှသတ်မှတ်ဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချ ပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဦးကျော်စိုးလင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အဆိုပါ နေကြာမျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧကအပါအဝင် ဆောင်းနေကြာသီးနှံကို မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ သီးသန့်၊ သီးထပ်၊ သီးညှပ် စိုက်ခင်းများအဖြစ် ဧကပေါင်း ၂၉၇၈၈ ဧကအထိ တိုးချဲ့စိုက်ပျိုး ထားကြောင်း သိရသည်။

ယူကရိန်းတစ်ဆင့်ခံ ရုရှားဓာတ်ငွေ့တင်ပို့မှုစနစ်မှာ နှစ်နိုင်ငံသဘောတူစာချုပ် သက်တမ်းကုန်ဆုံးသည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းမှစ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါသည်။ ထိုသို့ ရပ်ဆိုင်းလိုက် သဖြင့် ရုရှားဓာတ်ငွေ့တင်ပို့မှု ၃၀ ရာခိုင်နှုန်း ဥရောပက ဆုံးရှုံးမည်ဖြစ်ကြောင်း ကမ္ဘာ့ဈေးကွက်လေ့လာရေးဌာန ဒါရိုက်တာ Alexey Bobrovsky က ခန့်မှန်းပြောကြား လိုက်ပါသည်။

TASS တွက်ချက်မှုအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ရုရှားမှ တူရကီအပါအဝင် ဥရောပနိုင်ငံများသို့ စုစုပေါင်း ဓာတ်ငွေ့ ကုဗမီတာ ၅၂ ဘီယံလီကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် တွင် စုစုပေါင်း ဓာတ်ငွေ့ကုဗမီတာ ၄၉ ဘီလီယံကိုလည်းကောင်း ပို့လွှတ်ပေးခဲ့သည်။ ယခုရပ်တန့်လိုက်သည့် ယူကရိန်းတစ်ဆင့်ခံစနစ်သည် နှစ်စဉ် ရုရှားဓာတ်ငွေ့ ကုဗမီတာ ၄၀ ဘီလီယံခန့်ကို ဥရောပသို့ ပို့လွှတ်ပေးနေခြင်းဖြစ်သည်။
ကိုးကား - TASS

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့မချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေး၌တည်ရှိပြီး အရှေ့ဘက်ကိုင်းမြေနှင့်လယ်မြေများတွင် မြေအောက် ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင် တစ်ပိုင်စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မေမြို့(ချင်းမိုင်)ပန်းများ စိုက်ပျိုးရောင်းချ ခြင်းဖြင့် စိုက်ပျိုးသူများ နေ့စဉ်ဝင်ငွေရရှိ နေကြောင်း တောင်သူဒေါ်သင်းခိုင်၏ ပြောပြချက်အရ သိရသည်။

မေမြို့ပန်းများကို ပြီးခဲ့သည့်နှစ်က မျိုးစေ့ချန်ထားပြီး မိုးအကုန်တွင် သီးနှံ မျိုးစေ့များကို စတင်ပျိုးထောင်ကာ မြေအောက်ရေသွင်း၍ စိုက်ပျိုးထားခြင်း ဖြစ်သည်။ မေမြို့ပန်းသည် မြေကောင်း ကြိုက်သည့်အပြင် ရေကိုလည်း အလွန် နှစ်သက်သောကြောင့် နေ့စဉ် ရေသွင်းပေးရကာ နွားချေးနှင့် ဓာတ်မြေဩဇာများ ကျွေးပေးရကြောင်း၊ ယခုနှစ်ဆောင်းရာသီဝင်စ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်များစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုရှိ၍ စိုက်ပျိုးမှုနောက်ကျရကြောင်း သိရသည်။
ဒေသခံတောင်သူများသည် မန်းချောင်း နံဘေး၌ မေမြို့ပန်းများနှင့်အတူ တခြားဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားရှိပြီး ကိုင်းမြေမှထွက်ရှိသည့် ပန်းများနှင့်ဟင်းသီးဟင်းရွက်များကို ငဖဲမြို့မဈေး၌ ကိုယ်တိုင်သွားရောက်ရောင်းချကြသည့်အပြင် အခင်းသို့ဖောက်သည်လာဝယ်သူများရှိကြောင်း၊ မေမြို့ပန်းတစ်ပင်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချရပြီး နေ့စဉ်ဝင်ငွေရရှိနေ၍ အဆင်ပြေမှုရှိကြောင်း တောင်သူဒေါ်သင်းခိုင်က ပြော သည်။
ငဖဲမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိန်းကျေးရွာတို့၌ မြေအောက်ရေနှင့် မန်းချောင်းရေကိုအသုံးပြု၍ လယ်မြေ ကိုင်းမြေများ၌ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်နှင့်အတူ မေမြို့ပန်း၊ သစ္စာပန်း နှင့်ဂန္ဓမာပန်းများ စိုက်ပျိုးရောင်းချကြကြောင်း သိရသည်။

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများသည်ထိုင်းနိုင်ငံ၏စီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀ ထိခိုက်ဆုံးရှုံးစေမည်ဖြစ်ကြောင်း၊ထို့အတွက်ကြောင့် ထိုင်းနိုင်ငံအနေဖြင့်ကုန်သွယ်ရေးတွင် ဘက်မလိုက်ရပ်တည်ချက်ကိုသာ ဆက်လက်စွဲကိုင်ထားရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ကုန်သည်ကြီးများ အသင်းက သတိပေးထားသည်။

ထရမ့်၏ကုန်သွယ်ရေးမူဝါဒများသည် အမေရိကန်-ထိုင်းကုန်သွယ်ရေး၌ ထိုင်းနိုင်ငံက ကုန်သွယ်ရေးပိုငွေပြလျက်ရှိသောပို့ကုန်များအပေါ် သက်ရောက်စေမည်ဖြစ်ကြောင်း၊ ထို့အတူ ဆောက်လုပ်ရေးနှင့်စိုက်ပျိုးရေးကဏ္ဍများသည်လည်း ထိုမူဝါဒများ၏သက်ရောက်မှုကို ခံစားရနိုင်ဖွယ်ရှိကြောင်း ကုန်သည်ကြီးများအသင်း၏ဥက္ကဋ္ဌကဆက်ပြောသည်။
အမေရိကန်က တရုတ်နိုင်ငံမှပို့ကုန်များအပေါ် ထပ်ဆောင်းအခွန်များစွာကောက်ခံရန်ပြင်ဆင်နေခြင်းက ထိုင်းနိုင်ငံ၏ဈေးကွက်အတွင်းသို့ တရုတ်ကုန်ပစ္စည်းများဝင်ရောက်လာနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် သက်ရောက် မှုများရှိလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံသည် ပြည်တွင်းစက်မှုလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းထားပြီးပြည်ပရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဖိတ်ခေါ်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောထားသည်ဟုသိရသည်။
Ref: NT

“အမေရိကန်နိုင်ငံ၏ စတော့ရှယ်ယာဈေးကွက်သည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင် အမြတ်အစွန်းရရှိခဲ့သလို ၂၀၂၅ ခုနှစ်တွင် ပိုမို အမြတ်အစွန်း ပိုမိုရရှိနိုင်ဖွယ် ရှိကြောင်း၊၂၀၂၅ ခုနှစ်တွင် အမေရိကန်စတော့ရှယ်ယာ တန်ဖိုးသည် ခန့်မှန်းခြေ ၁၄.၈ % ထိ မြှင့်တက်လာမည်" ဟု အမေရိကန်နိုင်ငံ Wall Street က ခန့်မှန်း ထုတ်ပြန် ထားပါသည်။

နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှု နည်းပါးခြင်း၊ ဗဟိုဘဏ်၏ နှုန်းဖြတ်တောက်မှုများ၊ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲ အောင်ပွဲအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု တို့ကြောင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်စတော့ ရှယ်ယာတန်ဖိုး မြင့်တက်ခဲ့ပါသည်။ နည်းပညာဆိုင်ရာ နှင့် ဉာဏ်ရည်တုနည်းပညာ စတော့ဈေးကွက်များသည် ရေပန်းစားခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ပိုမိုကြီးထွားလာ မည်ဟု မျှော်လင့်ထားပါသည်။
သို့သော် Wall Street မှ ကျွမ်းကျင်သူများက "၂၀၂၅ ခုနှစ်တွင် စတော့ဈေးကွက်များ အရှုံးပေါ်နိုင်သည့် အလားအလာများ" ရှိကြောင်း သတိပေးဖော်ပြထားပါသည်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ သေချာရေရာမှုမရှိသည့် အကောက်ခွန်မူဝါဒ၊ တစ်ကျော့ပြန်ဖြစ်နိုင်ချေရှိသော ငွေကြေးဖောင်းပွမှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် တန်ဖိုးကျဆင်းနိုင်ကြောင်း အမေရိကန်နိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ထားပါသည်။
အဆိုပါ ခန့်မှန်းသုံးသပ်ချက်များ လက်တွေ့တွင် အမှန် ဖြစ်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။
ကိုးကား - CNN

တရုတ်နိုင်ငံက ထုတ်ဝေသည့် ငွေချေးစာချုပ်များသည် လာမည့်ဆယ်စုနှစ်အတွင်း အလားအလာအကောင်းဆုံး ငွေချေးစာချုပ်များဖြစ်လာနိုင်ကြောင်း ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

တရုတ်အစိုးရက ထုတ်ဝေထားသည့် ငွေချေးစာချုပ်များသည် ၂၀၂၄ ခုနှစ်အတွင်း အခြားနိုင်ငံများမှထုတ်ဝေသည့် ငွေချေးစာချုပ်များနှင့်နှိုင်းယှဉ်ပါက အကျိုးအမြတ်များစွာကို ထွက်ပေါ်စေခဲ့ပြီး ယင်းငွေချေးစာချုပ်များသည် ၂၀၂၄ ခုနှစ်အတွင်းမှာပင် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ် ၉ ရာခိုင်နှုန်း ထွက်ပေါ်စေခဲ့သည်။ ယင်းပမာဏသည် ၂၀၁၄ ခုနှစ်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း Bloomberg ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရသည် လာမည့် ၂၀၂၅ခုနှစ်တွင် ယွမ် ၃ ထရီလီယံတန်ဖိုးရှိ ငွေချေးစာချုပ်များကို ရောင်းချရန် စီစဉ်လျက်ရှိပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်က ရောင်းချခဲ့သည့် ငွေချေးစာချုပ်များ၏ တန်ဖိုးထက် ၁ ထရီလီယံမြင့်တက်လာခဲ့သည်။