တရုတ်ငွေချေးစာချုပ်များက လာမည့်ဆယ်စုနှစ်အတွင်း အလားအလာ အကောင်းဆုံးဖြစ်ဟုဆို
တရုတ်နိုင်ငံက ထုတ်ဝေသည့် ငွေချေးစာချုပ်များသည် လာမည့်ဆယ်စုနှစ်အတွင်း အလားအလာအကောင်းဆုံး ငွေချေးစာချုပ်များဖြစ်လာနိုင်ကြောင်း ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
တရုတ်အစိုးရက ထုတ်ဝေထားသည့် ငွေချေးစာချုပ်များသည် ၂၀၂၄ ခုနှစ်အတွင်း အခြားနိုင်ငံများမှထုတ်ဝေသည့် ငွေချေးစာချုပ်များနှင့်နှိုင်းယှဉ်ပါက အကျိုးအမြတ်များစွာကို ထွက်ပေါ်စေခဲ့ပြီး ယင်းငွေချေးစာချုပ်များသည် ၂၀၂၄ ခုနှစ်အတွင်းမှာပင် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ် ၉ ရာခိုင်နှုန်း ထွက်ပေါ်စေခဲ့သည်။ ယင်းပမာဏသည် ၂၀၁၄ ခုနှစ်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း Bloomberg ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရသည် လာမည့် ၂၀၂၅ခုနှစ်တွင် ယွမ် ၃ ထရီလီယံတန်ဖိုးရှိ ငွေချေးစာချုပ်များကို ရောင်းချရန် စီစဉ်လျက်ရှိပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်က ရောင်းချခဲ့သည့် ငွေချေးစာချုပ်များ၏ တန်ဖိုးထက် ၁ ထရီလီယံမြင့်တက်လာခဲ့သည်။
Source: Myawady Web Portal