သတင်းများ

တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့ဒေသနိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်ရန် ဆောင်ရွက်မည်

အစ္စလာမ်မာဘတ်   ဇန်နဝါရီ ၉

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအရ ပါကစ္စတန်အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ် ဂေါ်ဒါဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့ဒေသနိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ စီမံကိန်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထူးလုပ်ငန်းများဆိုင်ရာ ဝန်ကြီး အာရှန် အိုဗာက ယနေ့ ပြောကြားသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအရ တည်ဆောက်ထားသည့် ၎င်းဆိပ်ကမ်းသည် ‌ဒေသတွင်းစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိးတိုးတက်မှုကို အကူအညီပေးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပါကစ္စတန်နိုင်ငံ၏ တန်ကြေးရှိသည့် ပိုင်ဆိုင်မှုဟု တင်စားခေါ်ဆိုရသည့် ၎င်းဆိပ်ကမ်းသည် ပင်လယ်ကွေ့ဒေသနိုင်ငံများနှင့် ဗဟိုအာရှနိုင်ငံများအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာခဲ့ပြီး စရိတ်စကနှင့် အချိန်ကုန်သက်သာပြီး ထိရောက်သည့် ကုန်သွယ်ရေးလမ်းကြောင်းကို ဖြစ်လာစေခဲ့ကြောင်း ၎င်းကပြောကြားသည်။

အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရန်နှင့် စီးပွားရေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆိပ်ကမ်းမှတစ်ဆင့် ကုန်သွယ်မှုကို တိုးမြှင့်မည်ဟု သိရသည်။

တရုတ်နိုင်ငံမှ ဆောင်ရွက်သည့် စီးပွားရေးစင်္ကြံစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံသည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကက်ဂါနှင့် ပါကစ္စတန်ဂေါ်ဒါဆိပ်ကမ်းကို ဆက်သွယ်ထားသောစင်္ကြံတစ်ခုဖြစ်ကာ ၎င်းစီမံကိန်း၏ ပထမအဆင့်တွင် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ကာ အဆင့်သစ်တွင် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်း‌ကျောင်းဆိုင်ရာ နယ်ပယ်များအထိ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။

Source: ကြေးမုံသတင်းစာ

Photo- People's Daily

စတုတ္ထ ၃ လပတ်တွင် အမြတ်ငွေ မျှော်မှန်းထားသည် ထက် နည်းခဲ့ကြောင်း Samsung ဆို

Samsung Electronics ကုမ္ပဏီသည် ၂၀၂၄ ခုနှစ် စတုတ္ထ ၃ လပတ်အတွက် ကုမ္ပဏီ၏ အမြတ်ငွေသည် စျေးကွက်၏မျှော်မှန်းချက်ထက် နည်းပါးမည်ဟု ခန့်မှန်းထားကြောင်းသိရှိရသည်။ အဆိုပါ တောင်ကိုရီးယားကုမ္ပဏီအနေဖြင့် အမြတ်ငွေနည်းပါးမှုဖြစ်ရသည့်အဓိကအချက်များတွင် ကွန်ပျူတာနှင့် အခြားမိုဘိုင်းထုတ်ကုန်များ၏ ဝယ်လိုအား ကျဆင်းခဲ့ခြင်းလည်း ပါဝင်ကြောင်း သိရှိရပါသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သော အဓိက ကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် Samsung ၏ စတုတ္ထ ၃ လပတ် ကာလအတွင်း ခန့်မှန်းအမြတ်ငွေသည် နှစ်အလိုက် နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်းကျော် တက်လာသော်လည်းစျေးကွက်ရှိ အရောင်းအဝယ်သမားများ မျှော်လင့် ထားသည်ထက် များစွာ လျော့နည်းနေပါသည်။

ပဏာအမြတ်ငွေသည် ဝမ် ၆.၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံ) ဖြစ်ပြီး ယခုလနှောင်းပိုင်း၌ အတည်ပြုအမြတ်ငွေကို ၎င်းကုမ္ပဏီက ကြေညာမည် ဖြစ်သည်။

ယခုကဲ့သို့ ရလဒ်မကောင်းခြင်းသည် စွမ်းရည်မြင့် Memory Chips ဈေးကွက်တွင် Samsung အနေဖြင့် စွမ်းဆောင်မှုနှိုင်းယှဉ်နိုင်စွမ်း ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

အဆိုပါ စတုတ္ထ ၃ လပတ်အတွက် ရောင်းအားသည် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံတိုးလာပြီး ဒေါ်လာ ၅၁.၅ ဘီလီယံရှိသည်ဟု Samsung က ဆိုပါသည်။

Samsung သည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကျစရိတ်များ မြင့်မားလာခြင်းနှင့် အခြားကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီး မြှုပ်နှံမည်

အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တု အခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါကြေညာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ ကျင်းပခဲ့ သည့် ပွဲသို့‌ရောက်ရှိနေသည့် Microsoft အမှုဆောင် အရာရှိချုပ် Satya Nadella က ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

Microsoft နည်းပညာကုမ္ပဏီကြီးသည် ၂၀၃၀ ပြည့်နှစ် တွင် အိန္ဒိယနိုင်ငံ၌ AI ကျွမ်းကျင်မှုအတွက် လူပေါင်း ၁၀ သန်းကို လေ့ကျင့်ပေးရန်လျာထားသည် ဟုလည်း သိရသည်။

Microsoft က ၎င်း၏ cloud နှင့် ဉာဏ်ရည်တု ဆိုင်ရာ အခြေခံအဆောက်အဦများကို နိုင်ငံအတွင်းရှိ ဒေတာ စင်တာကျောင်းခွဲများတစ်လျှောက် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယနိုင်ငံ၏ လျင်မြန်စွာ တိုးချဲ့နေသော AI start-ups များနှင့် သုတေသန အသိုင်းအဝိုင်း၏ အင်တိုက်အားတိုက် တောင်းဆိုချက် များကို ဖြည့်ဆည်းရန်အတွက် ဉာဏ်ရည်တု ကွန်ပျူတာ ဂေဟစနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ကိုးကား - ဆင်ဟွာ

ဂျိုးဘိုင်ဒင်လက်ထက် ဒေဝါလီခံမှုများ အမြင့်ဆုံးအဆင့်သို့ ရောက်လာသည့် အမေရိကန်

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးကုမ္ပဏီ ၆၈၆ ခု ဒေဝါလီခံခဲ့ရခြင်းကြောင့်   ယင်းပမာဏသည် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပွားသည့်   ၂၀၁၀ ပြည့်နှစ်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

အမေရိကန်ကုမ္ပဏီများ  ပိုမိုဒေဝါလီခံရခြင်းသည် အစိုးရက အတိုးနှုန်းမြှင့်တင်နေပြီး အမေရိကန် နိုင်ငံတစ်ဝန်းလုံးတွင်လည်း ဝယ်လိုအားများ ကျဆင်းနေချိန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေဝါလီခံခဲ့ရသည့် အဓိကအမေရိကန် စီးပွားရေးလုပ်ငန်းကြီးများတွင် အစားအသောက်သိုလှောင်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့်      Tupperware၊ စားသောက်ဆိုင်လုပ်ငန်းများကို ပိုင်ဆိုင်ထားသည့် Red Lobster၊ အဖိုးနှုန်းချိုသာသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သော Spirit လေကြောင်းနှင့် အလှကုန်ပစ္စည်းရောင်းချသည့်ကုမ္ပဏီတစ်ခုဖြစ်သော Avon Products တို့ပါဝင်သည်။

အမေရိကန်တွင် ဒေဝါလီခံရန် လျှောက်ထားသည့် စီးပွားရေးလုပ်ငန်းများအရေအတွက်သည် ၂၀၂၄ခုနှစ် ဇွန်လအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ယင်းတစ်လတည်းမှာပင်  စီးပွားရေးလုပ်ငန်း အနည်းဆုံး ၇၅ ခု   ဒေဝါလီခံယူရန် လျှောက်ထားခဲ့ပြီး   ယင်းပမာဏသည် လွန်ခဲ့သည့် ၁၃နှစ်က ပမာဏထက်ပိုမို များပြားနေသည်။

အလားတူပင် ၂၀၂၄ခုနှစ် ဇွန်လ ၁၇ ရက်တွင် အမေရိကန် မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်သည့် Fisker Group Inc. ဒေဝါလီခံရန်လျှောက်ထားခဲ့ရသည်။   အဆိုပါကုမ္ပဏီသည်   ၎င်းတို့၏ မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းများကို ၂၀၂၄ ခုနှစ်မတ်လကတည်းက ရပ်ဆိုင်းပစ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၄  ခုနှစ် ဇွန်လအကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုအတွင်း ဒေဝါလီခံရသည့် စီးပွားရေး လုပ်ငန်းပမာဏမှာ ယခင်နှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု အမေရိကန် တရားရုံးများဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

စီးပွားရေးအခြေအနေများကြောင့် ဒေဝါလီခံယူရန် တရားရုံးများသို့ လျှောက်ထားခဲ့ရသည့် လူပုဂ္ဂိုလ်အရေအတွက်မှာလည်း ၂၀၂၄ ခုနှစ် ဇွန်လအကုန်ပိုင်းတွင် ၄၆၄,၅၅၃ ဦးအထိ   မြင့်တက်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၅ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

ထို့ပြင် သမ္မတဂျိုးဘိုင်ဒင်လက်ထက်တွင် ကမ္ဘာ့စီးပွားရေးအတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းများ၏ ပါဝင်မှုသည် ၁၅ ရာခိုင်နှုန်းအောက်အထိ ကျဆင်းလာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ကထုတ်ပြန်သည့်အချက်များတွင် ဖော်ပြထားသည်။

ထို့ကြောင့်  အရွယ်ရောက်ပြီး အမေရိကန်ပြည်သူ ၄၈ ရာခိုင်နှုန်းက နိုင်ငံ၏လက်ရှိအခြေအနေကို ဆိုးရွားလျက်ရှိသည်ဟု ရှုမြင်နေကြကြောင်း လူထုသဘောထားစစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထို့ပြင် ဂျိုးဘိုင်ဒင်သမ္မတအဖြစ် တာဝန်ယူသည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကာလသည် အမေရိကန်ပြည်သူများ၏ ဘဏ္ဍာရေးအခြေအနေသည်  ပိုမိုယိုယွင်းလာခဲ့ကြောင်း မစ်ချီဂန်တက္ကသိုလ်က လစဉ်ထုတ်ဝေသည့် အတွေးအမြင်ကဏ္ဍ၌ ဖော်ပြထားသည်။

ဂျိုးဘိုင်ဒင်အစိုးရ၏ Bidenomics စီးပွားရေးစနစ်သည် လုံးဝလျှော့ချ၍မရနိုင်သည့် ကပ်ဆိုက်မှု တစ်ရပ်ဖြစ်သည်ဟု အမေရိကန်ပြည်သူများကယူဆလျက်ရှိသည်။ ဘိုင်ဒင်အစိုးရ၏ မူဝါဒများကြောင့် ဆိုးရွားကြီးမားသည့်ငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေပြီး   ဝင်ငွေနည်းသည့် အမေရိကန် ပြည်သူများအနေဖြင့် ၎င်းတို့လိုအပ်သည့်   အခြေခံကုန်ပစ္စည်းများအတွက် ငွေကြေးကို ပိုမိုသုံးစွဲရလျက်ရှိသည်။

ထို့ပြင် ဘိုင်ဒင်အစိုးရ၏ Bidenomics စီးပွားရေးစနစ်သည် နိုင်ငံ့စီးပွားရေးကို ပျက်စီးစေခဲ့သည့်အပြင် အမေရိကန်နိုင်ငံသားမိသားစုအများအပြားသည် ၎င်း၏စီးပွားရေးမူဝါဒနှင့်ကိုက်ညီမှုမရှိ ကြောင်း အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကပြောကြားသည်။

Ref: Sputnik, UC

Source: Myawady Web Portal

BRICS အဖွဲ့သို့ အင်ဒိုနီးရှားနိုင်ငံဝင်ရောက်

အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ်    ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရ၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့သို့ ဝင်ရောက်ရန်ဆန္ဒရှိကြောင်း ယခင်ကတည်းက ဖော်ပြခဲ့သည်။   ဘရာဇီးနိုင်ငံသည် ၂၀၂၅   ခုနှစ်အတွက်  BRICS အဖွဲ့၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အင်ဒိုနီးရှားနိုင်ငံ၏ ပူးပေါင်းပါဝင်မည့် ကြိုးပမ်းချက်ကို အများ၏ဆန္ဒနှင့်အညီ ဇန်နဝါရီလ ၆ ရက်တွင် သဘောတူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

BRICS အဖွဲ့သို့ဝင်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံအား ၂၀၂၃ ခုနှစ်ကတည်းက ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း ယင်းနိုင်ငံအတွင်း၌ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကျင်းပပြီးချိန်မှ ဝင်ရောက်ရန် BRICS အဖွဲ့က တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း   သိရသည်။

BRICS အဖွဲ့သည် ကနဦးတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ဖြင့် ဖွဲ့စည်းထားသော်လည်း ယခုအခါ အင်ဒိုနီးရှား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့်  အာရပ်စော်ဘွားများ ပြည်ထောင်စု စသည့်နိုင်ငံများပါ အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီ ဖြစ်သည်။

Ref: ST

philippines acctains 13 billion  dollar as tax  from tourism

ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်အတွင်း ခရီးသွားလာရေးလုပ်ငန်းများမှ အခွန်ဘဏ္ဍာအဖြစ် ပီဆို ၇၆၀ ဒသမ ၅ ဘီလီယံ  (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံ) ရရှိခဲ့ကြောင်း  ခရီးသွားလာရေးဌာနက ထုတ်ပြန်သည်။

နိုင်ငံအတွင်းသို့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာမှ ခရီးသွား ၆ သန်းနီးပါးဝင်ရောက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်က ဝင်ရောက်ခဲ့သည့် ခရီးသွားဦးရေထက် ၉ ဒသမ ၁၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း   ခရီးသွားလာရေးဌာနက ဇန်နဝါရီလ ၆ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။

နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည့် ခရီးသွားများအနက် ၉၁ ဒသမ ၄၂ ရာခိုင်နှုန်း သို့မဟုတ်   လူ ၅ ဒသမ ၄ သန်းကျော်မှာ နိုင်ငံခြားသားများဖြစ်ပြီး    ၈ ဒသမ ၅၈ ရာခိုင်နှုန်း  သို့မဟုတ် လူ  ၅၁၀,၃၈၃ ဦးမှာ ပြည်ပရောက် ဖိလစ်ပိုင်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းမှရရှိသည့်   အခွန်ဘဏ္ဍာပမာဏသည် နိုင်ငံအတွင်း ကိုဗစ်၁၉ ရောဂါကူးစက်မှု မဖြစ်ပွားမီကာလက ရရှိသည့်ပမာဏထက် ပိုမိုမြင့်တက်လာကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းသည် ပြန်လည်ကောင်းမွန်လာခဲ့သည့်အပြင် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စေရန်အတွက်လည်း အထောက်အကူပြုနိုင်ခဲ့ကြောင်း   ခရီးသွားလာရေးဝန်ကြီး ခရစ်စတီးနား ဂါးစီးယားဖရာဆိုက ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Xinhua

Johor-Singapore အထူးစီးပွားရေးဇုန် သဘောတူညီချက်ကို 11th Malaysia-Singapore Leaders' Retreat တွင် လက်မှတ်ရေးထိုး

စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အထူးစီးပွားရေးဇုန်သစ်တစ်ခုဖန်တီးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

မလေးရှားနိုင်ငံ၊ ပူထရာဂျာယာရှိ 11th Malaysia-Singapore Leaders' Retreat ၌ ဝန်ကြီးချုပ် Lawrence Wong နှင့် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့သည် ဇန်နဝါရီ ၇ ရက်က Johor-Singapore Special Economic Zone (JS-SEZ) အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

JS-SEZ သည် နှစ်နိုင်ငံပြည်သူများအတွက် ကောင်းမွန် သော အလုပ်အကိုင်များနှင့် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Wong က နှစ်ရက်ကြာ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ဇုန်သည် စီးပွားရေးလုပ်ငန်းများ ပိုမိုယှဉ်ပြိုင်ရန်နှင့် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်လာစေရန် နှစ်ဖက်စလုံးမှ အသုံးချနိုင်သည့် အားသာချက်များစွာရှိကြောင်း PM Wong က ပြောကြားခဲ့သည်။

ကိုးကား-The Straitstimes

ဈေးကွက်တစ်ခုတည်းစနစ် ဖော်ဆောင်ရေးအတွက် တရုတ်အစိုးရ လမ်းညွှန်ချက်များ ထုတ်ပြန်

တရုတ်နိုင်ငံ၏ အစိုးရစီမံခန့်ခွဲသူက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်တစ်ခုတည်းစနစ်ကိုအကောင်အထည်ဖော်မည့် လမ်းညွှန်ချက်များကို ဇန်နဝါရီ ၇ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။ တရုတ် နိုင်ငံသည် အနာဂတ်တွင် ဘုံဈေးကွက် ချိတ်ဆက်မှု စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး ဈေးကွက်တွင် တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေး ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

အဆိုပါဈေးကွက်တစ်ခုတည်းစနစ်ကို ကျင့်သုံးမည်ဆိုပါက ဒေသခံအစိုးရများကို ပြည်မကြီးနှင့်ဆန့်ကျင်သော ဘဏ္ဍာရေး၊ အခွန် ၊ဈေးနှုန်းသတ်မှတ်ချက် ၊ မြေယာ ၊ အရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် သီးခြားရင်းနှီးမြှုပ်နှံမှု မူဝါဒများကို အကောင်အထည်ဖော်ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံအမျိုးသား ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ 

ကိုးကား - Reuters

ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ BRICS တင်းပြည့်အဖွဲ့ဝင်ဖြစ်လာ

လက်ရှိ BRICS အဖွဲ့၏အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရာဇီးလ်က အင်ဒိုနီးရှားသည် BRICS အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာကြောင်း ဇန်နဝါရီ ၆ ရက်ကကြေညာခဲ့သည်။

BRICS ကို ဘရာဇီး၊ရုရှား၊အိန္ဒိယနှင့်တရုတ်တို့က ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်နှစ်အကြာတွင် တောင်အာဖရိကသည် အဖွဲ့ဝင်အဖြစ် ပူးပေါင်းခဲ့သည်။ အဖွဲ့အား အပြန်အလှန်ရင်းနှီးမြုပ်နှံမှုနှင့် ငွေကြေး တည်ငြိမ်မှုရရှိစေမည့် စီးပွားရေးစင်္ကြံတစ်ခုအဖြစ် မူလ က မျှော်မှန်းထားသော်လည်း နောက်ပိုင်းတွင် လုံခြုံရေး ကိစ္စရပ်များအပါအဝင် ပိုမိုကျယ်ပြန့်သောကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်နိုင်မည့် ဖိုရမ်တစ်ခုအဖြစ် ပြောင်းလဲ လာသည်။ 

၂၀၂၃ ခုနှစ်ကပင် အဖွဲ့ဝင်လောင်းအဖြစ် BRICS က ထောက်ခံခဲ့သော်လည်း လူဦးရေ သန်း၂၇၀ ကျော် ရှိသည့် ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးနိုင်ငံကို ယခင် နှစ်က အစိုးရသစ်ဖွဲ့စည်းပြီးချိန်တွင်မှ ဝင်ရောက်ရန် အတည်ပြုရွေးချယ်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်းတွင် အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့က BRICS ၏ တင်းပြည့်အဖွဲ့ဝင်များဖြစ်လာခဲ့ပြီး ယခုနှစ်တွင် ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကာဇက်စတန်၊ ထိုင်း၊ ကျူးဘား၊ ယူဂန်ဒါ၊ မလေးရှားနှင့် ဥဇဘက်ကစ္စတန် တို့က BRICS ၏ တရားဝင် မိတ်ဖက်နိုင်ငံများ ဖြစ်လာ သည်။

BRICSနှင့်ပူးပေါင်းဆောင်ရွက်ရန် အခြားနိုင်ငံ နှစ်ဒါဇင်ကျော်ကလည်း စိတ်ဝင်စားမှုရှိကြောင်း ရုရှားထိပ်တန်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ မော်စကိုသည် အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၄ ခုနှစ်ကတာဝန်ယူခဲ့သည်။

ကိုးကား-RT

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းကျဆင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ကျဆင်းလာခဲ့ကြောင်း ယင်းနိုင်ငံစာရင်းအင်းဗျူရိုက နောက်ဆုံးထုတ်ပြန်သည့်  အချက်အလက်များ အရ သိရသည်။

နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည်၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၁ ဒသမ ၃၈ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ဒီဇင်ဘာလတွင်  ၁၀ ဒသမ ၃၉ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ နိုင်ငံအတွင်းငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလာခြင်းသည် ဆောင်းသီးနှံများနှင့်အစားအသောက်မဟုတ်သည့်  ကုန်ပစ္စည်းများ၏ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

အစားအသောက်မဟုတ်သည့် ကုန်ပစ္စည်းများအတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလတွင် ၉ ဒသမ ၃၉ ရာခိုင်နှုန်းရှိခဲ့ရာမှ  ဒီဇင်ဘာလတွင် ၉ ဒသမ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည်၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု အစောပိုင်းက ထုတ်ပြန်ထားသော်လည်း နောက်ပိုင်းတွင် ၆ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။

Ref: OD, Xinhua