ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်ဓာတ်ငွေ့ ပိုမဝယ်လျှင် စည်းကြပ်ခွန် တိုးမြှင့်မည်ဟု ထရမ့်ခြိမ်းခြောက်

News Image

  • ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်ဓာတ်ငွေ့ ပိုမဝယ်လျှင် စည်းကြပ်ခွန် တိုးမြှင့်မည်ဟု ထရမ့်ခြိမ်းခြောက်

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ် ယူခြင်းမရှိပါက ယင်းသမဂ္ဂမှ အမေရိကန်သို့ တင်သွင်းနေသော သွင်းကုန်များအပေါ် စည်းကြပ်အခွန် တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်လိုက်သည်။

ဥရောပသမဂ္ဂသည် အမေရိကန်နိုင်ငံနှင့် ပတ်သက်လာလျှင် ဆယ်စုနှစ်များစွာ ကြာသည်အထိ ကုန်သွယ်ရေးပိုငွေပြနေကြောင်း၊ ထို့ကြောင့် အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေကို ပြန်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် ဥရောပသမဂ္ဂက အမေရိကန်မှရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူပေးရမည်ဖြစ်ကြောင်း ထရမ့်က ဒီဇင်ဘာလ ၂၀ ရက်တွင်ပြောသည်။

ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်း သစ္စာကျိန်ဆိုမည်ဖြစ်ပြီး သမ္မတမဖြစ်မီမှာပင် အမေရိကန်၏ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့ကိုလည်း သွင်း ကုန်စည်းကြပ်အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက် ထားသေးသည်။

ယူကရိန်းပဋိပက္ခကို အကြောင်းပြု၍ အနောက်အုပ်စုက ရုရှားအပေါ်ပိတ်ဆို့မှု များ ချမှတ်ပြီးနောက် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ် ငွေ့များအပေါ်ကိုသာ မှီခိုလာရကြောင်း သိရသည်။

Source: Myawady Web Portal