ပနားမားတူးမြောင်းအရေး ဖုန်းဖြင့်ဆွေးနွေးရန် ထရမ့် ရွှေ့ဆိုင်း
News Image

ပနားမားတူးမြောင်းကို ပြန်လည်သိမ်းပိုက်မည်ဟု ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်ပြောဆိုမှုကြောင့် နှစ်နိုင်ငံအကြား အပြန်အလှန်တင်းမာမှုများရှိနေချိန်တွင် နှစ်နိုင်ငံ ခေါင်းဆောင်အချင်းချင်း ဖုန်းဖြင့်ဆွေးနွေးမည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပနားမား အစိုးရက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားလိုက်ပါသည်။
အမေရိကန်သမ္မတထရမ့်နှင့် ပနားမာသမ္မတ မူလီနို တို့သည် ဖေဖော်ဝါရီ ၇ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၃း၃၀ နာရီတွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။