ယူကရိန်းစစ်ပွဲကြာရှည်အောင် အမေရိကန် လုပ်နေခြင်းဟု ကင်ဂျုံအန်း ပြောကြား

News Image

ယူကရိန်းစစ်ပွဲကြာရှည်အောင် အမေရိကန် လုပ်နေခြင်းဟု ကင်ဂျုံအန်း ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန် နှင့်အနောက်နိုင်ငံများသည် ရုရှားကို မဟာဗျူဟာပိုင်းဆိုင်ရာအရ အရှုံးပေးရန် လက်မခံလိုသဖြင့် ယူကရိန်းစစ်ပွဲ ရှည်လျားနေစေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်ပါသည်။ 

အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်ဆေးခြင်း DOGE ပိတ်ပင်ခံရ

News Image

အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်ဆေးခြင်း DOGE ပိတ်ပင်ခံရ

တရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ချက်အရ အမေရိကန် ပြည်ထောင်စုတရားသူကြီးတစ်ဦးက  ဘဏ္ဍာရေးဌာနရှိ သန်းနှင့်ချီသော အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို Elon Musk ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) က ကြည့်ရှုခွင့်မရစေရန် ပိတ်ပင်ခဲ့ပါသည်။

ထို့အပြင်   လက်ခံရရှိထားသော မိတ္တူများကို အီလွန်မတ်စ်နှင့် အဖွဲ့က ဖျက်ဆီးရန် ယာယီတားမြစ်သောအမိန့်ကို ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန်ပြည်နယ် တရားသူကြီး Paul က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

AI ဉာဏ်ရည်တုနည်းပညာ ထိပ်သီးအစည်းအဝေး ပြင်သစ်တွင် ကျင်းပမည်

News Image

AI ဉာဏ်ရည်တုနည်းပညာ ထိပ်သီးအစည်းအဝေး ပြင်သစ်တွင် ကျင်းပမည်

ပြင်သစ်နိုင်ငံ၌ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့တွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပထဝီနိုင်ငံရေး ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်မည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးမည် ဖြစ်ပါသည်။ 

တရုတ်နိုင်ငံထုတ် Deepseek AI Chatbot နည်းပညာ လောကတွင် နေရာယူလာပြီးနောက် ကမ္ဘာ့‌ခေါင်းဆောင်များ အကြား AI နည်းပညာအုပ်ချုပ်ရေးအကြောင်း ဆွေးနွေးကြမည့် အစည်းအဝေးဖြစ်ပါသည်။ 

ဗြိတိန်မင်းသား ဟယ်ရီကို အမေရိကန်မှ ပြန်ပို့ရန် အစီအစဉ်မရှိဟု ထရမ့်ပြောကြား

News Image

ဗြိတိန်မင်းသား ဟယ်ရီကို အမေရိကန်မှ ပြန်ပို့ရန် အစီအစဉ်မရှိဟု ထရမ့်ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗြိတိန်မင်းသား ဟယ်ရီကို အမေရိကန်နိုင်ငံမှ ပြန်ပို့ရန် အစီအစဉ်မရှိကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ 

“မိမိအနေဖြင့် ၎င်းကို အေးအေးဆေးဆေး တစ်ယောက် တည်းထားလိုကြောင်း၊ ဟယ်ရီအနေဖြင့် ၎င်း၏ဇနီးနှင့် ပတ်သက်ပြီး ပြဿနာအတော်များများရှိနေကြောင်း” ထရမ့်က ပြောကြားထားပါသည်။