DOGE က ပင်တဂွန်စစ်ဌာနချုပ်ကို စစ်ဆေးမည်

News Image

DOGE က ပင်တဂွန်စစ်ဌာနချုပ်ကို စစ်ဆေးမည်

အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ အကြီးအကဲအဖြစ် Elon Musk အား ဗဟိုအစိုးရ အသုံးစရိတ်ကို ပြန်လည်သုံးသပ်ရန် တာဝန်ပေးအပ် ထားပြီး ၎င်းအား ပင်တဂွန်နှင့် ပညာရေးဌာနအပေါ် စစ်ဆေး၍ တွေ့ရှိချက်များအပေါ် သုံးသပ်တင်ပြရန် ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါဌာနအသစ်တွင် တာဝန်ထမ်းဆောင်နေသူများအား ပြည်သူ့ဘဏ္ဍာအသုံးပြုမှုများကို စိစစ်လျှော့ချရန်အတွက် အထူးတာဝန်ပေးအပ်ထားကြောင်းဆိုသည်။

ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျ နိုင်ငံတို့ ပူးတွဲရေကြောင်းစစ်ရေး လေ့ကျင့်ခဲ့

News Image

ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျ နိုင်ငံတို့ ပူးတွဲရေကြောင်းစစ်ရေး လေ့ကျင့်ခဲ့

ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျနိုင်ငံများမှ ကာကွယ်ရေးတပ်ဖွဲ့များသည် တောင်တရုတ်ပင်လယ်၌ ပူးတွဲရေကြောင်းလေ့ကျင့်မှု ပြုလုပ်ခဲ့ကြပါသည်။ အမေရိကန်သမ္မတအဖြစ် Donald Trump က တစ်ကျော့ပြန် တာဝန်ယူခဲ့ပြီးနောက် အဆိုပါ ၄ နိုင်ငံသည် ၎င်းတို့၏ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံးအကြိမ် သရုပ်ပြခဲ့ကြပါသည်။

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်မိုးပျံပူပေါင်း (၆) လုံးနှင့် စစ်သင်္ဘောများ ခြေရာခံမိ

News Image

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်မိုးပျံပူပေါင်း (၆) လုံးနှင့် စစ်သင်္ဘောများ ခြေရာခံမိ

ထိုင်ဝမ်ကျွန်းကမ်းလွန်တွင် တရုတ်၏ မိုးပျံပူဖောင်း (၆) လုံးကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၇) ရက်တွင် ထုတ်ပြန် ခဲ့သည်။

တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးအရ ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ (၇) ရက်၊ နံနက် (၆) နာရီအချိန်အထိ ပြီးခဲ့သည့် (၂၄) နာရီအတွင်း တရုတ်၏ မိုးပျံပူဖောင်း (၆) လုံးကို ခြေရာခံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောခဲ့သည်။

Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim နှင့် ဆက်ဆံမှု ပြန်လည်ထူထောင်လို

News Image

Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim နှင့် ဆက်ဆံမှု ပြန်လည်ထူထောင်လို

အမေရိကန်သမ္မတ Donald Trump သည် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နှင့် ဆက်ဆံရေး ပြန်လည်ထူထောင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းတို့၏ အတိတ်ဆက်ဆံရေးကို မီးမောင်းထိုးပြကာ သံတမန်ဆက်ဆံရေး၏ အရေးပါမှုကို အလေးပေး ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ Trump က သတင်းထောက်များအား “ကျွန်တော်တို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နှင့် ဆက်ဆံရေးရှိမှာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။