မြူးနစ်ညီလာခံ၌ အမေရိကန်ဒုတိယသမ္မတနှင့် ဇီလန်စကီး တွေ့ဆုံမည်

News Image

မြူးနစ်ညီလာခံ၌ အမေရိကန်ဒုတိယသမ္မတနှင့် ဇီလန်စကီး တွေ့ဆုံမည်

အမေရိကန်ဒုသမ္မတ James David Vance သည် လာမည့်သီတင်းပတ်တွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်မည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် New York Post သတင်းစာက ဖော်ပြသည်။

အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်  ယူကရိန်းမှ မြေရှားပါးသတ္တုနှင့် သဘာဝဓာတ်ငွေ့များ ရယူရန်  ဇီလန်စကီးနှင့် ဒေါ်လာ သန်း ၅၀၀ တန် သဘောတူညီချက်ကို ချုပ်ဆိုလိုကြောင်း ပြောကြားခဲ့ပြီးအလားအလာရှိသော  ငြိမ်းချမ်းရေးဆိုင်ရာ အာမခံချက်များနှင့် လဲလှယ်ရန်  ဟု သတင်းစာက ထပ်လောင်း ပြောကြား ခဲ့သည်။

မီဒီယာ ကန်ထရိုက်တာ အားလုံး ဖျက်သိမ်းရန် ထရမ့် အမိန့်ထုတ်ပြန်

News Image

မီဒီယာ ကန်ထရိုက်တာ အားလုံး ဖျက်သိမ်းရန် ထရမ့် အမိန့်ထုတ်ပြန်

မီဒီယာကန်ထရိုက်များအားလုံးကို ဖျက်သိမ်းရန် အမေရိကန် အစိုးရ၏ အထွေထွေဝန်ဆောင်မှုစီမံခန့်ခွဲရေး အေဂျင်စီဖြစ်သည့် General Services Administration (GSA) ကို သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရအေဂျင်စီများအနေဖြင့် မီဒီယာများကို အခငွေကြေးများပေးနေရကြောင်း ထရမ့်က ပြောကြားခဲ့ပြီးနောက် အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။ GSA ထံ ညွှန်ကြားချက်အရ Politico၊ BBC၊ E&E (Politico sub)၊ Bloomberg တို့နှင့် ချုပ်ဆိုထားသည့်ကန်ထရိုက်များ ဖျက်သိမ်းပေးရန် ဖော်ပြထားပါသည်။

ကိုကင်းက ဝီစကီလောက်မဆိုးရွားကြောင်း ကိုလံဘီယာ သမ္မတ ပြော

News Image

ကိုကင်းက ဝီစကီလောက်မဆိုးရွားကြောင်း ကိုလံဘီယာ သမ္မတ ပြော

ကိုကင်းသည် ဝီစကီလောက် အကျိုးသက်ရောက်မှု ဆိုးရွားမှုမရှိကြောင်း ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုက ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြည်နှင်ဒဏ်ပေးရေးမူဝါဒများနှင့် ကုန်သွယ်မှုအခွန် စည်းကြပ်ရန် မကြာသေးမီက ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရနှင့် တင်းမာမှုများရှိနေသည့်အချိန်တွင် ဂူစတာ ဗိုပက်ထရို၏ မှတ်ချက်ပြုပြောဆိုမှုများ ထွက်ပေါ် လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ (၃၀) ကျော် ပျောက်ဆုံး

News Image

တရုတ်နိုင်ငံ တောင်ပိုင်း၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ (၃၀) ကျော် ပျောက်ဆုံး

တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူ (၃၀) ဦးကျော် ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ရေးသားဖော်ပြခဲ့ပါသည်။ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်၌ ယီဘင်းမြို့ ဂျင်းပင်ရွာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။