ပနားမားတူးမြောင်းအရေး ဖုန်းဖြင့်ဆွေးနွေးရန် ထရမ့် ရွှေ့ဆိုင်း

News Image

  • ပနားမားတူးမြောင်းအရေး ဖုန်းဖြင့်ဆွေးနွေးရန် ထရမ့် ရွှေ့ဆိုင်း

ပနားမားတူးမြောင်းကို ပြန်လည်သိမ်းပိုက်မည်ဟု ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်‌ပြောဆိုမှုကြောင့် နှစ်နိုင်ငံအကြား အပြန်အလှန်တင်းမာမှုများရှိနေချိန်တွင် နှစ်နိုင်ငံ ခေါင်းဆောင်အချင်းချင်း ဖုန်းဖြင့်ဆွေးနွေးမည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပနားမား အစိုးရက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားလိုက်ပါသည်။

အမေရိကန်သမ္မတထရမ့်နှင့် ပနားမာသမ္မတ မူလီနို တို့သည် ဖေဖော်ဝါရီ ၇ ရက်‌နေ့ ဒေသစံတော်ချိန် နေ့လယ် ၃း၃၀ နာရီတွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

ထရမ့်နှင့် တယ်လီဖုန်းပြောဆိုမည့် အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များအား ညှိနှိုင်းပြီးပါက ပနားမားနိုင်ငံခြားရေးရုံးက ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း အစိုးရက ပြောကြားထားပါသည်။

အမေရိကန်သင်္ဘောများသည် အခကြေးငွေပေးဆောင်ရန် မလိုအပ်ဘဲ ပနားမားတူးမြောင်းတွင် ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း၊ အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးသည့် အဓိကရေလမ်းကြောင်းဖြစ်သည့် ပနားမားတူးမြောင်းကိုလည်း တရုတ်နိုင်ငံက ထိန်းချုပ် ထားပြီး အဆိုပါတူးမြောင်းပတ်ဝန်းကျင်တွင် တရုတ် စစ်သားများရှိနေကြောင်း ထရမ့်၏  စွပ်စွဲပြောဆိုချက်များအပေါ်  မူလီနိုက ငြင်းဆိုခဲ့ပြီး တူးမြောင်းအား ပနားမား အစိုးရဌာနတစ်ခုဖြစ်သည့် ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့က စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး Marco Rubio ၏ ပနားမားခရီးစဉ်အပြီးတွင် သမ္မတ မူလီနိုက ပနားမား နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Belt and Road Initiative) သဘောတူညီချက်စာချုပ်အား သက်တမ်း တိုးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား -Reuters