ထရန့်က ဇီလန်စကီးနှင့် လာမည့်အပတ် တွေ့ဆုံမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်း သမ္မတ ဇီလန်စကီးနှင့် လာမည့်အပတ်တွင် အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တော်၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားလိုက်ပါသည်။
ထို့အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း ဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ယခင်က “သမ္မတဖြစ်လျှင် ရုရှား ယူကရိန်း စစ်ပွဲကို တစ်ရက်အတွင်း ပြီးဆုံးသွားစေ ရမည်” ဟု ပြောဆိုဖူးပါသည်။
ကိုးကား -TASS
MM-News-Category