ယူကရိန်းအရေးနှင့်ပတ်သက်၍ Trump က Putin နှင့် တယ်လီဖုန်းမှဆွေးနွေးခဲ့ဟုဆို
News Image

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းအရေးကိစ္စ နှင့်ပတ်သက်၍ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း New York Post သတင်းအရသိရသည်။ အဆိုပါ သတင်းနှင့်ပတ်သက်၍ ကရင်မလင်က မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။
ယူကရိန်းပဋိပက္ခကို အမြန်အဆုံးသတ်စေမည်ဟု အကြိမ်ကြိမ်ကတိပြုထားသည့် Trump သည် ဖေဖော်ဝါရီလ ၇ ရက်နေ့က Air Force One ပေါ်၌ အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့မှုကို ကိုးကား၍ NY Post ကဖော်ပြခဲ့ခြင်းဖြစ်သည်။