ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်နှင့် USAID အလားအလာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး အေဂျင်စီ (USAID) ကို အဂတိလိုက်စားမှု လွန်စွာ များပြားနေသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် ပိတ်သိမ်းသွားရန် ဖေဖော်ဝါရီ ၃ ရက်တွင် ညွှန်ကြားခဲ့ပါသည်။
ထိုညွှန်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် USAID ၏ လုပ်ငန်းများသည် အချိန်ကာလ တစ်ခုအထိ ရပ်ဆိုင်းခဲ့ပါသည်။
ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကို USAID ၏ ခေတ္တအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ထိုလုပ်ငန်းစဉ်ကို ဦးဆောင်ရန် အမေရိကန် အစိုးရလုပ်ငန်းစဉ်များ ထိန်းချုပ်ရေးဌာန (DOGE) အကြီးအကဲအဖြစ် ဘီလီယံနာသူဌေးကြီး Elon Musk ကို တာဝန်ပေးအပ်ခဲ့သည်။
USAID ကို ၁၉၆၁ ခုနှစ်တွင် အမေရိကန်သမ္မတ John F. Kennedy က တည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာအကူအညီ၏ ၆၀% ခန့်ကို စီမံခန့်ခွဲ နေသည့် အဖွဲ့အစည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃.၇၉ ဘီလီယံခန့်ကို အဆိုပါ အေဂျင်စီသို့ ထောက်ပံ့ပေးခဲ့ပါသည်။
ယခုအခါ ဒေါ်နယ်ထရမ့် ၏ USAID အပေါ် ဆုံးဖြတ်ချက် နှင့် နောင်လာမည့် ရန်ပုံငွေ အစီအစဉ် အလားအလာကို စိတ်ဝင်စားနေကြသည်။
ကိုးကား -TASS