အိန္ဒိယနိုင်ငံသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်း လျှော့ချ

News Image

အိန္ဒိယနိုင်ငံသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်း လျှော့ချ

အာရှ၏ တတိယအကြီးဆုံးစီးပွားရေး နိုင်ငံဖြစ်သည့် အိန္ဒိယတွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလာခြင်းကို ဖြေရှင်းရန် အိန္ဒိယဗဟိုဘဏ်သည် ငါးနှစ် နီးပါးအတွင်း အတိုးနှုန်းကို ပထမဆုံးအကြိမ် လျှော့ချ လိုက်သည်။

Reserve Bank of India (RBI) သည်လည်း စီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက်နှင့်အညီ ဖြစ်စေရန် ၎င်း၏ Repo Rate ကို ၆.၅ % မှ ၆.၂၅ % သို့ လျှော့ချခဲ့သည်။

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံသစ် တည်ဆောက်မည့်အမိန့်အား သမ္မတ ထရမ့် ပြန်လည် အသက်သွင်း

News Image

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံသစ် တည်ဆောက်မည့်အမိန့်အား သမ္မတ ထရမ့်   ပြန်လည် အသက်သွင်း

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံ (National Park of American Heroes) ကို ပြန်လည် အသက်သွင်းမည့် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်မှု အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။

သမိုင်းကြောင်းတစ်လျှောက် အကြီးမြတ်ဆုံး အမေရိကန် ခေါင်းဆောင်များ၏ ရုပ်တုများဖြင့် ပြည့်နက်နေသည့် အာဇာနည်ပန်းခြံသစ် တည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်စတင်မည့် အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း” ထရမ့်က US Capitol အဆောက်အအုံတွင် ပြုလုပ်သည့် National Prayer Breakfast မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Trump အစိုးရက ဗီယက်နမ်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တန်ဖိုးထားသည်ဟု အမေရိကန်ကာကွယ်ရေးဦးစီးချုပ် ပြောဆို

News Image

Trump အစိုးရက ဗီယက်နမ်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တန်ဖိုးထားသည်ဟု အမေရိကန်ကာကွယ်ရေးဦးစီးချုပ် ပြောဆို

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က သမ္မတ Donald Trump ၏ အစိုးရအဖွဲ့သည် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုး ထားကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့က ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့်ဆွေးနွေးစဉ် ပြောကြား ခဲ့သည်။

အထူးသဖြင့် နှစ်ဖက်စလုံးမှ သဘောတူထားသည့်အတိုင်း စစ်ပွဲအမွေအနှစ်ပြန်လည်ကုစားရေးတွင် Trump အစိုးရသည် ဗီယက်နမ်နှင့် ကာကွယ်ရေး၊ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် မျှော်လင့်ကြောင်း Hegseth မှ အတည်ပြုပြောကြားခဲ့သည်။

အိမ်ခြေယာမဲ့များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပူတင်ညွှန်ကြား

News Image

အိမ်ခြေယာမဲ့များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပူတင်ညွှန်ကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံ တစ်ဝှမ်းရှိ အိုးမဲ့အိမ်မဲ့များအား အခမဲ့ဆေးဘက်ဆိုင်ရာ အကူအညီများပေးရန် အစိုးရကို တာဝန်ပေးအပ်ထားပြီး ၎င်းတို့၏ အထောက်အထား သို့မဟုတ် မှတ်ပုံတင်/လိပ်စာကို အတည်ပြုသည့် စာရွက်စာတမ်းများ မပါရှိစေကာမူ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးရန် ညွှန်ကြားထားကြောင်းသိရှိရပါသည်။

ညွှန်ကြားချက်အတွက် နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ဖြစ်ပြီး ရုရှား ဝန်ကြီးချုပ် Mikhail Mishustin အား အဆိုပါတာဝန်ကို အကောင်အထည်ဖော်ရန်အတွက် တာဝန်ပေးအပ်ထား ကြောင်းသိရှိရသည်။