လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဖုန်မှုန့်များကို ကာကွယ်ပေးနိုင်သည့် ဖုန်ကာစားသောက်ဆိုင် အရေအတွက်ကို ထိုင်းတိုးမြှင့်မည်

News Image

လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဖုန်မှုန့်များကို ကာကွယ်ပေးနိုင်သည့် ဖုန်ကာစားသောက်ဆိုင် အရေအတွက်ကို ထိုင်းတိုးမြှင့်မည်

လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် ထိုင်းအစိုးရအနေဖြင့် တစ်နိုင်ငံလုံးတွင် ဖုန်မှုန့်များကို  ကာကွယ်ပေးနိုင်သည့်     ဖုန်ကာစားသောက်ဆိုင် အရေအတွက်ကို သုံးလအတွင်း ၂၀,၀၀၀ အထိ တိုးမြှင့်မည်ဖြစ်သည်ဟု  ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဖေဖော်ဝါရီလ ၂ ရက်တွင် ပြောသည်။

တရုတ်ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုအား တရုတ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားမည်

News Image

တရုတ်ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုအား တရုတ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားမည်

တရုတ်နိုင်ငံက တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို  တရုတ်နိုင်ငံကကန့်ကွက်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် တုံ့ပြန်လိုက်သည်။

ထို့ပြင် အမေရိကန်၏အဆိုပါ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့်  တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့တိုင်ကြားမည်ဖြစ်ပြီး နိုင်ငံ၏အကျိုးစီးပွားနှင့် အခွင့်အလမ်းများကို ကာကွယ်ရန်အတွက် တန်ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်ရန် စီစဉ်ထားသည်။

ကမ္ဘာ့နိုင်ငံများကြား ပြင်းထန်လာဖွယ်ရှိသည့် AI နည်းပညာယှဉ်ပြိုင်မှု

News Image

ကမ္ဘာ့နိုင်ငံများကြား ပြင်းထန်လာဖွယ်ရှိသည့် AI နည်းပညာယှဉ်ပြိုင်မှု

AI model များဖြစ်သည့် DeepSeek နှင့် ChatGPT တို့အား ယှဉ်ပြိုင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ၎င်းတို့၏ AI model တစ်ခုကို ယခု ၂၀၂၅ ခုနှစ် အကုန်ပိုင်းတွင် ထုတ်ဖော်ပြသမည်ဟု  ကြေညာလိုက်သည်။

အိန္ဒိယနိုင်ငံအနေဖြင့်  စိုက်ပျိုးရေးကဏ္ဍ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး စသည့်ကဏ္ဍများတွင် AI နည်းပညာကို အသုံးပြုဖြေရှင်းနိုင်ရေးကြိုးပမ်းလျက်ရှိရာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်သည့် အိန္ဒိယအစိုးရသည် လက်ရှိတွင် AI နည်းပညာမြှင့်တင်ရေးအဆိုပြုချက် ၁၈ ရပ်ကို အတည်ပြုလက်ခံပြီးဖြစ်သည်။

သမ္မတပူတင်နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့် ရလဒ်ထွက်ပေါ်မည်ဟု ထရမ့်မျှော်လင့်

News Image

သမ္မတပူတင်နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့် ရလဒ်ထွက်ပေါ်မည်ဟု ထရမ့်မျှော်လင့်

ရုရှားသမ္မတ   ဗလာဒီမာပူတင်နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့် ရလဒ်ထွက်ပေါ်လာမည်ဟုမျှော်လင့်ကြောင်း  အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသည်။

မိမိတို့နှစ်ဦးကြား ဆွေးနွေးမှုများကိုလုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါဆွေးနွေးမှုမှထူးခြားသည့် ရလဒ်ထွက်ပေါ်လာနိုင်ကြောင်း ထရမ့်က ဇန်နဝါရီလ ၃၁ ရက်တွင် အိမ်ဖြူတော်၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌  သတင်းထောက်များကိုပြောသည်။