Gulf of Mexico ကို Gulf of America အဖြစ် ပြောင်းလဲရန် Google ကြေညာ
News Image

ဇန်နဝါရီ ၂၀ တွင် လက်မှတ်ရေးထိုးလိုက်သည့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်ရေးအမိန့်အရ အမေရိကန်ရှိ Google အသုံးပြုသူများအတွက် Google Map ပေါ်တွင် မက္ကဆီကိုပင်လယ်ကွေ့ (Gulf of Mexico) အမည်ကို အမေရိကပင်လယ်ကွေ့ (Gulf of America) အမည်သို့ ပြင်ဆင်ပြောင်းလဲတော့မည်ဖြစ်ကြောင်း Google က ဇန်နဝါရီ ၂၇ ရက်(တနင်္လာနေ့)တွင် ကြေညာလိုက်ပါသည်။