မာလီနိုင်ငံ ရွှေတွင်းတစ်တွင်း၌ ရေလွှမ်းမိုးမှုဖြစ်ပွား အမျိုးသမီးများနှင့် ကလေးများအပါအဝင် ၁၃ ဦးသေဆုံး
News Image

ဘာမာကို ဖေဖော်ဝါရီ ၂
မာလီနိုင်ငံ အနောက်တောင်ပိုင်းရှိ ရွှေတွင်းတစ်တွင်း၌ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးများနှင့် ကလေးများအပါအဝင် တစ်ပိုင်တစ်နိုင် ရွှေတူးသမား ၁၃ ဦး သေဆုံးခဲ့ရကြောင်း မာလီရွှေတူးဖော်သူများသမဂ္ဂက ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သော ရွှေတွင်းသည် မာလီအနောက်တောင်ပိုင်း ကိုလီကိုရိုဒေသကျေးရွာတစ်ခုအနီး တည်ရှိကြောင်း သိရသည်။