တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိ၊ တစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

News Image

တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိ၊ တစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

တူကီယဲနိုင်ငံ  အရှေ့တောင်ပိုင်းတွင် ခရီးသည်တင်  ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိသွားကြောင်း Haber Global က ဖေဖော်ဝါရီလ၂ရက်တွင် ဖော်ပြသည်။

အဆိုပါမတော်တဆမှုသည် နူဒါဂင်မြို့အနီးရှိ  အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း ခရီးသည်တင်ဘတ်စကားမှာ ကုန်တင်ကား၏ ဝင်တိုက်မှုကြောင့် ဆိုးရွားစွာပျက်စီးသွားကြောင်း သိရသည်။

ဟားမတ်စ်အဖွဲ့က လွှတ်ပေးလိုက်သည့် ဓားစာခံ ၇ ဦး တွင် ထိုင်းနိုင်ငံသား ၅ ဦးပါဝင်

News Image

ဂါဇာကမ်းမြောင်ဒေသတွင် ဓားစားခံလဲလှယ်ရေး အစီအစဉ် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဟားမတ်စ် အဖွဲ့က ဓားစာခံ ၇ ဦးလွှတ်ပေးရာတွင် အစ္စရေး စစ်သမီး ၁ ဦးပါဝင်ပြီး ထိုင်းနိုင်ငံသား ၅ ဦး ပါဝင်ကြောင်း သိရှိရသည်။ အေဂမ်ဘာဂါ ( ၂၀နှစ် )ကို လက်နက်ကိုင် ဟားမတ်စ်အဖွဲ့က စင်ပေါ်သို့ခေါ်ဆောင်လာကာ ဓာတ်ပုံရိုက်ခဲ့ပြီး သူမကိုကြက်ခြေနီအဖွဲ့ဝင်များထံသို့ လွှဲအပ်လိုက်ကြသည်။ ယခုလွှဲပြောင်းမှုမတိုင်မီက အမျိုးသမီး ၇ ဦးကိုလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ပြန်လည် လွတ်မြောက်လာသော ဓားစာခံများကို ဂါဇာ ကမ်းမြောင်တွင်ရှိသည့် IDF နှင့် ISA တပ်ဖွဲ့များထံ လွှဲပ

ဂါဇာကမ်းမြောင်ဒေသတွင် ဓားစားခံလဲလှယ်ရေး အစီအစဉ် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဟားမတ်စ် အဖွဲ့က ဓားစာခံ ၇ ဦးလွှတ်ပေးရာတွင် အစ္စရေး စစ်သမီး ၁ ဦးပါဝင်ပြီး ထိုင်းနိုင်ငံသား ၅ ဦး ပါဝင်ကြောင်း သိရှိရသည်။ အေဂမ်ဘာဂါ ( ၂၀နှစ် )ကို လက်နက်ကိုင် ဟားမတ်စ်အဖွဲ့က စင်ပေါ်သို့ခေါ်ဆောင်လာကာ ဓာတ်ပုံရိုက်ခဲ့ပြီး သူမကိုကြက်ခြေနီအဖွဲ့ဝင်များထံသို့ လွှဲအပ်လိုက်ကြသည်။ ယခုလွှဲပြောင်းမှုမတိုင်မီက အမျိုးသမီး ၇ ဦးကိုလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ပြန်လည် လွတ်မြောက်လာသော ဓားစာခံများကို ဂါဇာ ကမ်းမြောင်တွင်ရှိသည့် IDF နှင့် ISA တပ်ဖွဲ့များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ပြန်လည်ရောက်ရှိလာသော ဓားစာခံသည် လက်ရှိ

ထရမ့်၏မူဝါဒကို  ဥရောပခေါင်းဆောင်များက ဆက်လက် လိုက်နာရဖွယ်ရှိဟု ပူတင်ပြော

News Image

ထရမ့်၏မူဝါဒကို  ဥရောပခေါင်းဆောင်များက ဆက်လက် လိုက်နာရဖွယ်ရှိဟု ပူတင်ပြော

ဥရောပရှိ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒကို ဆက်လက်လိုက်နာရဖွယ်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီလ  ၂ရက်တွင် ပြောသည်။

ထရမ့်၏ဝိသေသလက္ခဏာ၊ မဆုတ်မနစ်ကြိုးပမ်း ပြောဆိုမှုတို့ကြောင့် ဥရောပတွင် အစီအစဉ်ကျမှုကို အလျင်အမြန်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပူတင်က သတင်းထောက်တစ်ဦးဖြစ်သူ ပါဗယ်ဇာရူဘင်နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောခြင်းဖြစ်သည်။

ဒုံးကျည်များ သိုလှောင်ရာ မြေအောက်စစ်အခြေစိုက် စခန်းသစ်တစ်ခုကို အီရန်ထုတ်ဖော်ပြသ

News Image

ဒုံးကျည်များ သိုလှောင်ရာ မြေအောက်စစ်အခြေစိုက် စခန်းသစ်တစ်ခုကို အီရန်ထုတ်ဖော်ပြသ

အီရန်နိုင်ငံသည်  နိုင်ငံတောင်ပိုင်းရှိ မြေအောက်စစ်အခြေစိုက် စခန်းသစ်တစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

“ဒုံးကျည်မြို့တော်”ဟု အမည်ပေးထားသည့် အဆိုပါမြေအောက် အခြေစိုက်စခန်းတွင် ဒုံးပစ်စင် အများအပြားကို သိုလှောင်ထားပြီး ယင်းအခြေစိုက်စခန်းအား အီရန်တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုပြကွက်တစ်ခု၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။