ပါလက်စတိုင်းနှင့် အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို အစ္စရေးပြန်လွှတ်ပေး

News Image

ပါလက်စတိုင်းနှင့် အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို အစ္စရေးပြန်လွှတ်ပေး

အစ္စရေးနိုင်ငံသည် ဟားမက်စစ်သွေးကြွအဖွဲ့နှင့်  အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ၎င်းတို့ထိန်းသိမ်းထားသည့် ပါလက်စတိုင်းနှင့်  အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို ဖေဖော်ဝါရီလ ၁ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

အစ္စရေးအစိုးရသည် ၎င်းတို့ပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသားများအား ကြက်ခြေနီအဖွဲ့မှတစ်ဆင့် ပါလက်စတိုင်းသို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်သည်။

၎င်းအကျဉ်းသားများအနက် ၁၅၀ ဦးမှာ ဂါဇာကမ်းမြောင်ဒေသမှဖြစ်ပြီး ၃၂ ဦးမှာ အနောက်ဘက်ကမ်းခြေဒေသနှင့် ကျန်တစ်ဦးမှာ အီဂျစ်နိုင်ငံသားဖြစ်ကြောင်းသိရသည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကလေးများနေ့အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည်

News Image

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကလေးများနေ့အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည်

ရန်ကုန်    ဖေဖော်ဝါရီ ၂

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ကလေးများနေ့ အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်နှင့် ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ သိရသည်။

ဖီလာဒဲဖီးယားမြို့တွင် လူခြောက်ဦးကိုတင်ဆောင်လာသည့် ဆေးကုသရေး လေယာဉ်တစ်စင်းပျက်ကျ

News Image

ဖီလာဒဲဖီးယားမြို့တွင် လူခြောက်ဦးကိုတင်ဆောင်လာသည့် ဆေးကုသရေး လေယာဉ်တစ်စင်းပျက်ကျ

အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားမြို့တွင် လူခြောက်ဦးကိုတင်ဆောင်လာသည့်ဆေးကုသရေးလေယာဉ်တစ်စင်း လူနေရပ်ကွက်တစ်ခုအတွင်းသို့ ပျက်ကျခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

Jet Rescue Air Ambulance ပိုင် အဆိုပါလေယာဉ်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်  ဖီလာဒဲဖီးယားမြို့ရှိ North-east Philadelphia လေဆိပ်မှ ဇန်နဝါရီလ၃၁ ရက် ဒေသစံတော်ချိန် ည ၆ နာရီခန့်တွင် ပျံသန်းပြီးမကြာမီ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လူနေရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့နှင့် မော်တော်ယာဉ်အချို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လုပ်သားဝင်ရောက်မှုဆိုင်ရာသဘောတူညီချက်ချမှတ်နိုင်ရေးအတွက် အိန္ဒိယနှင့်ရုရှားဆွေးနွေး

News Image

လုပ်သားဝင်ရောက်မှုဆိုင်ရာသဘောတူညီချက် ချမှတ်နိုင်ရေးအတွက် အိန္ဒိယနှင့်ရုရှားဆွေးနွေး

အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံကြား လုပ်သားဝင်ရောက်မှုဆိုင်ရာသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း အိန္ဒိယသံအမတ် ဗီနေးကူမားက ပြောသည်။