ဒေါ်နယ်ထရမ့်၏ Iron Dome စနစ်မှာ စရိတ်ကြီးမားပြီး နည်းပညာလိုအပ်သေးကြောင်း ကျွမ်းကျင်သူများပြောကြား

News Image

ဒေါ်နယ်ထရမ့်၏ Iron Dome စနစ်မှာ စရိတ်ကြီးမားပြီး နည်းပညာလိုအပ်သေးကြောင်း ကျွမ်းကျင်သူများပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်က အမေရိကန်အနေဖြင့် နောက်ဆုံးပေါ် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်ရန် အမိန့်ထုတ်ပြန်လိုက်ပြီး ရက်ပေါင်း ၆၀ အတွင်း အဆိုပါစနစ်အတွက် ဒီဇိုင်းနှင့် ဖြန့်ကြက်မှုအစီအစဉ် အသေးစိတ်ကို တင်ပြရန် ကာကွယ်ရေးဝန်ကြီး Pete Hegseth  ကို ညွှန်ကြားထားပါသည်။                                                                        &

အကိုက်အခဲပျောက်ဆေး အသစ်တစ်မျိုး အမေရိကန် FDA ခွင့်ပြု

News Image

အကိုက်အခဲပျောက်ဆေး အသစ်တစ်မျိုး အမေရိကန် FDA ခွင့်ပြု

ဆယ်စုနှစ်နှစ်ခုကျော်ကြာ အကိုက်အခဲပျောက်ဆေးဝါးထုတ်လုပ်မှုကို ခွင့်မပြုသည့် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)သည် ယခုအခါ Jounavx အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မည့် အကိုက်အခဲပျောက်ဆေးတစ်မျိုးကို ခွင့်ပြုလိုက်ကြောင်း ကြေညာလိုက်ပါသည်။ 

ဆွီဒင်-ရုရှား အခွန်နှစ်ထပ်ကောက်ခံမှု ရှောင်ရှားရေး သဘောတူညီချက် ဆိုင်းငံ့

News Image

ဆွီဒင်-ရုရှား အခွန်နှစ်ထပ်ကောက်ခံမှု ရှောင်ရှားရေး သဘောတူညီချက် ဆိုင်းငံ့

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆွီဒင်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ချုပ်ဆိုထားသော နှစ်နိုင်ငံအကြား အခွန် နှစ်ထပ်ကောက်ခံမှုရှောင်ရှားရေး သဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ဆိုင်းငံ့မည်ဖြစ်ကြောင်း ဆွီဒင်အစိုးရက ကြေညာလိုက်ပါသည်။

ထိုသို့သဘောတူညီချက်ဆိုင်းငံ့ခြင်းကြောင့် ရုရှားကုမ္ပဏီများအနေဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆောင်ရွက်ရာတွင်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် လည်းကောင်း အခက်အခဲပိုမိုကြုံတွေ့လာနိုင်မည်ဖြစ်ပါသည်။ 

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အမှုဆောင် အရာရှိချုပ် ယူကရိန်းသို့ သွားရောက်မည်

News Image

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အမှုဆောင် အရာရှိချုပ် ယူကရိန်းသို့ သွားရောက်မည်

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency –IAEA) အမှုဆောင်အရာရှိချုပ် Rafael Grossi သည် နျူကလီးယားလုံခြုံရေးနှင့်ပတ်သက်၍ အဆင့်မြင့်ဆွေးနွေးပွဲတက်ရောက်ရန် လာမည့်အပတ်တွင် ယူကရိန်းသို့ သွားရောက်ရန် စီစဉ်နေကြောင်း၊ ရုရှားနိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း   အေဂျင်စီက ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားပါသည်။