သမ္မတပူတင်နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့် ရလဒ်ထွက်ပေါ်မည်ဟု ထရမ့်မျှော်လင့်
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့် ရလဒ်ထွက်ပေါ်လာမည်ဟုမျှော်လင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသည်။
မိမိတို့နှစ်ဦးကြား ဆွေးနွေးမှုများကိုလုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါဆွေးနွေးမှုမှထူးခြားသည့် ရလဒ်ထွက်ပေါ်လာနိုင်ကြောင်း ထရမ့်က ဇန်နဝါရီလ ၃၁ ရက်တွင် အိမ်ဖြူတော်၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကိုပြောသည်။
ထို့ပြင် မိမိတို့အနေဖြင့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် လေးနက်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။ သို့ရာတွင် ပူတင်နှင့် ဆွေးနွေးခဲ့ခြင်းရှိ၊ မရှိဟူသော မေးမြန်းချက်ကို ၎င်းကအတိအကျဖြေကြားခဲ့ခြင်းမရှိပေ။
အမေရိကန်ပြည်ထောင်စုတွင် ထရမ့်သမ္မတအဖြစ် ဒုတိယသက်တမ်းစတင်ထမ်းဆောင်ခဲ့ပြီးချိန်မှစ၍ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိသည်ဟု ထရမ့်က ထပ်တလဲလဲပြောကြားထားကြောင်းသိရသည်။
Ref: RT