၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားများ အကျုံးဝင်မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများကို သိရှိလိုပါသည်။

လုပ်ငန်းဌာနတစ်ခုခုတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ ကာယအား သို့မဟုတ် ဉာဏအားကို အသုံးပြုပြီး လုပ်ကိုင်၍ရရှိသောလုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေသူများ၊ လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သင်များ၊ ပညာသင်များသည်လည်း လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ရပါမည်။ (ပုဒ်မ-၂(က))
အလုပ်ရှင်တစ်ဦးသည် အလုပ်သမားသစ်စတင်ခန့်အပ်ပြီး (၁၀)ရက်အတွင်း မိမိလုပ်ငန်းဌာနနှင့် သက်ဆိုင်သည့် နယ်မြေရှိလူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရန် တာဝန်ရှိပါသည်။ မှတ်ပုံတင်ရန်လိုအပ်သည့် စာရွက်စာတမ်းများမှာ-
(က) အာမခံအလုပ်သမားမှတ်ပုံတင် ပုံစံ(၂)

အလုပ်ဌာနမှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်အချက်များနှင့် လိုအပ်တဲ့ စာရွက်စာတမ်းများကို သိရှိလိုပါသည်။

အကျုံးဝင်မှတ်ပုံတင်ရမည့် အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း ၃၀ အတွင်း မိမိတို့လုပ်ငန်းများနှင့်အတူ မှတ်ပုံတင်ရန် တာဝန်ရှိပါသည်-
(က) အလုပ်ဌာနမှတ်ပုံတင်ပုံစံ ပုံစံ(၁)နှင့် မိမိအလုပ်ဌာနတွင် လုပ်ကိုင်နေသော အလုပ်သမားစာရင်း ပုံစံ (၁-က) တွဲတင်ရန်၊
(ခ ) လုပ်ငန်းဌာနတည်ထောင်ဖွင့်လှစ်ခြင်းမှတ်တမ်းနှင့် လုပ်ငန်းလိုင်စင်မိတ္တူ၊

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေးအဖွဲ့မှာ မဝင်မနေရ အကျုံးဝင်ရမယ့် အလုပ်ဌာနများကို သိချင်ပါသည်။ ဘာကြောင့် မဝင်မနေရ အလုပ်ဌာနအဖြစ် သတ်မှတ်ထားကြောင်း သိရှိလိုပါသည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမား (၅)ဦးနှင့်အထက် လုပ်ကိုင်သော အောက်ပါအလုပ်ဌာနများ အကျုံးဝင်ပါသည်-
(က) စက်မှုလက်မှု အလုပ်ဌာနများ၊
(ခ ) စီးပွားရေးလုပ်ကိုင်သောအစိုးရဌာန၊ အစိုးရ(အဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ)
(ဂ ) စည်ပင်သာယာရေးအဖွဲ့အစည်းများ၊
(ဃ) ငွေရေးကြေးရေး အဖွဲ့အစည်းများ၊
(င ) စီးပွားရေးလုပ်ကိုင်သောကုမ္ပဏီ၊ အသင်း၊ အဖွဲ့အစည်းများနှင့် လက်အောက်ခံဌာနများ၊
(စ ) ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများ၊ အများပြည်သူဖျော်ဖြေရေးအလုပ်ဌာနများ၊
(ဆ) သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊

အလုပ်သမားရေးရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များအပေါ် လိုက်နာရန် ပျက်ကွက်ပါက မည်ကဲ့သို့ ဆောင်ရွက်နိုင်ပါသလဲ။

ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ အတည်ဖြစ်ပြီးသည့် ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်ပါက အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ အထိ ငွေဒဏ်ချမှတ်ခြင်းခံရမည့်အပြင် အလုပ်သမားရရန် ရှိသည့် ငွေကြေးအကျိုးခံစားခွင့်ကိုလည်း အလုပ်သမားအား ပေးချေရမှာ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/