ကိုရီးယားအဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျ၍ လေးဦး‌သေဆုံး

News Image

ကိုရီးယားအဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျ၍ လေးဦး‌သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် တောင်ပိုင်းရှိ အဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသည် အင်္ဂါနေ့က ပြိုကျခဲ့ရာ လူ လေးဦးထက်မနည်း ‌သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်အရာရှိများက ပြောကြားသည်။

ဆိုးလ်မြို့မှ ကီလိုမီတာ ၇၀ ခန့်အကွာရှိ Anseong အရပ်တွင် နံနက် ၉:၄၉ နာရီက အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဝေးပြေးလမ်း တံတားကို ထောက်ကူသည့် မီတာ ၅၀ အရှည် ကွန်ကရစ်အဆောက်အအုံ ငါးခုကို ကရိန်းဖြင့် တစ်ခုပြီးတစ်ခု နေရာချနေစဉ် ပြိုကျမှုဖြစ်ခဲ့ခြင်းဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

အာမခံအလုပ်သမားများ ဆေးဝါးကုသမှုခံယူရာတွင် အလုပ်သမားဆေးရုံကြီးနှင့် လူမှုဖူလုံရေး ဆေးခန်းများ၌သာ ခံယူခွင့်ရှိပါသလား။ ၎င်းတို့နှင့် အလှမ်းဝေးကွာသော အရပ်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရေးအတွက် မည်သို့ ဆောင်ရွက်နိုင်ပါသနည်း။

အာမခံအလုပ်သမားများ မကျန်းမာမှု၊ ကိုယ်ဝန်ဆောင်မှု၊ မီးဖွားမှုနှင့် အလုပ်တွင် ထိခိုက်မှုတို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ချိန်များတွင် လူမှုဖူလုံရေးဆေးခန်းများ၊ ဆေးရုံကြီးများ၍ အခမဲ့ ဆေးကုသမှုခံယူခွင့်ရှိပါ သည်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း စီမံဆောင်ရွက်လျက်ရှိပါသည်-
(က) အာမခံအလုပ်သမားများ အလွယ်တကူဆေးကုသမှုခံယူနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊

လူမှုဖူလုံရေး ထည့်ဝင်ကြေးသက်တမ်းဘယ်လောက်ရှိချိန်တွင် ၎င်းအကျိုးခံစားခွင့်များကို ခံစားနိုင်မည်ကို သိရှိလိုပါသည်။

အလုပ်ရှင်က မိမိလုပ်ငန်းဌာနမှ အလုပ်သမားများအား လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသည်နှင့် ထည့်ဝင်ကြေးကာလအပိုင်းအခြား သတ်မှတ်ချက်မရှိသော်လည်း ဆေးကုသမှုခံစားခွင့်၊ ယာယီမသန်စွမ်းမှုအကျိုး ခံစားခွင့်၊ အမြဲတမ်းမသန်းစွမ်းမှုအကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးရခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်၊ မည့်သည့် အကြောင်းကြောင့်မဆို သေဆုံးခြင်းအတွက် နာရေးစရိတ်တို့ကို ခံစားခွင့်ရှိမည် ဖြစ်ပါသည်။
မှတ်ပုံတင်ကာလ ၆ လ အတွင်း ထည့်ဝင်ကြေးပေးသွင်းသည့်ကာလ ၄ လ ရှိပါက မကျန်းမာမှု ငွေကြေးအကျိုး ခံစားခွင့်ကို ရရှိမှာ ဖြစ်ပါသည်။

လက်ရှိကျင့်သုံးနေသော အာမခံစနစ်(၂)မျိုးအရ အလုပ်သမားများခံစားခွင့်ရှိသည့် အကျိုးခံစားခွင့်များကို သိရှိလိုပါသည်။

မည်သည့်အကြောင်းကြောင့်မဆို နာမကျန်းဖြစ်သည့်အခါ အခမဲ့ဆေးကုသမှုခံစားခွင့်ရှိသည့်အပြင် အောက်ပါ ငွေကြေးခံစားခွင့်များကိုလည်း ခံစားခွင့်ရှိပါသည်-
(က) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်
(၁) ဆေးကုသမှုခံစားခွင့်၊
(၂) မကျန်းမာမှု အကျိုးခံစားခွင့်၊
(၃) မီးဖွားမှု အကျိုးခံစားခွင့်၊ မီးဖွားစရိတ်၊
(၄) ကိုယ်ဝန်ပျက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊
(၅) တစ်နှစ်အောက် ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့်၊
(၆) ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်၊ ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်၊