အလုပ်သမားရေးရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲခွင့် ရှိ/မရှိ သိလိုပါတယ်။

သက်ဆိုင်ရာအငြင်းပွားသူများသည် ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်အတည်ဖြစ်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ ကျော်လွန်ပါက ယင်းဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲရန် သဘောတူညီနိုင်ပါတယ်။ ယင်းသဘောတူညီမှုအရ ပြင်ဆင်ပြောင်းလဲချက်သည် ခုံသမာဓိဆုံးဖြတ်ချက်၏ သက်ဆိုင်ရာအပိုင်းကို လွှမ်းမိုးပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

 

အလုပ်သမားရေးရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ခုံသမာဓိကောင်စီ၏ဆုံးဖြတ်ချက်သည် မည်သည့်နေ့ရက်မှ စ၍ အတည်ဖြစ်ပါသလဲ။

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ ခုံသမာဓိကောင်စီသည် အငြင်းပွားမှုဖြေရှင်းရေးယန္တရားတွင် နောက်ဆုံးအဆင့်ဖြစ်ပြီး ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်သည် ချမှတ်သည့်နေ့ရက်မှစ၍ အတည်ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားရေးရာ အငြင်းပွားမှုနှင့်ပတ်သက်၍ အငြင်းပွားသူများအနေဖြင့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါသလဲ။

မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့်ဆုံးဖြတ်ချက်မှတစ်ပါး ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အငြင်းပွားသူများသည် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် အငြင်းပွားသူ တစ်ဖက်ဖက်မှ လျှောက်ထားနိုင်ပါတယ်။
မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့ရက်မှ တရားဝင်ရုံးပိတ်ရက်များမပါ ခုနစ်ရက်အတွင်း ခုံသမာဓိကောင်စီသို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

ခုံသမာဓိအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို မည်သည့်ကာလအတွင်း ဆုံးဖြတ်ခြင်းပြုရန် သတ်မှတ်ထားပါသလဲ။

ညှိနှိုင်းဖျန်ဖြေရာတွင် ပြေငြိမ်းမှုမရရှိသောကြောင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က လွှဲအပ်သော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအား လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်ပြီး တရားဝင် ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ဆုံးဖြတ်ချက်ပေးပို့ရမှာ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/