လူမှုဖူလုံရေးအဖွဲ့သို့ ထည့်ဝင်ရမယ့် ထည့်ဝင်ကြေးများကို သိရှိလိုပါသည်။

ထည့်ဝင်ကြေးများအနေနဲ့ အလုပ်သမား၏ တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေအပေါ် အခြေပြု၍ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင် ၂% ၊ အလုပ်သမား ၂% ၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်သမားမှ ထည့်ဝင်ကြေးပေးဆောင်ရန် မလိုဘဲ အလုပ်ရှင်မှ ၁% နှင့် စုစုပေါင်း အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေး၏ ၅% ကို အလုပ်ရှင်မှ တာဝန်ယူ၍ လစဉ်လဆန်း (၁၅) ရက်အတွင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ ပေးသွင်းရမည်ဖြစ်ပါသည်။

Source: https://www.mol.gov.mm

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အာမခံစနစ်များကို သိရှိလိုပါသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင် အာမခံစနစ်(၆)မျိုး ပြဋ္ဌာန်းထားသော်လည်း လက်ရှိအချိန်တွင် (၁) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် (၂) အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်စသည့် အာမခံစနစ် (၂)မျိုးကိုသာ အကောင်အထည်ဖော် ‌ဆောင်ရွက်လျက်ရှိပါသည်။ ကျန်အာမခံစနစ်များဖြစ်သည့် မိသားစုထောက်ပံ့မှုအာမခံစနစ်အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့ ကျိုးခံစားခွင့် အာမခံစနစ်၊ အခြားလူမှုဖူလုံရေးအာမခံစနစ် (အိမ်ရာစီမံကိန်း) များကိုတော့ ဥပဒေပုဒ်မ ၁၀၀ အရ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရန်ပုံငွေဖူလုံမှုနှင့် လုပ်င

လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်၏ အရေးပါပုံ၊ ကတ်အား အလုပ်သမားများ လက်ဝယ်ရရှိပြီးနောက် ဆောင်ရွက်ရမည့် အချက်အလက်များကို သိရှိလိုပါသည်။

လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားသည် လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူဖြစ်ကြောင်း သက်သေခံဖြစ်သည်။ လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရန်နှင့် သတ်မှတ်ထားသော ဆေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသမှုခံယူရန်ကတ်ပြားကို တင်ပြရမည်။ အဆိုပါကတ်ပြား ပျောက်ဆုံး/ပျက်စီးလျှင် နီးစပ်ရာ လူမှုဖူလုံရေးရုံးတွင် ပြန်လည်လျှောက်ထားရပါမည်။ ကတ်ပြားကို တစ်ဆင့်လွှဲပြောင်းခြင်း မပြုရ။ အလုပ်ဌာနအသစ်သို့ ပြောင်းရွှေ့လုပ်ကိုင်ပါက ၎င်းကတ်ပြားပါ အာမခံနံပါတ်ကိုသာ ဆက်လက်အသုံးပြု၍ ထည့်ဝင်ကြေး ဆက်လက်ပေးဆောင်ရမည် ဖြစ်ပါသည်။

Source: https://www.mol.gov.mm

လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ရရှိရန် မည်သို့ဆောင်ရွက်ရမည်ကို သိရှိလိုပါသည်။

လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ရရှိနိုင်ရေးအတွက် အလုပ်သမားတစ်ဦးသည် အာမခံအလုပ်သမားမှတ်ပုံတင် ပုံစံ (၂)ပါ အချက်အလက် (၁၈)ချက်ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး အချက်အလက်များ မှန်ကန်ကြောင်းကို အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လက်မှတ်ရေးထိုး၍ ဓါတ်ပုံ(၁)ပုံနှင့် သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ ပေးအပ်ရပါမည်။ လူမှုဖူလုံရေးရုံးမှ အာမခံအလုပ်သမားမှတ်ပုံတင်ပုံစံပါ အချက်အလက်များအားစိစစ်၍ မှန်ကန်မှု ရှိလျှင် လူမှုဖူလုံရေးအာမခံနံပါတ်ပါဝင်သော လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြားကို ထုတ်ပေးမည်ဖြစ်ပါသည်။

Source: https://www.mol.gov.mm