ပူတင်သည်သာ “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ" ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ပြောကြား

News Image

  • ပူတင်သည်သာ “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ" ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ” ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗ်ဒက် က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံဆိုင်ရာ ဝါရှင်တန်၏ မူဝါဒပြောင်းလဲမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် EU သည် အမေရိကန်ထံမှ တာဝန်ကိုလွှဲယူရမည်ဟု အဆိုပြုခဲ့သော EU ၏ အဆင့်မြင့် သံတမန် Kaja Kallas ၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် မက်ဗ်ဒက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်(သောကြာနေ့)တွင် Kallas သည် အခြား EU ခေါင်းဆောင်များနှင့်အတူ ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီး အား ၎င်းတို့က အခိုင်အမာထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ဇီလန်းစကီးသည် သောကြာနေ့တွင် အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အပြင်းအထန် ငြင်းခုံပြောဆိုခဲ့ကာ ထရမ့်က ဇီလန်စကီးအား အမေရိကန်အကူအညီအတွက် ကျေးဇူးမသိတတ်ဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ညှိနှိုင်းရန်မလိုလားကြောင်း စွပ်စွဲခဲ့သည်။ ထိုအချိန်တွင် ယူကရိန်းခေါင်းဆောင်က ဝါရှင်တန်အား ကိယက်ဗ် အတွက် စစ်ရေးထောက်ပံ့မှုကို ဆက်လက်ပေးအပ်ရန် တိုက်တွန်းခဲ့ပြီး ထိုသို့မပြုလုပ်ပါက အမေရိကန်အတွက် အနှုတ်သဘော သက်ရောက်မှုသာ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။

Kallas က ထရမ့်အား ဝေဖန်ပြောဆိုခဲ့ကာ “ယူကရိန်းသည် ဥရောပ ဖြစ်ပြီး မိမိတို့သည် ယူကရိန်းဘက်မှ ရပ်တည်လျက်ရှိကြောင်း၊ ယူကရိန်း အား စစ်ရေးထောက်ပံ့မှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး ကျူးကျော်သူကို ဆက်လက်တိုက်ထုတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကာ ယနေ့တွင် လွတ်လပ်သောကမ္ဘာသည် ခေါင်းဆောင်အသစ် လိုအပ်နေပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာရကြောင်း၊ အဆိုပါစိန်ခေါ်မှုကို ဥရောပသား များက လက်ခံရန်တာဝန်ရှိကြောင်း” ပြောဆိုခဲ့သည်။

မတ်လ ၁ ရက် (စနေနေ့)တွင် RIA Novosti သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသော မက်ဗ်ဒက်က “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ” သည် အမေရိကန်မှ အခြားတစ်ဦးထံသို့ လွှဲပြောင်းပေးသင့်သော်လည်း ၎င်းသည် EU မှ မထိုက်တန်ကြောင်းနှင့် ဗလာဒီမာပူတင်သာ အထိုက်တန်ဆုံးဖြစ်သည် ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂