တရုတ်က ကမ္ဘာ့ပထမဆုံး ရေအောက်ကွန်ပျူတာစင်တာ တည်ဆောက်

News Image

  • တရုတ်က ကမ္ဘာ့ပထမဆုံး ရေအောက်ကွန်ပျူတာစင်တာ တည်ဆောက်

တရုတ်က ဟိုင်နန်ပြည်နယ်၊ Lingshui ၌ အဆင့်မြင့် ရေအောက် ကွန်ပျူတာစင်တာကို တည်ဆောက်ခဲ့ပြီး ၁၈ မီတာ ရှည်လျားသော ဒေတာစင်တာတွင် စွမ်းရည်မြင့် ဆာဗာ ၄၀၀ ကျော် ထည့်သွင်းထားကြောင်း သိရှိရသည်။ 

ရေအောက်ကြမ်းပြင်၌ တည်ဆောက်ထားပြီး အနီးအနားမှ ကမ်းရိုးတန်း Station များကို အသုံးပြုကာ Client Data Terminals များနှင့် ဆက်သွယ်ထားသည်ဟု သိရှိရပါသည်။ 

ကွန်ပျူတာတွက်ချက်မှု စွမ်းအားသည် အရည်အသွေးမြင့် Gaming PC အလုံးရေ ၃၀,၀၀၀ နှင့် ညီမျှပြီး တစ်စက္ကန့်တွင် AI Assistant Chats ပေါင်း ၇,၀၀၀ ကို စီမံခန့်ခွဲနိုင်သည်ဟု ဆိုသည်။ 

ယင်းကွန်ပျူတာစင်တာကို ပင်လယ်ရေအောက်၌ တည်ဆောက်ထားသည့်အတွက် သဘာဝအလျောက် အေးမြနေစေမည်ဖြစ်ပြီး လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို လျှော့ချပေးနိုင်ကာ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို တိုးတက်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား- e-Gov Group