ဥရောပသမဂ္ဂက ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားအစိုးရ ဝေဖန်

News Image

  • ဥရောပသမဂ္ဂက ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားအစိုးရ ဝေဖန်

ဥရောပသမဂ္ဂသည် ရုရှားကိုဆက်လက်တိုက်ခိုက်ရန် ယူကရိန်းကို တွန်းအားပေးခြင်းဖြင့် ယူကရိန်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။ထို့အပြင် လွန်ခဲ့သော သီတင်းပတ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုခဲ့သော ယူကရိန်း ပဋိပက္ခ အမြန်ဆုံးအဆုံးသတ်ရန် တောင်းဆိုထားသည့် အမေရိကန်က ရေးဆွဲထားသော ဆုံးဖြတ်ချက်တစ်ခုကို ဆာဂေးလာရော့ဗ်က အလေးအနက်ထားစဉ်းစားမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဆိုပါသည်။

ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ရုရှားကို ပြစ်တင်ရှုတ်ချရန် ငြင်းဆိုခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းကို ပြစ်တင်ဝေဖန်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါဆုံး ဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆာဂေးလာရော့ဗ်က ‘‘ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သော နိုင်ငံရေးအခင်းအကျင်းများ စတင်ပြောင်းလဲလာသည်နှင့် တစ်ပြိုင်နက် ဥရောပ သမဂ္ဂသည် အဆိုပါလမ်းကြောင်းကို ပျက်ပြားစေရန် ကြိုးပမ်းမှုများကို ချက်ချင်းလုပ်ဆောင်ခဲ့ပြီး ဥရောပသမဂ္ဂသည် ယူကရိန်းအတွက် ကြီးမားသောစစ်ရေးအကူအညီပံ့ပိုးမှုအသစ်များကို ထုတ်ပြန်ကြေညာကာ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်း ခဲ့သည်” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အကျပ်အတည်းများကို ဖော်ဆောင်ရာတွင် ၎င်း၏အခန်းကဏ္ဍ နှင့်ပတ်သက်ပြီး ရာစုနှစ်များအတွင်းရရှိခဲ့သော ဥရောပသမဂ္ဂ၏ ဂုဏ်သတင်းမှာ မပြောင်းလဲဘဲရှိကြောင်း ဆာဂေးလာရော့ဗ်က ဝေဖန် ပြောဆိုခဲ့သည်။

ကိုးကား-NP News