ကမ္ဘာလုံးဆိုင်ရာ ဒရုန်းနည်းပညာဖိုရမ် ရုရှား၌ ကျင်းပမည်

News Image

  • ကမ္ဘာလုံးဆိုင်ရာ ဒရုန်းနည်းပညာဖိုရမ် ရုရှား၌ ကျင်းပမည်

လာမည့် ဩဂုတ်လတွင် ရုရှားနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာ ဒရုန်းနည်းပညာ ဖိုရမ် ကျင်းပမည်ဖြစ်ကြောင်း ရုရှားစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒရုန်းစနစ်နှင့် Robotic နည်းပညာဌာနခွဲ၏ ခေါင်းဆောင် Alexey Serdyuk က ပြည်နယ်ဒူမားတွင် ကျင်းပသော ဆွေးနွေးပွဲ၌ ထုတ်ဖော်ကြေညာလိုက် ပါသည်။ 

ထိုဖိုရမ်ကို ရုရှား တပ်မတော်၏ Army Forum နှင့်အတူ ကျင်းပမည် ဖြစ်ပါသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲတွင် Lancet နှင့် Orion ကဲ့သို့သော ဒရုန်းများ အသုံးပြုမှုဖြင့် ကမ္ဘာ့အာရုံစိုက်မှုရရှိခဲ့ရာ အဆိုပါဒရုန်းဖိုရမ်မှာ စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃