မော်စကိုတွင် ဝစ်ကော့ဖ်နှင့် တွေ့ဆုံချိန် အင်္ဂလိပ်ဘာသာဖြင့် ပူတင် ပြန်လည် နှုတ်ဆက်
ရုရှားသမ္မတဗလာဒီမာ ပူတင်နှင့် အမေရိကန်အထူးကိုယ်စားလှယ်စတီဗ် ဝစ်ကော့ဖ်တို့သည် မော်စကိုရှိ ကရင်မလင်နန်းတော်၌ စတင်တွေ့ဆုံချိန်တွင် အင်္ဂလိပ်ဘာသာဖြင့် စတင်နှုတ်ဆက်ခဲ့ပါသည်။
အမေရိကန်ကိုယ်စားလှယ် ဝစ်ကော့ဖ်က “How are you, Mister President?” ဟု မေးမြန်းရာ “Fine, just fine. Thank you. How are you?” ဟု ပူတင် က ဖြေကြားကာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါသည်။
ပူတင်က အင်္ဂလိပ်စကားပြောသည်ကို မီဒီယာများက သတိထားမိပြီး ၎င်းသည် နိုင်ငံတကာကိုယ်စားလှယ်များနှင့် တိုက်ရိုက်အင်္ဂလိပ်လို ပြောဆိုမှု ရှားပါးပါသည်။ ထိုအချက်မှာ ရုရှား-အမေရိကန် ဆက်ဆံရေး တင်းမာမှုကို ဖြေလျှော့ရန် ကြိုးပမ်းမှုတစ်ခုဟု ကျွမ်းကျင်သူများက သုံးသပ်နေသည်။
ကိုးကား- TASS
Photo: Apa.az
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category