၂၄ နာရီအတွင်း ပါလက်စတိုင်း အနည်းဆုံး ၄၀ ဦးသေဆုံးကြောင်း Al Jazeera ပြောကြား

News Image

၂၄ နာရီအတွင်း ပါလက်စတိုင်း အနည်းဆုံး ၄၀ ဦးသေဆုံးကြောင်း Al Jazeera ပြောကြား

ဂါဇာကမ်းမြောင်တွင် ဧပြီ ၂၆ ရက်(စနေနေ့) ၂၄ နာရီအတွင်း အစ္စရေး စစ်တပ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၀ ဦး သေဆုံး သွားရကြောင်း ကာတာနိုင်ငံ Al Jazeera သတင်းဌာနက ဖော်ပြ ထားသည်။ 

အစ္စရေး ပိတ်ဆို့ထားမှုကြားတွင် ကယ်ဆယ်ရေးအေဂျင်စီများသည်နယ်မြေအတွင်း အစားအစာငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း သတင်းဌာနက အလေးပေး ပြောကြား ခဲ့သည်။ 

သဘောတူစာချုပ်အရ မြောက်ကိုရီးယားစစ်သားများ Kursk ဒေသစစ်ဆင်ရေးတွင် ပါဝင်ကူညီခဲ့ကြောင်း ရုရှားသံတမန် ထုတ်ဖော်ပြောကြား

News Image

သဘောတူစာချုပ်အရ မြောက်ကိုရီးယားစစ်သားများ Kursk ဒေသစစ်ဆင်ရေးတွင် ပါဝင်ကူညီခဲ့ကြောင်း ရုရှားသံတမန် ထုတ်ဖော်ပြောကြား

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ချုပ်ဆိုခဲ့သော ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာချုပ်၏ အပိုဒ် ၄ အရ Kursk ဒေသ စစ်ဆင်ရေးတွင် မြောက်ကိုရီးယားစစ်သည်များ ပါဝင်ကူညီခဲ့ကြကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Maria Zakharova က ထုတ်ဖော်ပြောကြားလိုက်ပါသည်။ 

“မြောက်ကိုရီးယား မိတ်ဆွေများ၏ စည်းလုံးညီညွတ်မှုသည် မိမိတို့၏ အမှန်တကယ် မဟာမိတ်ဖြစ်ခြင်းဆိုသည်ကို ပြသလိုက်ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဆက်ဆံရေးသည် အနာဂတ်တွင် ဆက်လက်ပြီး ခိုင်မာ အားကောင်းလာမည်ဟု ယုံကြည်နေပါကြောင်း” သံတမန်က ပြောကြားခဲ့သည်။

ထရမ့်နှင့် ဇီလန်စကီး ဘာတီကန်နန်းတော်၌ တွေ့ဆုံ

News Image

ထရမ့်နှင့် ဇီလန်စကီး ဘာတီကန်နန်းတော်၌ တွေ့ဆုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့သည် ဧပြီ ၂၆ ရက်(စနေ)တွင် ကျင်းပမည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပန မစတင်မီ မိနစ်ပိုင်းအလိုတွင် ဗာတီကန်နန်းတော်၌ ၁၅ မိနစ်ခန့်ကြာ တွေ့ဆုံခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြထားပါသည်။

ပါကစ္စတန်ထဲသို့ Indus မြစ်ရေစီးဆင်းမှု ဖြတ်တောက်ရန် အိန္ဒိယ စီစဉ်

News Image

ပါကစ္စတန်ထဲသို့ Indus မြစ်ရေစီးဆင်းမှု ဖြတ်တောက်ရန် အိန္ဒိယ စီစဉ်

ပါကစ္စတန်သို့ Indus မြစ်ရေ စီးဆင်းနေမှုကို လုံးဝဖြတ်တောက်ရန် လုပ်ဆောင်နေကြောင်း အိန္ဒိယ ရေအရင်းအမြစ်ဝန်ကြီး Chandrakant Raghunath Patil က အတည်ပြုပြောကြားလိုက်ပါသည်။