အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေး

News Image

အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေး

အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ် သည် တနင်္လာနေ့ (ဧပြီ ၂၁) တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့် နယူးဒေလီ၌ တွေ့ဆုံကာ နှစ်နိုင်ငံကြားနှစ်ဖက်အကျိုးပြု ကုန်သွယ်ရေးသဘောတူညီချက် တိုးတက်မှုများကို ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုလအစောပိုင်းတွင် ကြေညာခဲ့သည့် အကောက်ခွန် အသစ်များအား ရက် ၉၀ ရွှေ့ဆိုင်းထားသည့် ကာလအတွင်း ကျင်းပခြင်း ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ နည်းပညာနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့သည်။

သမ္မတ ထရမ့် အပေါ်ထောက်ခံမှု ကျဆင်းနေကြောင်း လူထု စစ်တမ်းတွင် ပြသ

News Image

သမ္မတ ထရမ့် အပေါ်ထောက်ခံမှု ကျဆင်းနေကြောင်း လူထု စစ်တမ်းတွင် ပြသ

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်မှာ တနင်္ဂနွေနေ့ (ဧပြီ ၂၀) တွင် ၃ လ ပြည့်ပြီဖြစ်ပါသည်။ ၎င်း၏မူဝါဒ များသည် ပြည်တွင်းစီးပွားရေးကို အပျက်သဘောဆောင်သည့်သက်ရောက်မှုရှိနိုင်သည်ဆိုသည့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အချိန် လတ်တလော ကောက်ယူခဲ့သော စစ်တမ်းများတွင် ၎င်းအပေါ် ထောက်ခံမှု နှုန်း ကျဆင်းသွားခြင်းကို ပြသနေပါသည်။

ထရမ့် တက်လာပြီးနောက်ပိုင်း ကုန်သွယ်မှုလိုငွေပြမှုကို လျှော့ချရန်နှင့် အခြားပြည်တွင်းပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်သည့် အခွန် စည်းကြပ်မှု အစီအမံများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

အမေရိကန်ဆီးနိတ်အမတ်က ၉/၁၁ ဖြစ်ရပ်အား နောက်ထပ်စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ကြောင်း ပြောကြား

News Image

အမေရိကန်ဆီးနိတ်အမတ်က ၉/၁၁ ဖြစ်ရပ်အား နောက်ထပ်စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ကြောင်း ပြောကြား

ရီပတ်ဘလီကန် ဆီးနိတ်အမတ် Ron Johnson က ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ဖြစ်စဉ်အမှန်အပေါ် အစိုးရ၏ရှင်းလင်းချက်များနှင့် သက်သေအထောက်အထားများနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသည့် မေးခွန်းများကို ကိုးကား၍ အမေရိကန်ကွန်ဂရက်လွှတ်တော်မှ နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အကြံပြုခဲ့သည်။

မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၇၀၀) ကျော်ရှိလာပြီး ပျောက်ဆုံးသူ (၁၂၀) ဦးရှိ

News Image

မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၇၀၀) ကျော်ရှိလာပြီး ပျောက်ဆုံးသူ (၁၂၀) ဦးရှိ

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ဧပြီလ ၂၀ ရက်နေ့အထိ သေဆုံးသူ (၃၇၀၀) ကျော်ရှိလာပြီး ပျောက်ဆုံးသူ (၁၂၀) လျော့ကျလာပြီ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။