အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရုရှားအမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်မည်ဟု ရုရှားမျှော်လင့်

News Image

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရုရှားအမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်မည်ဟု ရုရှားမျှော်လင့်

ဆိုဗီယက်ပြည်ထောင်စုက ၁၉၄၅ ခုနှစ်တွင် နာဇီဂျာမနီကို အနိုင်ရခဲ့သည့် နှစ် ၈၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကို ဂုဏ်ပြုဧည့်သည်တစ်ဦးအနေဖြင့်မော်စကိုက ကြိုဆိုရန်မျှော်လင့်ထားသည်ဟု ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Andrey Rudenko ကပြောကြားချက်အရသိရှိရပါသည်။

ရုရှားနိုင်ငံသည် မေလ ၉ ရက်နေ့တွင်ကျင်းပမည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်ရန် မိတ်ဖက်နိုင်ငံများ၏ ခေါင်းဆောင်များကို ဖိတ်ကြားထားခဲ့ခြင်းဖြစ်သည်။

“မတ်လ ၂၈ ရက် ငလျင်က ကျွန်မတို့ရဲ့ထမင်းအိုးကိုခွဲခဲ့တယ်။ဒါပေမဲ့ ဆက်ပြီးတော့ ကြိုးစားရုန်းကန် ရမှာပေါ့”

Posted_Date

Image

“မတ်လ ၂၈ ရက် ငလျင်က ကျွန်မတို့ရဲ့ထမင်းအိုးကိုခွဲခဲ့တယ်။ဒါပေမဲ့ ဆက်ပြီးတော့ ကြိုးစားရုန်းကန် ရမှာပေါ့”

Body

မထက်ထက်ဝင်းသည် တစ်ချိန်က အင်းဝ၏ သမိုင်းကြောင်းကြွယ်ဝမှု ဂုဏ်ယူဖွယ်ပြယုဂ်နှင့် ဒေသခံ များအတွက် အသက်သွေးကြောဖြစ်ခဲ့သည့် မယ်နုအုတ်ကျောင်း၏ ပြိုကျနေသည့် အပျက်အစီး များရှေ့ မတ်တတ်ရပ်နေသည်။

ထိုသို့ဖြစ်စဉ်မှာ မယ်နုအုတ်ကျောင်း တစ်ခုတည်းတော့မဟုတ်ပေ။မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အား ၇.၇ မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် အင်းဝမြို့ရှိ ရှေးဟောင်းအဆောက်အအုံအားလုံးနီးပါး ပြိုကျခဲ့ရကာ အင်းဝမြို့မှာလည်း အပျက်အစီး များဖြင့် ကျန်ရစ်ခဲ့ပေသည်။

နာမည်ကျော် အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၄ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ရှေးဟောင်းမြို့တော် ဖြစ်ခဲ့ကာ ရှေးဟောင်းအဆောက်အအုံနှင့် ဘုရားစေတီပေါင်း ၉၆၀ ကျော် ရှိကြောင်း သိရသည်။

ရာစုနှစ်များကြာ သက်တမ်းရှိသော ဘုရားများတစ်လျှောက် ပန်းများရောင်းလျက် ခရီးသွား ဧည့်သည်များကို လမ်းညွှန်ခြင်းလုပ်ကိုင်ရသည့် အစား မထက်ထက်ဝင်းသည် ယခုအခါ ပျက်စီးနေ သောအုတ်ပုံများနှင့် ပြုတ်ကျနေသော ထောက်တိုင်များကို ငေးငိုင်ကြည့်ကာ သဘာဝဘေး အန္တရာယ်က အင်းဝမြို့၏ အမွေအနှစ်ကိုသာမက ၎င်း၏အသက်မွေးဝမ်းကျောင်းကိုပါ မည်ကဲ့သို့ သိမ်းကြုံးဖျက်ဆီးခဲ့ပုံကို ရှင်းပြခဲ့သည်။

“ဒီငလျင်က ကျွန်မတို့ရဲ့ ထမင်းအိုးကိုခွဲခဲ့တာ” ဟု အသက် ၂၂ နှစ်အရွယ် မထက်ထက်ဝင်းက ၎င်းတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျောက်ဆုံးခဲ့ပုံကို ပြောပြခဲ့သည်။ “အုတ်ကျောင်းကြီး ပြိုကျတုန်းက ကျွန်မတို့ထမင်းအိုးကွဲသွားတာ” ဟု ၎င်းက ဧပြီ ၃ ရက်၌ ပြောခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ၎င်းတို့မိသားစုသည် ယင်းနေရာ၌ ရှင်သန်ရပ်တည်နေခဲ့ ခြင်းဖြစ်သည်။ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများသို့ ခရီးသွားဧည့်သည်များ လာရောက်ချိန်တွင် မထက်ထက်ဝင်းကဲ့သို့ ဒေသခံများက ပန်းများရောင်းခြင်း၊ ခရီးသွားဧည့်သည် များအား ဓာတ်ပုံရိုက်ပေးခြင်း၊ ရှေးဟောင်းဘုရားစေတီများအကြောင်းကို ဝေမျှပြောပြပေးခြင်းဖြင့်ပုံမှန်ဝင်ငွေများ ရရှိခဲ့သည်။အလုပ်များသောနေ့ရက်များတွင် ၎င်းရေတွက်နိုင်သည်ထက် ဝင်ငွေပိုမို ရရှိခဲ့သည်ဟု မထက်ထက်ဝင်းက ဆိုသည်။

သို့ရာတွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အရာရာမှာပြောင်းလဲသွားခဲ့ပေသည်။မြေငလျင်အားပြင်းစွာ လှုပ်ခတ်ခဲ့ခြင်းဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ဘုရားစေတီများ၊ရာစုနှစ်သက်တမ်းရှိသော အဆောက် အဦများ အပါအဝင် အင်းဝမြို့၏ ရှေးဟောင်းအထင်ကရနေရာများမှာ ပြိုကျပျက်စီးခဲ့ရသည်။

စနစ်တကျတည်ဆောက်ထားသော မယ်နုအုတ်ကျောင်းသည်လည်း ပြိုကျပျက်စီးခဲ့ရသည်။နေအိမ်များ အက်ကွဲပွင့်ထွက်ခဲ့ပြီး လမ်းများမှာလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်။

အင်းဝ၏ ဆုံးရှုံးမှုသည် ငွေကြေးပိုင်းဆုံးရှုံးမှုထက် ကျော်လွန်နေပေသည်။ ငလျင်ကြောင့် ‌ရေပိုက် လိုင်းများ တစ်စစီပျက်စီးသွားသဖြင့် ရာနှင့်ချီရှိသော အိမ်ထောင်စုများအား သန့်ရှင်းသော‌ရေရရှိရေး ပြတ်တောက်သွားခြင်းက အသက်ရှင်ကျန်ရစ်သူများအဖို့ နေ့စဉ်ရုန်းကန်ရသောအခက်အခဲပင် ဖြစ်သည်။

“အခု ကျွန်မတို့ ဧရာဝတီမြစ်ထဲက‌‌ရေသွားသယ်ရတာ။ဒါပေမဲ့ တချို့ မြစ်ကမ်းပါးတွေလည်း ပြိုကျကုန်တာ ဆိုတော့ အဲဒီကိုရောက်ဖို့တောင် တော်တော်လေးခက်ခဲတယ်” ဟု မထက်ထက်ဝင်းက ဆိုသည်။

ညအချိန်‌ရောက်ရှိပြန်လေတော့လည်း ကြောက်ရွံ့မှုက တစ်ဖန်ပေါ်လာပြန်လေသည်။နေအိမ်များက မလုံခြုံတော့သလို လူအများစုမှာလည်း အပြင်ဘက်တွင် အိပ်စက်ကြရသည်။နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ချိန်တိုင်း ၎င်းတို့မှာအိပ်ရာမှလန့်နိုးလာခဲ့ပြီး ယင်းမှာ ခက်ခဲစွာကျော်ဖြတ်ခဲ့ရသော ရက်စက် လှသည့် သတိပေးခေါင်းလောင်းသံပင်ဖြစ်သည်။

အခက်အခဲများရှိနေဆဲကြားထဲမှ အသက်ရှင်သန်ရသည့် ကံကောင်းထောက်မမှုကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ “တခြားနေရာတွေနဲ့ယှဉ်ရင်တော့ ကျွန်မတို့က အသက်ဘေးက လွတ် ကြတယ်။ ကျွန်မတို့ရပ်ကွက်ထဲမှာ ဘယ်သူမှမဆုံးပါးကြဘူး” ဟု ၎င်းက ဆိုသည်။

ပြိုကျပျက်စီးနေသည့် အဆောက်အအုံများအောက်မှ သေဆုံးသူများကို ဆွဲထုတ်ယူနေရသည့် အနီး ဝန်းကျင်ရှိ စစ်ကိုင်း၊ တံတားဦးနှင့် မန္တလေးတို့နှင့် မတူညီဘဲ အင်းဝမြို့မှာမူ လူအများအပြား သေဆုံးမှုများ ကင်းဝေးခဲ့သည်။သို့သော် အသက်ရှင်သန်ရေးအပြင် ဝမ်းရေးကလည်း ရှိနေပြန်သည်။

ခရီးသွားဧည့်သည်များလည်း မရှိ။ ဘုန်းတော်ကြီးကျောင်းများလည်း အပျက်အစီးပုံများဖြစ်သွားခဲ့ သည်။ ခရီးသွားဧည့်သည်များမရှိပါက ဝင်ငွေလည်းရှိမည်မဟုတ်ပေ။ ခုနစ်စတုရန်းမိုင်ဧရိယာလွှမ်းခြုံမှု ရှိသော အင်းဝမြို့သည် အဆောက်အဦနှင့် ဘုရားစေတီပုထိုး ၉၆၁ ဆူဖြင့် ကြွယ်ဝသော သမိုင်း ကြောင်းရှိသည်။ ထို့ပြင် အင်းဝကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းနိုင်‌ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြထားသည်။ အဆိုပါ ရှေးဟောင်းအုတ်ကျောင်းတော်ကြီးက ကိုဗစ်-၁၉ ရောဂါမတိုင်မီက ခရီးသွားဧည့်သည်ဦး‌ရေ ၁,၀၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ငလျင်မလှုပ်ခတ်မီက ခရီးသွားဧည့်သည်အရေအတွက် ရာနှင့်ချီ၍ ရှိခဲ့သည်ဟု မထက်ထက်ဝင်းက ဆိုသည်။

တစ်ချိန်က သမိုင်းဝင်နေရာဖြစ်ခဲ့ပြီး ယခုအခါ အုတ်ကျိုးအုတ်ပဲ့ပုံဖြစ်နေသော ၎င်း၏မြို့လေးကို ငေးကြည့်လျက် မထက်ထက်ဝင်းမှာ အိပ်မက်များ တစ်စစီပြိုကျပျက်စီးခဲ့ရသည်။ ယင်းကျောင်း တော်ကြီးအား ပြန်လည်ထိန်းသိမ်းနိုင်ဦးမည်လားဆိုသည်ကိုမူ ၎င်းအနေဖြင့် မသိရှိနိုင်ဟု ၎င်းက ပြောခဲ့သည်။ ထိုသို့ဆိုသည့်တိုင် ၎င်းအနေဖြင့် အရှုံးပေးရန်ကိုမူ ငြင်းဆိုလျက် “ကျွန်မတို့ကတော့ ဆက်ပြီးတော့ ကြိုးစားရုန်းကန်ရမှာပေါ့” ဟု ဆိုသည်။ 

ကိုးကား-Xinhua

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ငလျင်ကြောင့် ပြိုကျခဲ့သော မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်၏ စိန်ဖူးတော်နှင့် ဌာပနာပစ္စည်းများကို ရှာတွေ့သည့် လုပ်အားပေးဝန်ထမ်းများက တာဝန်ရှိသူများထံ အပ်နှံ

News Image

ငလျင်ကြောင့် ပြိုကျခဲ့သော မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်၏ စိန်ဖူးတော်နှင့် ဌာပနာပစ္စည်းများကို ရှာတွေ့သည့် လုပ်အားပေးဝန်ထမ်းများက တာဝန်ရှိသူများထံ အပ်နှံ

မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျခဲ့သော မဟာမြတ်မုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ဂန္ဓကုဋိတိုက်၏ စိန်ဖူးတော်နှင့် ဌာပနာပစ္စည်းများအား ရှာတွေ့သည့် လုပ်အားပေးဝန်ထမ်းများက တာဝန်ရှိသူများထံ ပြန်လည် အပ်နှံခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထိုင်းဘုရင်စနစ်ကို ပုတ်ခတ်စော်ကားမှုဖြင့် တရားစွဲခံရပြီးနောက် အမေရိကန်ပညာရှင် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရနိုင်

News Image

ထိုင်းဘုရင်စနစ်ကို ပုတ်ခတ်စော်ကားမှုဖြင့် တရားစွဲခံရပြီးနောက် အမေရိကန်ပညာရှင် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရနိုင်

ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်ပညာရှင် တစ်ဦး သည် ဘုရင်စနစ်ကို ပုတ်ခတ်စော်ကားမှုဖြင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရနိုင်ကြောင်းသိရှိရသည်။ထိုင်း၏ တင်းကျပ်သော ဘုရင်စနစ်ကို မထီမဲ့မြင်ပြုမှုဆိုင်ရာဥပဒေဖြင့် နိုင်ငံခြားသား တစ်ဦး တရားစွဲခံရသည့် ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်သည်။

ထိုင်းနိုင်ငံအလယ်ပိုင်းရှိ Naresuan တက္ကသိုလ်မှ ကထိက Paul Chambers (ထိုင်းနိုင်ငံ၏ စစ်တပ်နှင့် နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်များ ရေးသားသူ) အား ဧပြီ ၈ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခံခဲ့ရသည်။