အမေရိကန်ဆီးနိတ်အမတ်က ၉/၁၁ ဖြစ်ရပ်အား နောက်ထပ်စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ကြောင်း ပြောကြား
ရီပတ်ဘလီကန် ဆီးနိတ်အမတ် Ron Johnson က ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ဖြစ်စဉ်အမှန်အပေါ် အစိုးရ၏ရှင်းလင်းချက်များနှင့် သက်သေအထောက်အထားများနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသည့် မေးခွန်းများကို ကိုးကား၍ အမေရိကန်ကွန်ဂရက်လွှတ်တော်မှ နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အကြံပြုခဲ့သည်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ တွင် အယ်လ်ကိုင်ဒါ အကြမ်းဖက်သမား များသည် ခရီးသည်တင်လေယာဉ် ၄ စီး ကို ပြန်ပေးဆွဲခဲ့ပြီး ၎င်းတို့ အနက် ၂ စီးသည် နယူးယောက်မြို့ရှိ World Trade Center မျှော်စင် နှစ်ခုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တတိယလေယာဉ်သည် ပင်တဂွန် (အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန) ကို တိုက်ခိုက်ခဲ့ပြီး၊ စတုတ္ထမြောက် လေယာဉ်မှာ ပဲန်ဆယ်ဗေးနီးယား ပြည်နယ်ရှိ လယ်ကွင်းတစ်ခုအတွင်း ပျက်ကျခဲ့သည်။ National Institute of Standards and Technology (NIST) ၏ အဆိုအရ၊ World Trade Center Building 7 သည် အနီးရှိ အခြားမျှော်စင်မှ ပြိုကျသည့် အမှိုက်သရိုက်များကြောင့် မီးလောင်ပြီး ပြိုလဲခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဆီးနိတ်အမတ် Johnson သည် ဧပြီ ၂၂ ရက်(တနင်္လာနေ့) တွင် ထုတ်လွှင့်ခဲ့သည့် အမွန်ခံမှုဝါဒီ Benny Johnson ၏ တွေ့ဆုံမေးမြန်းချက်တစ်ခုအတွင်း Building 7 ၏ ပြိုလဲမှုအပါအဝင် ၉/၁၁ စုံစမ်းစစ်ဆေးမှု၏ အချို့သောအချက်များကို မေးခွန်းထုတ်ခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂