ပင်လယ်ပြင်မှ ကာဗွန်စုပ်ယူမယ့် ဗြိတိန်
News Image

ပင်လယ်ပြင်ဆိုတာ ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အများဆုံး စုပ်ယူပေးနေတာဖြစ်ပါတယ်။ အခု ဗြိတိန်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ SeaCURE လို့ခေါ်တဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။ ဒီအစီအစဉ်ရဲ့အဓိက ရည်ရွယ်ချက်က ရာသီဥတုပြောင်းလဲမှု ကိုတိုက်ဖျက်ဖို့အတွက် နည်းပညာကို ရှာဖွေဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ လုပ်ဆောင်သွားမယ့်အရာက ပင်လယ်ပြင်ထဲကနေ ကာဗွန်တွေကိုစုပ်ယူခြင်းပါပဲ။