အမေရိကန်နှင့် အီရန်ကြား တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့်ပြော

News Image

အမေရိကန်နှင့် အီရန်ကြား တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နှင့်အီရန်တို့သည် နျူကလီးယားသဘောတူညီချက်အတွက် တိုက်ရိုက်ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဒေါ်နယ်ထရမ့်သည် အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုနှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် အချိန် အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် အီရန်နှင့် အမေရိကန်ကြား အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုတစ်ခု ကို လာမည့်ဧပြီလ(၁၂)ရက်နေ့တွင် အိုမန်နိုင်ငံ၌ ကျင်းပသွားမည်ဟုလည်း ဒေါ်နယ်ထရမ့်က‌ ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က “မိမိတို့ အနေ ဖြင့် အလွန်ကြီးမားသည့် ဆွေးနွေးမှုတစ်ခု လုပ်ဆောင်ရန်ရှိကြောင်း၊ ဖြစ်လာန

“ရှင်ကန်ဆန် အနမ်း” - ကမ္ဘာတစ်ဝှမ်းက ရထားဝါသနာရှင်များကို ဆွဲဆောင် နေသော ဂျပန်၏ လူသိမများသေးသည့် အံ့ဖွယ်မြင်ကွင်း

News Image

“ရှင်ကန်ဆန် အနမ်း” - ကမ္ဘာတစ်ဝှမ်းက ရထားဝါသနာရှင်များကို ဆွဲဆောင် နေသော ဂျပန်၏ လူသိမများသေးသည့် အံ့ဖွယ်မြင်ကွင်း

“ရှင်ကန်ဆန် အနမ်း” - ကမ္ဘာတစ်ဝှမ်းက ရထားဝါသနာရှင်များကို ဆွဲဆောင် နေသော ဂျပန်၏ လူသိမများသေးသည့် အံ့ဖွယ်မြင်ကွင်း

ဂျပန်နိုင်ငံ၏ နာမည်ကျော် ရှင်ကန်ဆန် အမြန်ရထားများတွင် ထူးဆန်း သည့်အလေ့အထတစ်ခုရှိပါသည်။ ထိုအရာမှာ မတူညီသော ရထားလိုင်း နှစ်ခု ဖြတ်သန်းသည့်အခါ ရထားခေါင်းနှစ်ခု ခပ်နီးနီး ဖြတ်သွားသည့် အချိန်တွင် အနမ်းတစ်ခုကဲ့သို့ ထင်ရသော အံ့ဖွယ်မြင်ကွင်းပင် ဖြစ်ပါသည်။

အိန္ဒိယ၏ အိမ်နီးချင်း ဦးစားပေးမူဝါဒ အကျိုးအမြတ်ကို ငလျင်ဘေးနှင့်အတူ ခံစားသိရှိရ

Posted_Date

Image

အိန္ဒိယ၏ အိမ်နီးချင်း ဦးစားပေးမူဝါဒ အကျိုးအမြတ်ကို ငလျင်ဘေးနှင့်အတူ ခံစားသိရှိရ

Body

အိန္ဒိယ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First) အယူအဆသည် (၂၀ဝ၈) ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော်လည်း မိုဒီ လက်ထက် (၂၀၁၄) ခုနှစ်တွင်သာ အကောင်အထည်ဖော်ဆောင် ရွက်ရန် တွန်းအားပေးမှုများရရှိခဲ့သည်။ယင်းမူဝါဒသည် ရလဒ်ကိုသာဦးတည်ပြီး အပြန်အလှန် အကျိုး မမျှော်ကိုးဘဲ အခြေခံအားဖြင့် အိမ်နီးချင်းများနှင့် ခိုင်မာပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မွေးမြူ ထူထောင်နိုင်ရန် ရည်ရွယ်နေသည်။ ယင်းမူဝါဒသည် အခြေခံအဆောက်အအုံ မြှင့်တင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒီဂျစ်တယ်၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် အတူ အိမ်နီးချင်းနိုင်ငံများနှင့်အချင်းချင်း ချိတ်ဆက်မှုတိုးမြှင့်ရေးတို့ကို အာရုံစိုက်ထားသည်။ အိမ်နီးချင်း ဦးစားပေး မူဝါဒအရ အိန္ဒိယ၏ မဟာဗျူဟာနှင့်လုံခြုံရေးဆိုင်ရာတွက်ချက်မှုတွင် အရှေ့တောင်အာရှ ကို ပြန်လည် ဦးစားပေးလာခဲ့သည်။အိန္ဒိယသည် လုံခြုံရေး၊ မဟာဗျူဟာနှင့် အခြေအနေအကြောင်း အရင်းများစွာကြောင့် တောင်အာရှတွင် အခိုင်အမာ တည်ရှိနေသည်။ အိန္ဒိယနှင့် ၎င်း၏အိမ်နီးချင်းများ သည် နယ်နိမိတ်ချင်းထိစပ်နေခြင်းနှင့်အတူ လူမျိုးရေး၊ သမိုင်းဝင်၊ ယဉ်ကျေးမှုဆိုင်ရာ နီးစပ်မှုများဖြင့် ချည်နှောင်ထားကြသည်။ရည်ရွယ်ချက်အားဖြင့် မည်သို့ပင်ခိုင်မာစေကာမူ ယင်းမူဝါဒသည် ထောင်စုနှစ် အစပိုင်းကတည်းက အပြောင်းအလဲများကိုကြုံတွေ့ခဲ့ရသည်။ဆယ်စုနှစ်ကုန်ပိုင်းတွင် ဘူတန်၌ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊နီပေါ၊မော်လ်ဒိုက်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံရေးမတည်ငြိမ်မှု များနှင့် သီရိလင်္ကာ ပြည်တွင်းစစ်တို့က အိန္ဒိယအတွက် အကျပ်ရိုက်စေခဲ့ပြီး စိန်ခေါ်မှုအသစ်များ ဖြစ်လာစေခဲ့သည်။ထိုအချိန်က ပြည်တွင်း၌လည်း အမျိုးမျိုးသောပဋိပက္ခများကြောင့် အိန္ဒိယအစိုးရ သည် ထွန်းသစ်စ တရုတ်နိုင်ငံကို ကျော်တက်ဖို့ရာ အခက်အခဲများစွာရှိခဲ့သည်။ ထို့နောက် (၂၀၁၄) ခုနှစ်တွင် BJP အစိုးရသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို ပြန်လည်အာရုံစိုက်ရန်ကြိုးပမ်း လာခဲ့သည်။မိုဒီ၏ အိမ်နီးချင်းဦးစားပေးမူဝါဒအရ အိန္ဒိယနိုင်ငံသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီနှင့် သဘာဝဘေးတုံ့ပြန်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊နိုင်ငံရေးအရ ထိတွေ့ဆက်ဆံ မှုများ၊ရင်းနှီးမြှုပ်နှံမှုများနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ ကျယ်ပြန့်လာခဲ့ပြီး အဆိုပါနိုင်ငံများ၏ အကျိုးစီးပွားများကို ပိုမိုမြော်မြင်လာခဲ့သည်။ အိန္ဒိယသည် ပူးပေါင်းဆောင်ရွက်မှု၊ပူးပေါင်းပါဝင်မှုများ ကိုအရှိန်မြှင့်တင်ရန်နှင့် ၎င်း၏ လုံခြုံရေးအကျိုးစီးပွားများ၊ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို မြှင့်တင်ရန်အတွက် မိတ်ဖက်အစိုးရများ၊ ခေါင်းဆောင်များ၊ ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဆတိုးမြှင့်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုနှင့် စီးပွားရေးအင်အားကြောင့် မိတ်ဖက်အစိုးရများသည်ပင် တရုတ်ကို လွန်ဆန်၍မရကြောင်း သိမြင်လာခဲ့သည်။ ထို့နောက် မိုဒီသည် ၎င်း၏ မူဝါဒကို အတင်းအကျပ်ပြုခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကြား မျှတအောင်ထိန်းညှိပေးထားပြီး တင်းကြပ် သော အစီအမံများက ပို၍သိမ်မွေ့လာခဲ့သည်။အစောပိုင်း အတင်းအကျပ်ပြုသည့် အစီအမံများတွင်နီပေါနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မော်လ်ဒိုက်နိုင်ငံအပေါ် စစ်ရေးအရ အင်အားပြခြင်းတို့ ပါဝင်ခဲ့သော်လည်း ယခုအခါ အိန္ဒိယဈေးကွက်များသို့ ဝင်ရောက်ခွင့်ပေးခြင်းနှင့် အကူအညီများပေးခြင်း တို့အပေါ် အဓိကထားအာရုံစိုက်လာခဲ့သည်။ အတင်းအကျပ်ပြုသည့် အစီအမံများကို အသုံးပြုခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးရာများတွင်ပါဝင်ခြင်းသည် ယင်းနိုင်ငံများကို အိန္ဒိယနိုင်ငံနှင့် ပို၍ဝေးကွာစေပြီး အခြားရွေးချယ်စရာဖြစ်သော တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စေမည်ကို နားလည် သဘောပေါက်လာခဲ့သည်။မူဝါဒ၏ အဓိကလက်နက်ကိရိယာတစ်ခုမှာ ဆက်သွယ်ရေးနှင့်စီးပွားရေး ဆက်စပ်မှုများမှ တစ်ဆင့် အိမ်နီးချင်းများနှင့် အပြန်အလှန်မှီခိုမှုများ၊ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးရန်ဖြစ်သည်။အပြန်အလှန်မှီခိုမှုများမှတစ်ဆင့် တရုတ်ဩဇာကို တန်ပြန်နိုင်ပြီး ၎င်း၏လုံခြုံ ရေးကို အားကောင်းစေကာ ၎င်း၏အကျိုးစီးပွားများကိုမြှင့်တင်နိုင်သည်ဟု အိန္ဒိယက ယုံကြည်လာသည်။ထို့ကြောင့် အိန္ဒိယသည် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့နှင့်အတူ လမ်း၊ ရထား၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်း ဆိပ်ကမ်းဆက်သွယ်ရေးဆိုင်ရာစီမံကိန်းပေါင်း(၁၀ဝ)ကျော်ကို စတင်ခဲ့သည်။အိမ်နီးချင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ကူညီရန် ထောက်ပံ့ငွေများ နှင့်အတူ အတိုးနှုန်း (၁ ဒသမ ၅) ရာခိုင်နှုန်းမှ (၁ ဒသမ ၇၅) ရာခိုင်နှုန်းဖြင့် ချေးငွေများ ပေးအပ်ခဲ့ သည်။(၂၀၁၅) ခုနှစ်တွင် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ(၂ ဒသမ ၈) ဘီလီယံ၊ နီပေါနိုင်ငံသို့ (၁ ဒသမ ၃) ဘီလီယံ၊ သီရိ လင်္ကာနိုင်ငံသို့ (၁ ဒသမ ၇) ဘီလီယံနှင့် မော်လ်ဒိုက် နိုင်ငံသို့ သန်း(၈၀)တန်ဖိုးရှိချေး ငွေများ ချပေးခဲ့သည်။ ထိုကဲ့သို့လုပ်ဆောင်ချက်များသည် အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကိုဖြည့်ဆည်းပေးခဲ့ပြီး စီးပွားရေး အခက် အခဲများနှင့် ရင်ဆိုင်နေရသော တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများကို အထောက်အကူဖြစ်စေခဲ့သည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများသည် ပထဝီနိုင်ငံရေးအရ အိန္ဒိယအပေါ် တဖြည်းဖြည်း ယုံကြည် ကိုးစား လာကြသည်။ အိန္ဒိယ၏မူဝါဒသည် ကိုဗစ်ကပ်ရောဂါ၊ ယူကရိန်းပဋိပက္ခနှင့်အတူ ပေါ်ပေါက် လာသော စွမ်းအင်နှင့်စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များဖြစ်ပွားချိန် ကဲ့သို့သော အခက်အခဲကြုံတွေ့ရချိန်များတွင်လည်း ၎င်း၏အိမ်နီးချင်းနိုင်ငံများကို မျက်ကွယ်ပြု မထားခဲ့ပါ။ အိမ်နီးချင်းနိုင်ငံများတွင် ဘေးအန္တရာယ်တစ်စုံတစ်ရာပေါ် ပေါက်လာ ချိန်တိုင်း အိန္ဒိယသည် ပထမဦးဆုံး တုံ့ပြန်သူဖြစ်သည်သာမက ၎င်း၏ အိမ်နီးချင်းနိုင်ငံများအတွက် ဘေးကင်းလုံခြုံရေး ကွန်ရက်တစ်ခုလည်း ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ယင်းမူဝါဒမှ အကျိုးအမြတ်များစွာ ရရှိခံစားနေသည်။ အိန္ဒိယသည် မည်သည့်အစိုးရ၊ မည်သည့်အုပ်ချုပ်မှုပုံစံတွင်ဖြစ်စေ မြန်မာနိုင်ငံအား အလေးထား ပြုမူဆက်ဆံခဲ့သည့်နိုင်ငံဖြစ်ခဲ့သည်။ မကြာသေးမီက မတ်လ (၂၈) ရက် တွင် ကြုံတွေ့ခဲ့ရသော ငလျင် ဘေးအန္တရာယ် ကျရောက်ချိန်တွင်လည်း အိန္ဒိယအစိုးရသည် မြန်မာနှင့် တစ်သားတည်း ရပ်တည်ပေး ခဲ့သည်။ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဝမ်းနည်းကြောင်း တိုက်ရိုက်ဆက်သွယ် စကားပြောကြား၍ မြန်မာ့အကျပ်အတည်း ကာလ အတွင်း အိန္ဒိယက တစ်သားတည်းရပ်တည်လျက် ရှိနေကြောင်း မိုဒီ၏ လူမှုကွန်ရက် X စာမျက်နှာ ထက်တွင် ရေးသားဖော်ပြခဲ့သည်။ မြန်မာနိုင်ငံကို အကြီးအကျယ်ပျက်စီးစေခဲ့သော ငလျင်ကြီး အပြီး တွင် အိန္ဒိယနိုင်ငံသည် “ဗြဟ္မာစစ်ဆင်ရေး” အမည်ဖြင့် နိုင်ငံအတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးတို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်။ ငလျင် ဖြစ်ပွားပြီး (၂၄) နာရီပင်မပြည့်သော အချိန် ကာလအတွင်းမှာပင် လေယာဉ်ဖြင့် အရေးပေါ်အကူအညီများ ပေးပို့ခဲ့သည်။ အဆိုပါ အရေးပေါ် အကူအညီများတွင် စောင်၊တာပေါ်လင်မိုးကာ၊ သန့်ရှင်းရေးပစ္စည်းများ၊sleeping bags၊ နေရောင်ခြည် သုံးမီးအိမ်များ၊အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်များအရသိရသည်။ ထို့ပြင် ပြီးခဲ့သည့် တနင်္လာနေ့ (မတ်လ၃၁ ရက်) ကလည်း အိန္ဒိယ စစ်ရေယာဉ်နှစ်စင်းဖြင့် တန်ချိန် (၅၀)ရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပေးပို့လာခဲ့ပြန်သည်။ လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက လေယာဉ် (၅) စင်း အပြင် စစ်ရေယာဉ် (၅) စင်းစာ အထောက်အပံ့များ ပေးပို့ကူညီလာကြောင်းတွေ့ရသည်။ ထို့ပြင် အိန္ဒိယ သည် အထူးပြုရှာဖွေကယ်ဆယ်ရေးကိရိယာများဖြစ်သည့် ကွန်ကရစ်ဖြတ်စက်များ၊တူးဖော်စက် များနှင့် ခွေးတပ်သားများအပါအဝင် အဖွဲ့ဝင် (၈၀) ပါဝင်သော အမျိုးသားသဘာဝဘေး တုံ့ပြန်ရေး တပ်ဖွဲ့ (NDRF) ကိုလည်း စေလွှတ်ခဲ့သည်။အဆိုပါအဖွဲ့သည် အပျက်အစီးများအောက်တွင် ပိတ်မိ နေသော အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ဂျေဆဝါလ်က တူရကီနှင့် ဆီးရီးယားနိုင်ငံတို့တွင် ဆောင်ရွက်ခဲ့သော“Operation Dost”ကဲ့သို့ ယခင်အကူအညီပေးရေးမစ်ရှင် များကိုကိုးကား၍ ဒေသတွင်း သဘာဝဘေးအန္တရာယ်များတွင် အိန္ဒိယသည် “ပထမဦးဆုံးတုံ့ပြန်သူ” ဖြစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံအား ထောက်ပံ့ပေးနေသော “ဗြဟ္မာစစ်ဆင်ရေး” နှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ “ကမ္ဘာကြီးသည် မိသားစုတစ်ခု တည်းသာဖြစ်သည်”ဟူသော အယူအဆကိုရည်ညွှန်း၍ ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ကူညီ ဖေးမမှုများက ထိုအယူအဆကို အားဖြည့်ပုံဖော်လျက်ရှိကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောကြား ခဲ့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံအတွက် ရှေ့အစဉ်အဆက်ကတည်းက အိမ်နီးချင်းနိုင်ငံကောင်း ဖြစ်ပေးခဲ့သည်။ယခုကဲ့သို့ ဘေးအန္တရာယ်များကြုံတွေ့ရချိန်တွင် ၎င်းတို့၏ ဖေးမကူညီမှုများကို ပို၍ပင် ခံစားသိမြင်လာရသည်။ အိန္ဒိယအနေဖြင့် ၎င်း၏အိမ်နီးချင်းဦးစားပေးမူဝါဒအရ အိမ်နီးချင်းနိုင်ငံများ အပေါ် ကောင်းမွန်စွာဆက်ဆံပေးနေသည်ဆိုစေကာမူ မိတ်ဖက်နိုင်ငံများအပေါ် ချည်နှောင်မှုမရှိသော ထိုအကူအညီများကြောင့် အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဆက်ဆံရေးက အချိန်ကြာလာ သည်နှင့်အမျှ တိုးတက်လာရန်လမ်းသာရှိပါကြောင်း ရေးသားလိုက်ရပါသည်။

 

ဂျပန်နိုင်ငံ၏ သံတမန်ရေးရာ နှစ်ပတ်လည်အစီရင်ခံစာ၌ ရုရှား-မြောက် ကိုရီးယား ချိတ်ဆက်မှုအပေါ် စိုးရိမ်ကြောင်းဖော်ပြ

News Image

ဂျပန်နိုင်ငံ၏ သံတမန်ရေးရာ နှစ်ပတ်လည်အစီရင်ခံစာ၌ ရုရှား-မြောက် ကိုရီးယား ချိတ်ဆက်မှုအပေါ် စိုးရိမ်ကြောင်းဖော်ပြ

ဂျပန်နိုင်ငံ၏ သံတမန်ရေးရာ နှစ်ပတ်လည်အစီရင်ခံစာ၌ ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြင့် လာခြင်းသည် ယူကရိန်း၏အခြေအနေကို ပိုမိုဆိုးရွားစေရုံသာမက ဂျပန် ပတ်ဝန်းကျင်ရှိ ဒေသန္တရလုံခြုံရေးအရလည်း အလွန်အလေးထားသင့် ကြောင်း ထောက်ပြထားသည်။

ဧပြီ ၈ ရက် (အင်္ဂါနေ့) ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြခဲ့သော Diplomatic Bluebook သည် လွန်ခဲ့သောနှစ်အတွင်း နိုင်ငံတကာအခြေအနေနှင့် ဂျပန်နိုင်ငံ၏ သံတမန်ရေးရာ အကျဉ်းချုပ် ဖြစ်ပါသည်။