ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် သတိပေးချက်တစ်ခု ကို အမေရိကန်စစ်ဘက်ထုတ်ပြန်

News Image

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် သတိပေးချက်တစ်ခု ကို အမေရိကန်စစ်ဘက်ထုတ်ပြန်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်သည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် သတိ‌ပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ဗုံးကြဲတိုက်ခိုက်မှုများက ပိုမိုဆိုးရွားလာလိမ့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပင်လယ်နီအတွင်း ရေကြောင်းသွားလာမှု များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ဟူသီ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို သီတင်းပတ်သုံးပတ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေး ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထို့အပြင် ပီတီဟတ်ဆတ်သည် ဆော်ဒီအာရေဗျကာကွယ်ရေးဝ

ရုရှားနှင့် ထပ်မံပြုလုပ်မည့်အစည်းအဝေး၏ ရက်စွဲနှင့် အစီအစဉ်များကို ဝါရှင်တန်ကြေညာ

News Image

ရုရှားနှင့် ထပ်မံပြုလုပ်မည့်အစည်းအဝေး၏ ရက်စွဲနှင့် အစီအစဉ်များကို ဝါရှင်တန်ကြေညာ

အမေရိကန်-ရုရှား သံတမန်ဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်သည့် ထပ်မံကျင်းပမည့် ဆွေးနွေးပွဲကို ဧပြီ ၁၀ ရက် (ကြာသပတေး) နေ့တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

ဝါရှင်တန်နှင့် မော်စကိုတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တာဝန်ယူချိန်မှစ၍ အဆင့်မြင့်အစည်းအဝေးများ မကြာခဏပြုလုပ်ခဲ့ပြီး လာမည့်ရက်အနည်းငယ်အတွင်း နောက်ထပ်ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၈ ရက် (အင်္ဂါ) နေ့က ထုတ်ပြန်ခဲ့သည်။

ငလျင်ဒဏ်သင့်ဒေသများအတွက် အော်ပရေတာများအားလုံး အခမဲ့ စာတို ပေးပို့မှုကို ဧပြီ ၁၁ ရက်အထိထပ်မံတိုးပေး

News Image

ငလျင်ဒဏ်သင့်ဒေသများအတွက် အော်ပရေတာများအားလုံး အခမဲ့ စာတို ပေးပို့မှုကို ဧပြီ ၁၁ ရက်အထိထပ်မံတိုးပေး

ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် အခမဲ့စာတိုပေးပို့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးထားရာ ယခုအခါ ဧပြီ ၁၁ ရက်အထိ ထပ်မံတိုးပေးလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ထုတ်ပြန်ထားသည်။

အဆိုပါ အခမဲ့ဝန်ဆောင်မှုကို မူလက ဧပြီ ၅ ရက် အထိ အော်ပရေတာ များ ကအခမဲ့ဆောင်ရွက်ပေးထားရာ ယခုတွင် MPT၊ ATOM ၊ MYTEL ၊ Ooredooစသည့် အော်ပရေတာများအားလုံးက ငလျင်ဒဏ်သင့်ဒေသ များရှိပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် ယခုကဲ့သို့ထပ်တိုး၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှားဘီလျံနာအရေအတွက် တိုးလာ

News Image

ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှားဘီလျံနာအရေအတွက် တိုးလာ

ရုရှားနိုင်ငံ၏စီးပွားရေးကို မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်သည့် အနောက် အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း လွန်ခဲ့သည့် နှစ်တွင် ရုရှားဘီလျံနာအရေအတွက်မှာ တိုးလာခဲ့ကြောင်း Forbes World's Billionaires စာရင်းအရသိရသည်။ ထို့ပြင် (၂၀၂၅) ခုနှစ်၏ နှစ်စဉ်ဘီလျံနာအဆင့်သတ်မှတ်ချက်တွင် ရုရှားနိုင်ငံသားအသစ် (၁၅) ဦး၏ နာမည်များပါဝင်လာခဲ့ပြီး စုစုပေါင်း ရုရှားဘီလျံနာ (၁၄၆) ဦးဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။