ရှန်ကျိုး-၁၉ ကမ္ဘာမြေပေါ်သို့ အောင်မြင်စွာ ဆင်းသက်ရောက်ရှိ
တရုတ်အာကာသယာဉ်မှူးများ လိုက်ပါလာသည့် ရှန်ကျိုး-၁၉ အာကာသယာဉ်သည် တရုတ်၏ ပတ်လမ်းဆိုင်ရာ အာကာသစခန်းတွင် ခြောက်လကြာလုပ်ငန်းတာဝန်ထမ်းဆောင်ပြီးနောက် ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ဆိုက်ရောက်လာကြောင်း CCTV က သတင်းထုတ်ပြန်သည်။
တရုတ်အာကာသယာဉ်မှူးများဖြစ်သည့် Cai Xuzhe၊ Song Lingdong နှင့် Wang Haoze တို့ကို လိုက်ပါလာသည့် ရှန်ကျိုး-၁၉ အာကာသယာဉ်သည် တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ဒေါင်ဖျင် ဆင်းသက်ရာနေရာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါသည်။
ရှန်ကျိုး-၁၉ အာကာသယာဉ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျိုကျွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category