ရန်ကုန်-ပဲခူးကားလမ်းတွင် လမ်းဘေးရပ်ထားသည့် ၁၈ ဘီးကားကို ၆ ဘီးကားကအနောက်မှဝင်တိုက် ၁ ဦး‌သေဆုံး

News Image

ရန်ကုန်-ပဲခူးကားလမ်းတွင် လမ်းဘေးရပ်ထားသည့် ၁၈ ဘီးကားကို ၆ ဘီးကားကအနောက်မှဝင်တိုက် ၁ ဦး‌သေဆုံး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ရန်ကုန်-ပဲခူးကားလမ်းမကြီးပေါ်တွင် လမ်းဘေးရပ်ထားသည့် ၁၈ ဘီးကားကို ၆ ဘီးကားမှဝင်တိုက်မိခဲ့မှု မေလ ၄ ရက် မွန်းတည့် ၁၂ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာရှိ ရန်ကုန်-ပဲခူးကားလမ်းမဘေးတွင်ရပ်ထားသော NISSAN (၁၈)ဘီးကားအား MITSUBISHI CANTER (၆)ဘီးကားက အရှိန်မထိန်းနိုင်ဘဲနောက်မှဝင်တိုက်မိကာ ကားခေါင်းခန်းအတွင်း၌ လူညပ်နေသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မနီလာလေဆိပ် ဝင်ပေါက်အတွင်း ယာဉ်တိုက်မှုဖြစ်၍ လူနှစ်ဦး သေဆုံး

News Image

မနီလာလေဆိပ် ဝင်ပေါက်အတွင်း ယာဉ်တိုက်မှုဖြစ်၍ လူနှစ်ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ နီနွိုင်အကွီနို နိုင်ငံတကာလေဆိပ်(အင်န်အေအိုင်အေ) ဝင်ပေါက်အတွင်း မေလ ၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် လေးနှစ်အရွယ် မိန်းကလေးအပါအဝင် လူနှစ်ဦး ‌သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

ယာဉ်သည် အင်န်အေအိုင်အေ တာမင်နယ်ဝမ်း ဝင်ပေါက်အနီးရှိ အပြင်လက်ရန်းကို ဝင်တိုက်ကာ လျှောက်လမ်းအတွင်း ဝင်ရောက်ခဲ့သည်ဟု ယာဉ်တိုက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် လေဆိပ်က ပြောကြားခဲ့သည်။

သွေးတွင်းသကြားဓာတ်ပါဝင်မှု မြင့်မားနေသူ ဆယ်ကျော်သက်များ နှလုံးခုန်ရပ်တန့်နိုင်ခြေမြင့်မား

News Image

သွေးတွင်းသကြားဓာတ်ပါဝင်မှု မြင့်မားနေသူ ဆယ်ကျော်သက်များ နှလုံးခုန်ရပ်တန့်နိုင်ခြေမြင့်မား

ဟယ်လ်ဆင်ကီး  မေ ၂

သွေးတွင်းသကြားဓာတ်ပါဝင်မှုမြင့်မားနေသော ဆယ်ကျော်သက်များသည် နှလုံးခုန်ရပ်တန့်မှုပြဿနာနှင့် ရပ်ဆိုင်ရနိုင်ခြေမြင့်မားနေကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မေ ၁ ရက်သတင်းများအရ သိရသည်။

UAE သမ္မတ အယ်လ်နာဟာယန်ကို ကျေးဇူးတင်ကြောင်း ပူတင် ပြောကြား

News Image

UAE သမ္မတ အယ်လ်နာဟာယန်ကို ကျေးဇူးတင်ကြောင်း ပူတင် ပြောကြား

ယူကရိန်း-ရုရှား အကျဉ်းသားလဲလှယ်ရေးလုပ်ငန်းများအတွက် ကူညီခဲ့မှုအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က UAE သမ္မတ မိုဟာမက် ဘင် ဇာယက် အယ်လ်နာဟာယန်နှင့် ဖုန်းဆက်သွယ်ကြရာတွင် ပြောကြားလိုက်ပါသည်။ 

UAE ကြိုးပမ်းမှုများကြောင့် အီစတာပွဲတော်မတိုင်မီ (ဧပြီ ၁၉) တွင် ရုရှားစစ်မှုထမ်း ၂၄၆ ဦးသည် ၎င်းတို့ နေအိမ်ပြန်ရောက်ခဲ့ကြသည် ဟု ကရင်မလင်က ထုတ်ပြန်ထားပါသည်။   UAE ၏ အကျဉ်းသားလဲလှယ်ရေး စီစဉ်မှုများအတွက် ကူညီပေးမှုကို ပူတင်က ချီးကျူးခဲ့ပါသည်။