ယူကရိန်းသည် သတ္တုတူးဖော်ရေး သဘောတူညီချက်ကို ဧပြီ ၃၀ ရက် (ဗုဒ္ဓဟူးနေ့) မှာပင် အမေရိကန်နှင့် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိ

News Image

  • ယူကရိန်းသည် သတ္တုတူးဖော်ရေး သဘောတူညီချက်ကို ဧပြီ ၃၀ ရက် (ဗုဒ္ဓဟူးနေ့) မှာပင် အမေရိကန်နှင့် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိ

ယူကရိန်းနိုင်ငံသည် အမေရိကန်နှင့် သတ္တုတူးဖော်ရေး သဘောတူညီချက်ကို ဧပြီ ၃၀ ရက် ဗုဒ္ဓဟူးနေ့မှာပင် လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သဘောတူညီချက်တွင် နိုင်ငံနှစ်ခုသည် ယူကရိန်း၏ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အခြေအနေများဖန်တီးရန် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း Bloomberg က ဖော်ပြထားပါသည်။ 

ထို့အပြင် အဆိုပါသဘောတူညီချက်သည် ယူကရိန်း၏ ရေရှည်ပြန်လည်တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ပြုမှုကို အားဖြည့်ပေးမည်ဟု မျှော်မှန်းထားပါသည်။ အမေရိကန်ဘက်ကလည်း ယူကရိန်းအား အနာဂတ်တွင် ထောက်ပံ့နိုင်မည့် စစ်ရေးအကူအညီများကိုသာ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖြစ် အသိအမှတ်ပြုမည် ဟု သဘောတူညီထားပါသည်။ 

သို့သော် ရန်ပုံငွေ၏ လုပ်ငန်းလည်ပတ်မှုစနစ်များကို သတ်မှတ်ထားသည့် နည်းပညာဆိုင်ရာ သဘောတူညီချက် (၂) ခု ကိုမူ လက်ရှိအချိန်တွင် ရေးဆွဲနိုင်ခြင်း မရှိသေးချေ။

အဆိုပါ သဘောတူညီချက်လက်မှတ်ရေးထိုးရန် ယူကရိန်း၏ ဒုတိယဝန်ကြီးချုပ် (၁) Yulia Sviridenko သည် ဝါရှင်တန်သို့ သွားရောက်မည်ဟု သတင်းစာက ဖော်ပြထားသည်။

ကိုးကား- TASS

Photo: Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃