ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား အစိုးရနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

News Image

  • ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား အစိုးရနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဧပြီ ၃၀ ရက်သည် ဗီယက်နမ်စစ်ပွဲပြီးဆုံးခြင်း နှစ် (၅၀) ပြည့်သည့်နေ့ ဖြစ်ပါသည်။ ယခုအခါ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ် (၅၀) ပြည့် အခမ်းအနားကို ဗီယက်နမ်နိုင်ငံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်။ ဗီယက်နမ်နိုင်ငံ၏ ကွန်မြူနစ်ပါတီခေါင်းဆောင်က အဆိုပါအောင်ပွဲသည်ဖိနှိပ်မှုအပေါ် တရားမျှတမှု၏အောင်ပွဲ ဟု ဂုဏ်ပြုပြောကြားလိုက်ပါသည်။

ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ် (၅၀) ပြည့် အခမ်းအနားကို သန်းနှင့်ချီသော ပြည်သူများပါဝင်ဆင်နွှဲနေကြပါသည်။ အလားတူ မြို့တော် ဟိုချီမင်းတွင် နိုင်ငံတော်အဆင့် အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိပါသည်။ အဓိက အခမ်းအနားအဖြစ် စစ်သားထောင်ချီ၍ ချီတက်ပွဲ ပြသခဲ့ကြပြီး ရုရှားထုတ် တိုက်လေယာဉ်များ သရုပ်ပြပျံသန်းပြသခဲ့ကြပါသည်။ ဗီယက်နမ်နိုင်ငံသားများက အနီရောင်အလံများကို လွှင့်ထူကာ မိမိနိုင်ငံအား ချစ်မြတ်နိုးသည့် သီချင်းများ သီဆိုဂုဏ်ပြုခဲ့ကြပါသည်။

တရုတ်နှင့် နွေးထွေးသော ဆက်ဆံရေးကို ပြသသည့်အနေဖြင့် အဆိုပါ အခမ်းအနားတွင် တရုတ်စစ်သား ၁၁၈ ဦးက ဗီယက်နမ်စစ်သားများ၊ ရဲသားများနှင့်အတူ ချီတက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ဖော်ပြထားပါသည်။ ၎င်းမှာ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဗီယက်နမ် ရရှိ ခဲ့သည့် အပြည်ပြည်ဆိုင်ရာထောက်ခံမှုကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ဆိုထားပါသည်။

ထိုသမိုင်းဝင် ၁၉၇၅ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် ကွန်မြူနစ် ခေါင်းဆောင်သည့် မြောက်ဗီယက်နမ်က အမေရိကန်ထောက်ခံသည့် တောင်ဗီယက်နမ်၏ မြို့တော် ဆိုင်ဂွန်ကို သိမ်းပိုက်လိုက်နိုင်ပြီး နိုင်ငံကို ပထမဆုံးသော ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါသည်။ 

ကိုးကား- DW

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃