လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ကိုယ်စားလှယ် အဖွဲ့များ အမေရိကန်သို့ ရောက်ရှိ
News Image

အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်အဖွဲ့များသည် ဇွန်လ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို အတိုက်အခံ အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီမှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ရှာရှီသာရော်က ဦးဆောင်ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများကို တင်ပြဆွေးနွေးမည်ဖြစ်သည်။