နယ်စပ်တင်းမာမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုကို တားမြစ်ပိတ်ပင်

News Image

နယ်စပ်တင်းမာမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုကို တားမြစ်ပိတ်ပင်

ယခုလအတွင်း နှစ်နိုင်ငံနယ်စပ်၌ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာခြင်းကြောင့် ကမ္ဘောဒီးယား နိုင်ငံက ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များတင်သွင်းမှုကို တားမြစ်ပိတ်ပင်လိုက်သည်။ 

ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Sok Veasna က “ယနေ့နံနက်ကစပြီး ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုကို တားမြစ်ထားပြီ” ဟု ဇွန်လ ၁၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။ ၎င်း၏အဆိုအရ နယ်စပ်ဖြတ်ကျော်သွားလာမှုကိုမူ ဆက်လက် ခွင့်ပြုထားဆဲဖြစ်သည်။

ကိယက်ဗ် နှင့် လန်ဒန် တို့သည် 'သွေးစွန်းသော လှုံ့ဆော်မှုများ' စီစဉ်နေသည်ဟု ရုရှားထောက်လှမ်းရေးအေဂျင်စီ သတိပေး

News Image

ကိယက်ဗ် နှင့် လန်ဒန် တို့သည် 'သွေးစွန်းသော လှုံ့ဆော်မှုများ' စီစဉ်နေသည်ဟု ရုရှားထောက်လှမ်းရေးအေဂျင်စီ သတိပေး

ကိယက်ဗ် နှင့် လန်ဒန် တို့သည် ယူကရိန်းပဋိပက္ခကို အရှိန်မြှင့်တင်ရန် နှင့် Moscow နှင့် Washington အကြားအပြန်အလှန်ဆွေးနွေးမှုများကို နှောင့်ယှက်ရန်အတွက် "သွေးစွန်းသော လှုံ့ဆော်မှုများ" အစီအစဉ်ကို စီစဉ် နေကြောင်း ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေးဝန်ဆောင်မှု (SVR) မှ သတိပေးခဲ့သည်။

အစ္စရေးကို တိုက်ခိုက်သည့် အီရန်ဒုံးကျည်အရေအတွက် သိသိသာသာ လျော့နည်းသွားဟုဆို

News Image

အစ္စရေးကို တိုက်ခိုက်သည့် အီရန်ဒုံးကျည်အရေအတွက် သိသိသာသာ လျော့နည်းသွားဟုဆို

အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ဇွန် ၁၆ ရက် ညပိုင်းတွင် အီရန်မှ ပစ်ခတ်သည့် တိုက်ခိုက်မှုတွင် ယခင်ရက်များကဲ့သို့ ဒုံးကျည်များစွာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမရှိဘဲ တစ်ကြိမ်လျှင် ဒုံးကျည်အနည်းငယ်သာ ပစ်လွှတ်ခဲ့သည်ဟု ဆိုသည်။

ကန်ဂျူးအာကာသနည်းပညာကုမ္ပဏီက ပုဂ္ဂလိကသတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့ရေး ဂြိုဟ်တုကွန်ရက်တစ်ခုကိုတည်ဆောက်ရန် စီစဉ်ထား

News Image

ကန်ဂျူးအာကာသနည်းပညာကုမ္ပဏီက ပုဂ္ဂလိကသတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့ရေး ဂြိုဟ်တုကွန်ရက်တစ်ခုကိုတည်ဆောက်ရန် စီစဉ်ထား

ပေကျင်း ဇွန် ၁၇ 
တရုတ်နိုင်ငံ အခြေစိုက် ကန်ဂျူး အာကာသနည်းပညာကုမ္ပဏီသည် ပုဂ္ဂလိကသတင်း အချက်အလက် လက်ဆင့်ကမ်း ပေးပို့ရေးဂြိုဟ်တုကွန်ရက်တစ်ခု ၁၅ ကို တည်ဆောက်ရန် စီစဉ်ထားကြောင်း ဇွန် ၁၆ ရက်သတင်းများ အရ သိရသည်။
မိမိတို့၏ သတင်းအချက်အလက်လက်ဆင့်ကမ်းပေးပို့ရေး ဂြိုလ်တုကွန်ရက်သည် ဝင်ရိုးစွန်းဒေသများအပါအဝင် တစ်ကမ္ဘာလုံးအတွက် ဝန်ဆောင်မှုပေးနိုင်ကြောင်း ကန်ဂျူးကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။ 
ကန်ဂျူးကုမ္ပဏီ ၏ သတင်းအချက်အလက် လက်ဆင့်ကမ်း ပေးပို့ရေး ဂြိုဟ်ကုကွန်ရက်ကို ပတ်လမ်းနေရာ သုံးနေရာ၌ ထားရှိမည့် ဂြိုဟ်တု ၁၃ စင်းဖြင့်

ဖွဲ့စည်းထားမည် ဖြစ်ကြောင်း သိရသည်။